"ရွှမ်နိ..."ခေါ်သံကြောင့်ခြေလှမ်းတွေကတုံ့ခနဲတော့
ဇောင်လိ ညီမဖြစ်သူအနားလျောက်သွားလိုက်ရင်း"ဘယ်တွေသွားနေတာလဲ ဘယ်မှာမှလည်းရှာလို့မတွေ့ဘူး"
ထိုအခါ ရွှမ်နိကခါတိုင်းလိုပင် အပေါ့ပါးဆုံးအပြုံးတစ်ခုဖြင့် ပြန်လည်ချေပလာရင်း ရယ်သွေးလွှမ်းလျက်ပြန်ဖြေလာသည်။
"အကိုကဘာလို့ရှာတာလဲဟင်...အာ..
ပန်းချီထပ်ဆွဲခိုင့်းမလို့ဟုတ်တယ်မလား"ထိုကိစ္စကို ဇောင်လိထပ်မစဉ်းစားချင်တော့မှန်းသိရက်နဲ့ ရွှမ်နိကတမင်စနေချင်းပင်။
"ပါးစပ်ပိတ်ထား...ဒီအကြောင်းထပ်မပြောနဲ့တော့
မေးစရာရှိတယ်... ခုတလောပိုအေးလာတယ်လို့မခံစားရဘူးလား"ခပ်တည်တည်ဖြစ်သွားတဲ့ ရွှမ်နိမျက်နှာက အမူရာပျက်အောင်တော့ဖြစ်မနေ။သို့သော်လည်းခန့်မှန်းရခက်စွာနှင့်ပင်...
"ခံစားရတာပေါ့ ခံစားရတယ်..."
"ဟုတ်လား ငါပဲစိတ်ထင်နေတာမဟုတ်ဘူးပဲ"
.
.
.
.
.
.
.
...............................................,........."အ အရှင်...."
ဝတ်ရုံထဲလျိုဝင်လာတဲ့မမြင်ရလက်တွေက စိတ်လူပ်ရှားဖို့ကောင်းတယ်ဆိုပေမယ့်လည်း
လီရှန်း အနောက်ကိုဘယ်လိုဆုတ်လိုက်မိမှန်းမသိလိုက်ပေ။ဒီလိုအချိန်ဆို အရှင့်ကိုချစ်လှပါတယ်ဆိုတဲ့စိတ်တွေလည်း ဘယ်ရောက်လို့ရောက်မှန်းမသိ။
့မြတ်နိုးရသူနဲ့အတူတူနေတာက ကြည်နူးဖို့ကောင်းသည်ဆိုသည်က တခြားသူတွေအတွက်ပဲဖြစ်လိမ့်မည်။ဒီအရှင်ရဲ့လုပ်ဆောင်ပုံနဲ့ကတော့
ကြည်နူးဖို့မကောင်းပဲငရဲကိုအသို့အလည်သွားရသည့်နှယ် ဆိုးဝါးလှသည်။ထို့ကြောင့်လည်း နှစ်ကိုယ်တူပျော်ပါးချင်သည့်တိုင် လက်မခံနိုင်ဖြစ်နေရသည်။ပြေလျော့လျော့ခါးစီးကြိုးကို ကျစ်နေအောင်လက်နဲ့ဆုတ်ထားပုံက ဖုန်းရွှမ်အားတကယ်စိတ်ပေါက်စေသည်။ ပင်ကိုဒေါသမထွက်တတ်သည့်စိတ်ကလည်း ဒီလူသားနဲ့တွေ့မှပဲပေါက်ကွဲချင်လာသလိုလို...။
![](https://img.wattpad.com/cover/207565266-288-k113150.jpg)
VOCÊ ESTÁ LENDO
The frozen heart of the fire king (Completed)
Fantasiaမီးနတ်အရှင်သခင်နဲ့ လူသားကောင်လေးတို့ကြားက ဘာညာဘာညာ 😒 #မီးနတ်အရှင်သခင်နဲ့ လူသားကောင်လေးတို့ကြားက ဘာညာဘာညာ 😒 #ပေါက်စပိစိ