part 22

19.3K 2K 74
                                    

"လန့်လိုက်တာ..!!
လူသားလေး အသံလေးဘာလေးပေးမှပေါ့"

တံခါးဝကနေ အသံမပေးပဲတောင့်တောင့်ကြီးရပ်ကာ စိုက်ကြည့်နေတဲ့လူသားလေးကြောင့်ရင်းယာန် တကယ်ကြီးနည်းနည်းတော့လန့်သွားရသည်။

"ရင်းယာန်..."

အထဲဝင်မလာသေးပဲ အပေါက်ဝကနေ၍ ထိုခေါ်သံက နည်းနည်းတော့တစ်မျိုးဖြစ်နေတယ်လို့ ရင်းယာန်ခံစားလိုက်မိသည်။
တစ်ဆက်ထဲသိလိုက်ရတာက ထိုလူသားလေးကဘယ်တုန်းကမှ သူ့အားနာမည်တပ်ကာမခေါ်ခဲ့ဖူးသောကြောင့်ပင်။
အမြဲအိမ်ရှေ့စံဟူ၍သာခေါခဲ့သည်မဟုတ်ပါလား။
ထို့ကြောင့် စိတ်ထဲနည်းနည်းတော့သတိကပ်သွားရသည်။

ရင်းယာန်ဘက်ကဘာမှပြန်မဖြေလို့ထင်
လီရှန်းက ကထပ်ပြောလာသည်။

"မင်း...ငါတို့ကသူငယ်ချင်းတွေလို့ပြောခဲ့တယ်မလား
ငါကိုတစ်ခုလောက်ကူညီပါလား.."

တွန်းချိုးသွားတဲ့မျက်ခုံးတွေအောက်က မျက်လုံးစူးစူးတွေက
ထိုလူသားကိုထူးဆန်းသလိုကြည့်နေရင်း အပေါက်ဝကနေခုထိဝင်မလာသေးသည်မို့ အထဲလည်းခေါ်ရသေးသည်။

"အရေးကြီးမဲ့ပုံပဲ လာထိုင်ပြီးပြော"

ထိုသိုခေါ်လိုက်တဲ့အခါ အထဲတော့ဝင်လာပါသည်။
သို့သော်လည်းမထိုင်
ရင်းယန်အနားလျောက်လာပြီး မျက်နှာချင်းဆိုင်မှာရပ်လိုက်ကာဖြင့်

" ရှန်းကူးဆိုတာရှိတယ်မလား ငါကိုသူနဲ့ပေးတွေ့...."

"အိမ်မက်မက်နေတာပဲ"

ပြောလာမဲ့စကားကို နားစိုက်ထောင်နေတဲ့
ရင်းယာန်က ထိုစကားတွေကိုအဆုံးသတ်ခွင့်မပြုချေ။

ထိုချိန်မှစ မျက်နှာတည်သွာတဲ့ရင်းယာန်ကြောင့် လီရှန်းအသနားခံရတော့သည်။

"ကျေးဇူးပြုပြီး ငါသူနဲ့တွေ့လို့ရမလား မင်းကူညီနိုင်တယ်မလား"

ရင်းယာန်ထပ်ပြီး အဲဒီလူသားရဲ့သနားဖွယ်မျက်နှာကိုမကြည့်ချင်တော့တာမို့ ​ကျောခိုင်းပြစ်လိုက်ရသည်။
စိတ်ထဲ၌လည်းဘယ်လိုလုပ်ပြီးများ ရှန်းကူးအကြောင်သိသွားပါလိမ့်ဟူ၍ စဉ်းသားမရဖြစ်နေရင်းနဲ့ပင် လေသံခပ်ပြတ်ပြတ်နဲ့ပြန်ဖြေလိုက်သည်။

The frozen heart of the fire king (Completed) Tahanan ng mga kuwento. Tumuklas ngayon