part 13

22.3K 2.3K 31
                                    


ရို့ထို့ပြောသလိုပါပဲ ။
အရှင့်ရဲ့အဆောင်က အဝေးကနေလှမ်းမြင်ရုံနဲ့တင် သိသိသာသာကွဲထွက်နေပြီး ဒါကအရှင့်အဆောင်ရယ်လို့ တပ်အပ်သိနိုင်တဲ့ပုံစံမျိုးပါတဲ့။

ခမ်းနားတယ်ဆိုတာထက် ပိုတဲ့စကားလုံးရှိခဲ့ရင်တောင် ဖော်ညွန်းလို့ပြီးမည်မထင်တဲ့ အဲဒီအဆောင်က တကယ်ကိုအရှိန်ဝါတွေအပြည့်နဲ့တောက်ပလို့။

သို့ပေသည့်တိုင် ဒါကလီရှန်းလှမ်းမြင်နေရသည်ပါ။လီရှမ်းရပ်နေသည်က ထိုအဆောင်ရဲ့တစ်ဝတ်လောက်ပင် ခမ်းနားခြင်းမရှိပေမယ့် လူသားတစ်ယောက်အနေနဲ့တော့ ပါးစပ်အဟောင်းသားဖြင့်ငေးယူရမဲ့ အဆောင်တစ်ခုရှေ့တွင်ပင်။

လီရှန်းအတင့်ရဲကာ အပြင်မထွက်ရသည့်စကားအား မနာခံသည်တော့မဟုတ်။
ူပြဿနာအကြီးကြီးမဟုတ်လျှင် အပြစ်မယူတတ်ပုံပေါ်သည့် အရှင့်ကြောင့် မကြောက်တတ်တော့တာလည်းဖြစ်မည်။
မည်သို့ပင်ဆိုစေကာမူ လီရှန်းဒီအဆောင်ထဲတော့ဝင်ချင်သည်။
အရှင်လေးယောက်ထဲက ဒုတိယအရှင်ကိုပဲလီရှန်းမြင်ဖူးသည်။
ကျန်တဲ့အရှင်နှစ်ယောက်ကိုရော နောက်ပြီးအရှင့်ကိုရောလီရှန်းမြင်ဖူးချင်သည်။

"ဟုတ်တယ် ငါကလျောက်သွားတာမဟုတ်ဘူး
လမ်းကြုံလို့ဝင်ကြည့်ရုံလေးပဲ"

ဤသို့ ဆုံးဖြတ်ပြီး လီရှန်းအဆောင်ထဲဝင်လာခဲ့သည်။
အဆောင်တံခါးဖွင့်လိုက်တာနဲ့
လတ်ဆက်တဲ့လေက သန့်ရှင်းနေမှန်းသိသာသည်။
လီရှန်းမီးနိုင်ငံတော်ထဲစဝင်လာခဲ့တုန်းက သတိထားမိသလိုလေထုမျိုးပင်။

အမြဲအဆောင်တံခါးပိတ်ထားပုံပေါ်ပေမယ့် သန့်ရှင်းကာ လေထုကစလတ်ဆက်နေပြီး ခြောက်သွေ့နေခြင်းလည်းမရှိ။
နွေးထွေးစိုစွတ်သလိုခံစားချက်မျိုးက ရင်ကိုတစ်မျိုးတစ်မည်တော့အရာထင်စေသည်ပင်။

ခြေလှမ်းနှစ်ဆယ်လောက်အကွာဝေးက တံခါးတစ်ချပ်ကလွဲရင် ဘာမှရှိမနေပဲပြောင်ရှင်းနေသည်။
ထို့ကြောင့်ထိုတံခါးကိုဖွင့်ကာ ထိုအခန်းထဲဝင်ခဲ့တော့ ပုံတူပန်းချီကားတစ်ချပ်ကစီးကြိုနေလေသည်။
ခြေလှမ်းအနေနှင့်ရေတွက်ရင်တော့ဖြင့် ခြေလှမ်းငါးဆယ်အကွာလောက်မှာဖြစ်လောက်ပြီး
ထိုပန်းချီကားထဲက မိန်းကလေး၏အရွယ်စားမှာ သာမာန်လူအရွယ်စားလောက်ပင်ဖြစ်ကာ
နောက်က ဥယျာဉ်တစ်ခုကိုပါပါအောင်ဆွဲထားသေးသည်။
သူမက လိမ္မော်ရောင် တစ်နည်းအားဖြင့် မီးတောက်ညွန့်ရောင်အဝတ်စားကိုဝတ်ဆင်ထားသည်။
အလွှာအထပ်ထပ်က ထိုအရောင်ကိုပဲအနုတစ်ထပ် အရင့်တစ်ထပ် ထပ်ထားကာ နတ်ဖုရားမတစ်ပါးသဖွယ်တင့်တယ်လွန်းသည်။
ခပ်လှလှနုတ်ခမ်းတို့ကို ​ကော့ညွတ်သည်ထိပြုံးထားကာ
ဂုဏ်အသေရည်တောက်ပြောင်မူကိုဖော်ညွန်းနေသလိုနှင့် တည်ငြိမ်အေးဆေးသည့်ပုံကို လက်ရာမြောက်စွာဆွဲထားခြင်းပင်။
စူးရှရှမျက်ဝန်းအစုံမှာ
ပန်းချီကားတစ်ချပ်လို့ပင်ယုံနိုင်ဖွယ်မရှိ။
သူမရဲ့လက်တစ်ဖက်က ဝမ်းဗိုက်နားမှာဝင့်ကြွားစွာထားရှိလျက် ကျန်တစ်ဖက်က လိမ္မောရင့်ရောင်မီးတောက်မီးညွန့်တို့ကိုကိုင်ထားဟန် (ဖော်ပြနေဟန်)ဖြင့်။
သူမရဲ့ရိုက်ဖိအသွယ်သွယ်ကိုပါ ငေးမောမှင်သက်ဖို့ကောင်းအောင် ရေးဆွဲထားသည့်ဒီပန်းချီကားက ထိန်းသိမ်းရေးတောထဲက မြေခွေးမလေးဆွဲပေးသည်တဲ့လား။
သို့ဆိုလျှင်တော့မြေခွေးမလေးမှာအလွန်ပင်တော်သည်ဟုပြောရပေမည်။

The frozen heart of the fire king (Completed) Donde viven las historias. Descúbrelo ahora