part 28

17.3K 1.9K 51
                                    


ညနက်သန်းခေါင်လိုအချိန်မျိုးမှာ
လူရှင်းတဲ့လမ်းမပေါ် တစ်ယောက်ထဲငိုကြွေးနေတဲ့ထိုလူသားက ငါလိုကောင်းကင်မြို့တော်ရဲ့အိမ်ရှေ့စံဖြစ်တဲ့သူရဲ့ တစ်ဦးတည်းသောလူသားသူငယ်ချင်းတဲ့လား။

ရွဲ့ကာရယ်ချင်ပေမယ့်လည်း သနားသည့်စိတ်ကပိုတာကြောင့် မလှောင်ရက်ခဲ့ပဲ
နောက်ဆုံးတော့လည်း မနေနိုင်သည့်သူကပဲ စိတ်ထားကောင်းစွာနဲ့ရှန်းကူးစီသွားရတော့မှာပါပဲ။

.
.
.
.
.
.
.
အချိန်ကမနက်စောစောပင်ရှိလိမ့်ဦးမည်။
ကောင်းကင်မြို့တော်ရဲ့အထက်ပိုင်းတွေကလွဲရင် လုံးဝအသိမခံတဲ့ ဤနေရာအား ဝုရင်းယာန်ရောက်လာခဲ့သည်။

မိစ္ဆာနတ်ဆေးသမားတော်ရှန်းကူးအား ချုပ်ထားသည့်နေရာပင်။
ခပ်ရိုင်းရိုင်းတောထဲတစ်နေရာမှာ လူနေလို့ရတဲ့အိမ်ဆောက်ကာ အချုပ်နှောင်တွေနဲ့ထားခဲ့သည်လေ။
ခုလိုခိုးပြီးလာတွေ့တာကိုတော့ဖြင့်
ဧကရာဇ်ဆိုသည့် ရင်းယာန်ရဲ့ခမည်းတော်ကြီးသိရင်တော့ အပြစ်တစ်ခုခုအပေးခံရမှာသိနေပေမယ့်လည်း
သူငယ်ချင်းဆိုတာက ကူညီကောင်းသည်မဟူတ်ပါလား။

သို့နှင့် ထိုအိမ်ရှေ့ခြေစုံရပ်လိုက်ပြီး.....

"အတင့်ရဲလိုက်တာ အိမ်ရှေ့စံတစ်ယောက်လုံးလာတာတောင်မသိဘူးလား"

ဝံ့ကြွားသည့်စကားကိုဆိုပြီး
အသံတစ်ခုခုထွက်လာမလား ရင်းယာန်စောင့်နေပေမယ့် တိတ်ဆိတ်၍သာနေခဲ့သည်။

"ယုတ်ညံ့တဲ့အတတ်တွေနဲ့မိစ္ဆာကောင် အခုထွက်မလာဘူးလား...!!"

ထိုသို့ဆိုပြီးတာတောင် အခြေကငြိမ်သက်နေဆဲမို့ ရင်းယာန်မူမမှန်တဲ့ခံစားချက်အားခံစားလာရသည်။

"မဟုတ်မှသေနေတာလား
ရှန်းကူးဆိုတဲ့အကောင်ရေ..."

ထိုသို့ဆိုလျက် အိမ်တံခါးအားဝုန်းခနဲကန်ဖွင့်လိုက်သည်။
ပြောင်ရှင်းနေသည့်ကြမ်းပြင်နဲ့ ဘာမှမရှိသည့်အိမ်အတွင်းပိုင်းကြောင့် ရင်းယာန်ဖျားပါဖျားချင်လာသည်။
သို့သော်လည်းဘယ်နတ်ကများဖျားလို့လဲ။

အစအနမပြောနဲ့လူရိပ်လူယောင်ပင်မတွေ့တော့ အနားပတ်ဝန်ကျင်တလျောက်ထိ
လိုက်ရှာခဲ့ပေမယ့် လုံးလုံးမတွေ့ပေ။
ထိုအိမ်စီပြန်လာခဲ့ပြီး အချုပ်နှောင်ကိုစစ်ဆေးကြည့်တော့ ဘေးပက်ပက်လည်က အတားအဆီးတွေမှာကောင်းတိုင်းပင်ရှိနေသေးသည်။
ရင်းယာန်တစ်ယောက် အခြေအနေအားခေါင်းပေါက်မတတ်စဉ်းစားနေရင်းကနေ အပေါ်ကိုဖြည်းငြင်းစွာမော့ကြည့်လိုက်မိသည်။

The frozen heart of the fire king (Completed) Onde histórias criam vida. Descubra agora