19K 76 4
                                    

ရန်ငြှိုးပြင်းတဲ့ ချစ်သည်းရှင် * အပိုင်း ( 1 ) *
**********************************************
ရေးသူ ဇွဲနောင်  # 1-12-2019 =7:20 PM
**********************************************

အချိန်ကား AD.  ၅ ရာစုခန့်

ပုဂံ မင်းဆက် ၁၅ ဆက်မြောက် သေလဉ်ပိုက်မင်း
အုပ်စိုးနေချိန်

ဗုဒ္ဓ သာသနာတော်သည် ရောက်ရှိနေသည်ဟု
ဆိုသော်ငြားလည်း ကောင်းစွာ ထွန်းလင်း
တောက်ပခြင်း မရှိသေးပေ

အုတ်ရောရောကျောက်ရောရောဖြင့် ရှုပ်ထွေးနေပြီး
အယောင်ဆောင် အရည်းကြီးတို့ ခေတ်ကောင်း
နေချိန်တွင်
မင်းနှင့် ပြည်သူများကလည်း ယုံကြည်စွာ
ကိုးကွယ် ဆည်းကပ်ကြလေရာ
များစွာ အရှိန်အဝါ ကောင်းနေကြလေသည်

"အရည်းငယ်အပေါင်းတို့ ငါတို့ အကျင့်ကို
ကောင်းကောင်းကျင့်လေ
သင်တို့ များများ ခုန်မှ ကိလေသာ ထွက်လတ်မယ်
ထွက်လာတဲ့ ကိလေသာကို မီးကင်၍ သတ်လေ
ပြီးရင် ထိုအညစ်အကြေးကို ရေမှာ မျှောလေမှ
သင်တို့ စင်ကြယ်ကြပေမည် သို့မှသာ ဓာတ်ကူး၍
သားကောင်းရတနာ သမီးကောင်းရတနာ ကို
ထွန်းကားနိုင်ဖို့ စွမ်းနိုင်ပေရာအံ့"

အရည်းကြီးတို့ ရဲ့ အကြီးအကဲဖြစ်သော
ရှင်ပေါလက. အရည်းငယ် အပေါင်းကို သြဝါဒ
ပြောကြားနေခြင်း ဖြစ်ပေသည်

"အရှင်ကြီး ကျောင်းသားအပေါင်းကို ယနေ့
မြင်းရေး သင်ကြားပေအံ့ အရည်းငယ် များလည်း
တပါတည်း သင်စေ့မည် ပြောပါလေ"

အရည်းကြီး.လက်ထောက် တယောက်ဖြစ်သော
အရှင် ဂေါလ. ရောက်လာပြီး ယနေ့ အစီအစဉ်ကို
ပြောကြားနေခြင်း ဖြစ်သည်

"ကောင်းပြီ သင် အဆင်သင့် ဖြစ်အောင် လုပ်လေ
ငါပြောထားလတ်မယ် စိတ်အေးလော့"

"ကောင်းပါပြီ အရှင်ကြီး"

ဂေါလ လည်း စီစဉ်စရာ ရှိတာ စီစဉ်ရန်
ထွက်ခွာသွားပြီး ရှင်ပေါလက လည်း ဆက်လက်၍
လုပ်ဆောင်စရာ ရှိသည်များကို လုပ်ဆောင်ကာ
မနက်ခင်း တခုကို ကုန်လွန်စေခဲ့သည်

စင်စစ်သော်ကား ပြည်သူ ပြည်သား တို့၏
စာပေ သင်ကြားရေး မှ အစ ဓားခုတ် လှံထိုး
ဆင်းစီး မြင်းစီး စစ်ချီ စစ်တက် အလယ်
အဋ္ဌာရဿ တစ်ဆယ့်ရှစ်ရပ် အဆုံး အလုံးစုံသော
ပညာရပ်များကို အရည်းကြီး တို့၏ ပွဲကျောင်းမှ
သင်ကြားပို့ချပေးကြလေသည်

ရန်ငြိုးပြင်းတဲ့ ချစ်သည်းရှင် Where stories live. Discover now