၂၁

1.7K 12 0
                                    

ရန်ငြိုးပြင်းတဲ့  ချစ်သည်းရှင်  * အပိုင်း  ( 21 ) *
*********************************************
ရေးသူ  ဇွဲနောင်  * 29.3.2020.   7:15 PM

"ဒေါက်    ဒေါက်   ဒေါက်"

"အရှင်ကြီး   အရှင်ကြီး   အရှင်ကြီး ဂေါလ
အချိန် နီးကပ်သဟာ အသင့် ပြင်ပါလေ"

အာရုဏ် တက်ချိန် နီးပြီမို့ အရည်းကြီး တယောက်က လာရောက်ကာ အသိ ပေးခြင်း ဖြစ်သည်

ယနေ့ကား အရည်းကြီးတို့ ကျောင်းတော်မှာ
ဂိုဏ်းချုပ် အသစ် တင်မြှောက်ပွဲ ရှိတာကြောင့်
ပွဲကျောင်း တခုလုံး အုံးအုံးကျက်ကျက် သွားလာ
လှုပ်ရှား နေကြသည်

ယခင် ဂိုဏ်းချုပ်ကြီး ကွယ်လွန် သွားပြီမို့ ဂေါလ က
ဂိုဏ်းချုပ် နေရာကို ဆက်ခံခဲ့တာ ဖြစ်သည်

ဂိုဏ်းချုပ်ကြီး ကွယ်လွန် သွားပုံက အဆန်းသား
နံနက်အိပ်ရာထချိန်မှာ မထလာသေးလို့
အခန်းတွင်းသို့ ဝင်ရောက်သွားရာ အိပ်ယာထဲမှာ
မျက်လုံး အပြူးသားနဲ့ သေဆုံးနေသည်
ပါးစပ်ထဲမှ ဖြူပျစ်ပျစ် အရည်များက အန်ကာ
ကျနေသည်

အားလုံး သေချာ စစ်ဆေးတော့မှ စအိုဝ တခုလုံး
နီရဲ စုတ်ပြတ်သတ်နေတာ မြင်လိုတောင် မကောင်း

ဒါပေမယ့် ဘယ်သူမှ တပ်အပ်ကျ မပြောနိုင်
ဂေါလ ကတော့ စိုးရိမ် ထိတ်လန့် နေသည်
သူက ကြုံတွေ့ဖူးသူ မဟုတ်ပါလား

ဒါကြောင့်မို့ သူ့ရဲ့ ဂိုဏ်းချုပ် တင်မြှောက်ပွဲ ကို
အစောင့် အကြပ် ထူထပ် လုံခြုံစွာ ချထားခဲ့သည်

အားလုံး အစစအရာရာ သေချာ စီမံထားတာမို့
စိတ်ချလက်ချ အနားယူရန် အခန်းဆောင်ကို
ရောက်လာတော့ ညဥ့် ၂ ချက်တီး ကျော်နေပြီ

လူကလည်း အတော် ပင်ပန်းနေပြီမို့ မလှုပ်ချင်တော့

အခန်းထဲကို ရောက်တော့ ရုတ်တရတ် နောက်ကနေ
ပါးစပ်ကိုလက်နဲ့အုပ်တာ ခံလိုက်ရတယ်

"ဝူးးးးးး"

မျက်စိ ရှေ့မှာ မြင်လိုက်ရတာက အသက် ၃၀ ခန့်
လူရွယ် တဦး ချောမော ခန့်ငြား သလို ဝတ်စား
ဆင်ယင်ထားပုံက အထက်တန်းစား တယောက်
အဖြစ် သိသာလွန်းလှသည်

ရန်ငြိုးပြင်းတဲ့ ချစ်သည်းရှင် Where stories live. Discover now