ရန်ငြိုးပြင်းတဲ့ ချစ်သည်းရှင် *အပိုင်း ( 9 ) *
********************************************
ရေးသူ ဇွဲနောင် * 7.1.2020--7:17 PM
********************************************စောသီဟ တယောက် လက်စွဲတော် ပတ္တမြား
ကျောက်စီဓား ကို ကိုင်ရင်း လေ့ကျင့်ရာ နေရာကို
ရောက်ရှိလာချိန်ဝယ် အနောင် ဗျဂ္ဃ နဲ့ သူဇ တို့
ချစ်ပွဲကြီး ကျင်းပနေတာကို မြင်လိုက်ရာ"ဟင် စော စော စောညီ"
ဗျဂ္ဃ အံ့ဩကာ အသံများပင် အထစ်ထစ် အငေါ့ငေါ့
ဖြစ်သွားသည်
စောသီဟ က တော့ တည်ငြိမ်စွာပင် လျှောက်လှမ်းလာခဲ့ပေမယ့် သူဇက ထိတ်လန့်တုန်လှုပ်စွာဖြင့်
အသနားခံသော အကြည့်နှင့် စောသီဟ ကို
ကြည့်လိုက်ရာ"အနောင် ဗျဂ္ဃ."
"စိတ်မမျက်ပါလင့် စောညီ သူဇ မှာ အပြစ် မရှိ
အနောင် မှားလတ်တာ အနောင့်အပေါ်ဝယ်
အပြစ်ကို ဖြစ်ပါစေ စောညီ ပေးသမျှ အပြစ်ကို
အနောင် ခံလတ်မယ်ပ"စောသီဟ ရင်ထဲ တုန်ယင်လှိုက်မော လာပြီး
နှုတ်ခမ်းအစုံ က တဆတ်ဆတ်တုန်ကာ ဘာပြောလို့
ပြောရမှန်းတောင် မသိတော့
ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားမိသည်
မျက်ဝန်းမှာလည်း မျက်ရည်စတို့ က ရစ်ဝဲ ကာ
အံကို တင်းတင်း ကြိတ်မိတော့သည်( သြော် အနောင် ရယ် စောညီ အပေါ် သည်မျှ
အလေးထားပါကလား အနောင့်ကို စောညီ ဘယ်လို
နှလုံးသားမျိုးနဲ့ စီရင်ရက်ပါစ)ရင်ထဲမှာ မြည်တမ်းမိပေမယ့် စကားလုံးတို့က
ပေါ်ထွက်မလာ မျိုချမိသော တတွေးများနှင့်အတူ
စီးမျောသွားသည်စောသီဟ ရဲ့ အမူအရာကို မြင်လိုက်ရတော့
နှစ်ယောက်သား ပိုပြီး ထိတ်လန့် တုန်လှုပ်သွားပြီး"အနောင် စောသီဟ "
"စောညီ အနောင် ပြောတာကို"
စောသီဟ က လက်ကာပြလိုက်တာမို့ အသံက
ရှေ့ဆက်ပြီး ထွက်မလာ ပိုပြီး စိုးရိမ်သွားရသည်
စောသီဟ. ရဲ့ စိတ်ကို ဗျဂ္ဃ အသိဆုံး ခုချိန်မှာ
ဘာဖြစ်လာမယ်.ဆိုတာ ဘယ်လိုမှ မှန်းဆလို့
မရတော့"အနောင်"
စောသီဟ က ဗျဂ္ဃ.အနားကပ်ခါ ခပ်တင်းတင်းလေး
ပွေ့ဖက်ပြီး ပါးပြင်ကို နမ်းရှိုက်လိုက်ရာ ဗျဂ္ဃ မှာ
ဝမ်းနည်းဝမ်းသာ ဖြစ်သွားရသည်