ရန်ငြိုးပြင်းတဲ့ ချစ်သည်းရှင် * အပိုင်း ( 17.) *
*********************************************
ရေးသူ ဇွဲနောင် * 3.3.2020. 7:17. PMယုန်ဖြူရွာ
ဥဂ္ဂပူရ မြို့တော်နှင့် အလွန် ဝေးကွာသော အရပ်မှာ
တည်ရှိပြီး အိမ်ခြေ ၁၀၀၀ ခန့် ရှိကာ အလွန်တရာ
စည်ကားလှသော ရွာကြီး ဖြစ်သည်ရွာရဲ့ အကြီးအကဲ ဖြစ်သော ရွာစားမင်းမှာ
သား တယောက် ရှိပြီး ဇနီး ဆုံးပါးသွားခဲ့သည်
တပင် လဲ မူ တပင် ထူ ဆိုသော စကားအတိုင်း
နောက် အိမ်ထောင် ထပ်မံ ထူထောင်ရာမှ
ရွာမင်း တို့ သားအဖ ကံဆိုး မိုးမှောင် ကြခဲ့သည်နောက် မယားမှာ သား တယောက် ပါလာပြီး
ရွာမင်း သားနဲ့ အသက်က မတိမ်းမယိမ်း ဆိုတော့
ဘင်္ဂလား ညီနောင် မတည့်ကြပြောပါများ မယား စကား အောင် ဆိုသလို
မိန်းမ စကား နားယောင်ကာ မယားပါ သားကို
အမြှောက်စား လွန်ပြီး စည်းစိမ် တဝက်ကို
လွှဲ ပေးခဲ့တာဒါပေမယ့် ရလေ လိုလေ အို တစ္ဆေ
အကျင့် မကောင်းတဲ့ သားအမိနှစ်ယောက်က
ရှိ ရှိသမျှ အကုန် လိုချင်ကြသည်နောက်ဆုံးတော့ ရွာမင်း သား သူဇ အပျော်တမ်း
တောပစ် ထွက်ချိန်ကို ချောင်းကာ ဝိုင်းဝန်း
လုပ်ကြံပြီး အလောင်းကို ကတ္တီပါ အိတ်ထဲ ထည့်ပြီး
လူသူ မရောက်နိုင်တဲ့ အရပ်က ချောက် ကမ်းပါးထဲ
ပစ်ချခါ လက်စ ဖျောက်လိုက်ကြတော့သည်အချိန်ကလည်း တနှစ်ခန့် ကြာခဲ့ပြီမို့
သေသောသူ ကြာရင် မေ့ ဆိုတဲ့အတိုင်း အားလုံးက
မေ့မေ့ ပျောက်ပျောက် ဖြစ်သွားကြသည်တခုသော လပြည့်ည၏ သန်းခေါင်ယံ အချိန်
တရွာလုံး အိပ်မောကျနေတဲ့ အတွက်
တိတ်ဆိတ် ငြိမ်သက်ခြင်းက ကြီးစိုးနေတော့သည်ရွာစားမင်း ရဲ့ အိမ်ဝိုင်းအနားမှာ လူ သုံးယောက်က
မှောင်ရိပ် ခိုပြီး အခြေအနေ ကြည့်ရှုကာ
လျှပ်တပြတ် အိမ်ဝိုင်းထဲကို ဝင်ရောက်ခါလသာဆောင် က တဆင့် အိမ် အပေါ် ထပ်ကို
ရောက်လာကြသည်"မောင်ကြီး ပဇာကြောင့် သည်ည အိပ်မပျော်တာပ"