ရန်ငြိုးပြင်းတဲ့ ချစ်သည်းရှင် * အပိုင်း ( 5 ) *
***********************************************
ရေးသူ ဇွဲနောင် * 14-12-2019. 7:45 PM
************************************************"အနောင်"
သူဇ က အသံက တုန်ယင်စွာ ထွက်ပေါ်လာပြီး
စောသီဟ မျက်ဝန်းကို ကြည့်မိရာ သူဇ
မျှော်လင့်မိသော အကြည့်ကို မြင်မိရတောသည်"အနောင့်ကို ခွင့်ပြုလတ်စေချင်တာပ ညီငယ်
မညာလိုပြီကော အသင့်ကို မြင်စကပင် အနောင်
ရင်ထဲ မဖော်ပြတတ်ပြီကို သိစေချင်တာပ"ပြောကာ စောသီဟ က သူဇကို ပွေ့ဖက်ကာ
နမ်းရှိုက်လိုက်ရာ သူဇကလည်း စောသီဟကို
ပြန်လည် တုန့်ပြန် နမ်းရှိုက်လိုက်တော့သည်ဖြူဝင်းသော အသားအရေ ပါးလျသော နှုတ်ခမ်း
ဖြောင့်စင်းသောနှာတံ စူးရှတောက်ပသော မျက်လုံး
မဲနက်သော မျက်ခုံး သွယ်မယောင်နှင့် လေးထောင့်
ဆန်သော မျက်နှာ တောင့်တင်းသော ခန္ဓာကိုယ်နှင့်
ညီငယ် သူဇ ကို မြင်စကပင် စောသီဟ ရင်ထဲမှာ
ဖော်မပြတတ်သော ခံစားမှုက ဖြစ်ပေါ်လာခဲ့သည်ဒါပေမယ့် ပြုခဲ့ဖူးသော ကျေးဇူးကို အသုံးပြုကာ
အခွင့်အရေးယူတယ် ထင်မှာစိုးလို့ မပြောသာခဲ့
အခုတော့ မလွှဲမရှောင်နိုင်တော့ပြီတကယ်တော့ သူဇ ကလည်း အနောင်စောသီဟ
အပေါ်ဝယ် မသိစိတ်က ရင်ခုန် တိမ်းမူးမိတာပါဝါညက်သော အသားအရေ ကျယ်ပြန့်သော
မဟာနဖူး ထူတန်းခဲဆက်နက်မှောင်သော မျက်ခုံး
ညှို့ချက်ပြင်းသော မျက်ဝန်း ထူထဲပြည့်တင်းသော
နှုတ်ခမ်း တောင့်တင်းသော ခန္ဓာကိုယ်နှင့် ယောက်ျားပီသသော စောသီဟ ကို မြင်မိလျှင်
ရင်ထဲ လှုပ်ရှားနေခဲ့တာ အဖြေ ရှာမရသည် စံအိမ်တော်ကို ရောက်ချိန်ကနေ ယနေ့တိုင်
ဂရုတစိုက် ရှိလွန်းလှသော စောသီဟကို တနေ့ထက်
တနေ့ ခင်မင်အားကိုးကာ သံယောဇဉ် ပိုခဲ့မိသည်သို့ပေမယ့် မိမိရဲ့ ကျေးဇူးရှင် ဖြစ်သော အနောင်
စောသီဟကို မဝံ့ရဲပါ ယခုလို အနောင်စောသီဟ က
ပြောကြားလာသောအခါ ဝေခွဲမရသော စိတ်တွေနဲ့
ကြည်နူးမိရသည်