ရန်ငြိုးပြင်းတဲ့ ချစ်သည်းရှင် * အပိုင်း ( 2 )
*********************************************
ရေးသူ ဇွဲနောင် * 3.12.2019 * 6:45 * PMတောင်စဉ်တောင်တန်းများက ရှုမငြီးအောင်ပင်
သာယာလှပလွန်းပေမယ့် သူကတော့ သဘာဝ
အလှတွေကို မခံစားနိုင်အားသေးလျှိုမြှောင်အတွင်းကို ခက်ခဲစွာ ဆင်းလာခဲ့တာမို့
ခဏတာ အနားယူနေမိသည် တကယ်တော့
ဒီဖြစ်စဉ်က သူ့အတွက် မထူးခြားတော့ပါ
နေ့စဉ် နီးပါး မဟုတ်သည့်တိုင် တစ်လ ကို
အနည်းဆုံး သုံးကြိမ်ခန့် ဒီနေရာကို သွားလာနေကျ
ဖြစ်သည် အနားယူပြီး ဆက်လက်လျှောက်လှမ်း
လာခဲ့ရာ တခေါ်သာသာလောက်မှာတော့
လူသူ အဝင်အထွက် နည်းလှသည့် ဂူကြီး တစ်ခုက
သူ့ကို ဆီးကြိုနေတော့သည်
သာမန် လူတယောက်အဖို့ ခြောက်ခြားစရာ အတိ
ဖြစ်ကောင်းဖြစ်နိုင်သော်လည်း သူ့အတွက်ကတော့
ဒီနေရာ ဒီဋ္ဌာနက အကျွမ်းတဝင် ရှိနေပါသည်ဂူအတွင်းကို ဝင်လာခဲ့ပြီး အသင့်ရှိနေသော
မီးတုတ်ကို မီးညှိကာ ဆက်လက် ဝင်လာခဲ့သည်
အတန်ကြာ လျှောက်လာမိချိန်တွင် စမ်းရေ စီးသံ
သဲ့သဲ့ကြားလာရသည်ခဏအကြာမှာပဲ စမ်းချောင်းလေးကို သူ တွေ့လိုက်
ရပြီး မျက်နှာသစ် ကိုယ်လက် သန့်စင်လိုက်သည်အေးမြသော ဂူတွင်းစမ်းရေကြောင့် ပင်ပန်းမှုတို့က
ခဏချင်းပင် ပြေပျောက်ကာ လန်းဆန်းသွားသည်
ထို့နောက် ဂူအတွင်းဆုံးသို့ ဝင်ရောက်သွားရာ
သန့်ရှင်းသော ကျောက်ဖျာပြင်ထက်ဝယ်
နီမြန်းသော ရွှံ့စေးရည်သဖွယ် နီပျစ်ပျစ် အရည်တို့
တစိမ့်စိမ့် စီးဆင်းနေကြသည် အချို့မှာလည်း
ကျောက်ခဲများပမာ အခဲလိုက် ရှိနေကြတော့သည်အိတ်အတွင်းမှ အသင့်ပါလာသော ရွှေခွက်ကို
ထုတ်ယူလိုက်ပြီး ကျောက်နံရံမှ တစိမ့်စိမ့်
ထွက်နေသော ကျောက်သွေးရည်ကို ခပ်ယူလိုက်ပြီး
သောက်သုံးလိုက်ရာ အေးစိမ့်ချိုမြသော အရသာက
သူ့ လည်ချောင်းတလျှောက် စီးဝင်သွားပြီး
ကုန်ခမ်းသွားသော အားအင်တို့ တခဏချင်းပင်
ပြန်လည် ပြည့်ဖြိုးလာတော့သည်ကျောက်သွေးခဲများကို အိတ်အပြည့် ကောက်ယူ
ထည့်လိုက်ပြီး အသင့်ယူဆောင်လာသော
ရွှေတကောင်းထဲကို ကျောက်သွေးရည်များ အပြည့်
ခပ်ထည့်လိုက်သည် အားလုံး ပြီးစီးသောအခါ
လာရာလမ်းအတိုင်း ပြန်လည် ထွက်လာခဲ့သည်