၁၉

1.8K 14 0
                                    

ရန်ငြိုးပြင်းတဲ့ ချစ်သည်းရှင် * အပိုင်း ( 19.) *
**********************************************
ရေးသူ ဇွဲနောင်  * 22.3.2020.   7:15. PM

လူ သူ မနီးတဲ့  တောကြီး မြိုင်ယံ အလယ်
လေတိုးသံ တဝေါဝေါ မှ အပ ပကတိ တိတ်ဆိတ်
ငြိမ်သက်ကာ နေလေသည်

(ဟင်   ဒါ ဒါ ဘယ်နေရာ ရောက်လတ်ပြီ ပ
အလို  ဟိုမှာ ငါ့ရဲ့ ငါ့ရဲ့)

ဟုတ်ပါတယ်
အဲဒီမှာ သူ့ရဲ့ ကြင်ယာ သက်ထား ဇနီးချောလေး
ပန်းနုရောင် ဝတ်စုံလေးနဲ့ မြို့စားမင်း ရဲ့ ချွေးမလေး

တောနက်ကြီးထဲက ဇရပ်ပျက်ကြီးထဲမှာ
တယောက် တနေရာစီ ကြိုးနဲ့ တုပ်ထားတာလေ

သူ တဖြေးဖြေး စဉ်းစားကြည့်လိုက်တော့

သူတို့ လင်မယား နှစ်ယောက် သူတို့ ပိုင်တဲ့
ယာတောကို ကြည့်ရှုဖို့ ရထားလုံး စီးကာ လာချိန်
တနေရာ အရောက် သူဆင်းရဲ မ တယောက်က
မြေအိုး တစ်လုံး ရွက်ခါ လမ်းလယ်မှ သွားနေတာ

"ဟဲ့ သူဆင်းရဲမ. ငါ မြိုစားမင်း သား လာလတ်တာ
ပဇာကြောင့် လမ်းမဖယ်ရသလဲ သေပေတော့
ယားးးး "

စိတ်တိုတိုနဲ့ မြင်းကို အတင်းပင် မောင်းနှင်ကာ
မြင်းရထား နဲ့ ဝင် တိုက်ပစ်လိုက်သည်

"ဟီး ဟီး ဟီးးးးးး"

"ခွပ် ခွပ် ခွပ်  ခွပ်  ခွပ်  ဝေါးးးးးးးးးး"

"အလိုလေးးးး ဘုရား  ကယ်ပါဘိ"

သူဆင်းရဲမ က ကမန်းကတမ်း လမ်းဘေးကို
အပြေး ရှောင်လိုက်ရာ ခေါင်းပေါ်က အိုးက
လမ်းလယ်မှာ မှောက်သွားပြီ ကွဲသွားတော့သည်

"ခလွပ်  "

စိမ်းရွှေရွှေ ပုတ်အဲ့အဲ့ အနံ့က ပတ်ဝန်းကျင်ကို
ဖုံးလွှမ်းကာ ပျံ့နှံ့သွားတော့တယ်

"ဝေါ့တ် ပသို့ဖြစ်သတုန်း အော့းးးးးး"

"ဟားးးးး အနံ့က ဆိုးလှပါဘိ ဝေါ့တ်"

နောက်လိုက် နောက်ပါ များလည်း အနံ့ဆိုးကြောင့်
မူးဝေ အော့အန်ကာ အားလုံး သတိ လစ်သွားကြပြီ
သူတို့ လည်း သတိ လစ်သွားပြီး ဘာမှ မသိတော့

=================================

"အနောင် ဗျဂ္ဃ.   အချိန် သင့်လတ်ပြီ မဟုတ်လော
သွားကြစို့ရဲ့"

ရန်ငြိုးပြင်းတဲ့ ချစ်သည်းရှင် Where stories live. Discover now