ရန်ငြိုးပြင်းတဲ့ ချစ်သည်းရှင် * အပိုင်း ( 4. ) *
**********************************************
ရေးသူ ဇွဲနောင် 10-12-2019. 6:55 PM
***********************************************ယက္ခ ဒီပ စံအိမ်တော်
ဥဂ္ဂပူရ မြို့တော်၏ မြောက်ဘက် ဆိပ်ငြိမ်သော
မြို့စွန် အရပ်ဝယ် တည်ရှိပြီး အမည်နာမနှင့်
လိုက်ဖက်စွာ စံအိမ်တော် ၏ ခြံစည်းရိုးများကို
ဂမုန်းဘီလူးပင်များဖြင့် ကာရံထားပြီး တနှစ်လျှင်
တကြိမ်.တာပေါင်းလကွယ်နေ့တွင် အဆိုပါ
ဂမုန်းဘီလူးပင်များကို အသားစိမ်းငါးစိမ်းများ
ကျွေးပြီး စံအိမ်တော်ကို အစောင့်ထားရှိကြလေရာ
မည်သူမျှ အလွယ်တကူ ရန်မူ၍မရနိုင်ပေခြံကျယ်ကြီးအတွင်းဝယ် ကြီးကျယ်ခန်းနားလှသော
ခုနစ်ဆောင်ပြိုင် နှစ်ထပ် စံအိမ်တော် ကြီးက
တင့်တယ့်ဝင့်ကြွားစွာ တည်ရှိနေလေတော့သည်ယက္ခ ဒီပ. ဆိုသည့်အတိုင်း လှေကားလက်ရမ်းထိပ်
တံခါးပေါက်ထိပ် ပန်းဆွဲ မြင့်မိုရ် ဘုရားဆောင်
ခြံဝင်း ဝင်ပေါက်မုခ်ဦး ခြံကြီး၏ ဒေါင့် ၄ ဒေါင့်၇ ဋ္ဌာနတွင် သစ်ဘီလူးဖြင့် ထုလုပ်ထားသော
သန်လျက်ထမ်း ဘီလူးရုပ်များက ကြောက်မက်ဖွယ်
ရှိနေကြတော့သည်စံအိမ်တော်၏ တခုသော ခန်းဆောင် အတွင်း
သဉ္ဇာလီ ထက်ဝယ် ချောမော တောင့်တင်းသော
လူငယ်တယောက် ပက်လက် အိပ်ကာ ရှိနေသည်အနားတွင် သမားတော်ကြီးနှင့်အတူ
အကြီးတော်ကြီး စိတ္တ နှင့် မယား အိုမြတ်စံ တို့
ရှိနေကြသည်"မကြာခင် အသိ ရလာလတ်မယ် အကြီးတော်
အားရှိစရာ အာဟာရ ကိုသာ မပြတ် ကျွေးဘိလေ
ငါလည်း မပြတ် လာလတ်မယ် အပူမရှိလင့်""ကောင်းလတ်ပြီ သမားတော်ကြီး ကျေးဇူး ကြီးပေသဟာ ငါတို့ ပဏ္ဏာကို လက်ခံပါလေ"
"အဟမ်းးးးးး"
အကြီးတော်ကြီး စိတ္တ က ချောင်း တချက်
ဟန့်လိုက်ရာ အခန်းတွင်းသို့ လုံမငယ် တဦးက
ရွှေလင်ပန်း ထက်ဝယ် ကတ္တီပါ အနီအိတ်တအိတ်
တင်လျှက် ယူဆောင်လာပြီး သမားတော်ကြီးကို
ရိုကျိုးစွာ ကမ်းလင့်လိုက်လေသည်