၂၂ - END

3.3K 24 1
                                    

ရန်ငြိုးပြင်းတဲ့ချစ်သည်းရှင်*အပိုင်း (22)ဇာတ်သိမ်း
************************************************
ရေးသူ ဇွဲနောင်  * 2.4.2020.   7:15.   PM

ပွဲကျောင်းတခုလုံး မီးဟုံးဟုံးတောက်ကာ
ပြာကျသွားသလို အရည်းကြီးအရည်းငယ်များလဲ
အတော် များများ စောသီဟ တို့ လက်ချက်ကြောင့်
အသက် ဆုံးရှုံးသွားတာမို့ ဖရိုဖရဲ ဖြစ်ပြီး
ပျက်စီးလုမတတ် ဖြစ်သွားသည်

စောသီဟက မြှား ဒဏ်ရာ နဲ့ ဗျဂ္ဃ ကို သူ့ မြင်းပေါ်မှာ
ပွေ့ချီ ခေါ်ဆောင်ပြီး သူဇက. ဗျဂ္ဃ ရဲ့ မြင်းကို
တွဲ ခေါ်ပြီး ရန်သူ့ နယ်မှ ထွက်ပြေးခဲ့ကြရာ
တောနက် တခု အတွင်းကို ရောက်ရှိလာသည်

"အနောင် စောသီဟ ဟိုမှာ ဂူ တခု မဟုတ်လား
ခေတ္တ နားခိုကြရင် အဆင် ပြေလတ်မယ်"

"ကောင်းပါလေ့  အနောင့်ကို ပြုစုကြရအောင်"

သဘာဝ လှိုဏ်ဂူလေးထဲကို အန္တရာယ် ရှိမရှိ
လေ့လာပြီး အခြေအနေ ကောင်းတာမို့
နှစ်ယောက်သား ဗျဂ္ဃ ကို ပွေ့ချီကာ ဝင်ခဲ့ကြသည်

ထို့နောက် စောသီဟက အသင့် ရှိနေသော
ကျောက်သွေးရည်ကို ဗျဂ္ဃ ရဲ့ ပါးစပ်ထဲ အနည်းငယ်
ချပေးလိုက်တော့ ဗျဂ္ဃ သတိရလာခဲ့ရာ

"စော  စောညီ ဟားး"

"အနောင် စကား မပြောလေလင့် စောညီ ရအောင်
ကုလတ်မယ်"

"မရ. မရပြီကော စော စောညီ တို့ အားး နှစ်ယောက်
အတူ  အတူ"

"အနောင်းးးးးးး"

"အနောင်ဗျဂ္ဃးးးးးးးးး"

ဗျဂ္ဃ တယောက် ဇတ် ကျိုးကျသွားတာကြောင့်
နှစ်ယောက်သား အော်ဟစ်သံက လှိုဏ်ဂူလေးထဲကို
ဖုံးလွှမ်းကာ သွားတော့သည်

************************************************

ဒီနေ့ နဲ့  ဆို  ဗျဂ္ဃ တယောက် သတိ မရသေးတာ
သုံးရက် ရှိတော့မည့်

"ကဲ သူဇ. အနောင်ဗျဂ္ဃ ကို  စောင့်ရှောက်ရစ်ပါလေ
အနောင်စောသီဟ ဆေးရွက် ခူးချေလတ်မယ်"

"စိတ်ချပါလေ အနောင် သူဇ အကောင်းဆုံး
စောင့်ရှောက်မယ်ပ"

သူဇကို ထားရစ်ခဲ့ကာ စောသီဟ ဆေးရွက် ခူးဖို့
ထွက်လာသည်

လှိုဏ်ဂူလေးထဲကို ရောက်ကတည်းက စောသီဟက
ဗျဂ္ဃကို အဆိပ်ဖြေ ဆေးလုံး ကို ၆ နာရီ ခြား တကြိမ်
တိုက်ကျွေးခဲ့ပြီး ဒဏ်ရာကိုလည်း ဆေးလုံးကို
အမှုန့် ကြိတ်ခါ သိပ်ပေးထားခဲ့သည်

ရန်ငြိုးပြင်းတဲ့ ချစ်သည်းရှင် Donde viven las historias. Descúbrelo ahora