ရန်ငြိုးပြင်းတဲ့ ချစ်သည်းရှင် * အပိုင်း ( 6 ) *
************************************************
ရေးသူ ဇွဲနောင် * 17-12-2019. 7:10 PMယက္ခဒီပ စံအိမ်တော်၏ ဘဏ္ဍာ ပစ္စည်းများ
ထားရှိရာ အဆောင်၏ အတွင်းဝယ် ဗျဂ္ဃ
တယောက် ငြိမ်သက်စွာ ရောက်ရှိနေသည်အကြောင်းကား ယခင် လ က သိမ်းဆည်းထားခဲ့
သည့် ရွှေဒဂ်ါး သေတ္တာထဲမှ ၂ ဗိုလ် ခန့်မျှ
ပျောက်ဆုံးနေသည့်အတွက် ယခုလို လာရောက်ကာ
စောင့်နေခြင်းပင်အဘယ့်ကြောင့်ဆိုသော် စံအိမ်တော်အမှုထမ်းများ
အတွက် လစာ ချီးမြှင့်ခါနီးအချိန်တွင် ပျောက်ခြင်း
မလှ ပျောက်ခဲ့သောကြောင့် ယခုလည်း
လစာ ချီးမြှင့်ခါနီးအချိန်တွင် လာရောက်ကာ
စောင့်နေတာ ယခုဆိုလျှင် သုံးည တိုင်ခဲ့ပြီ"ကျွီ "
ဗျဂ္ဃ အသက်ရှူသံပင် မကြားရလောက်အောင်
ပိုမို ငြိမ်သက်ကာ သတိဖြင့် စောင့်နေတာ"ရှပ် ရှပ် ရှပ် ရှပ်"
"ကလောက်"
"ခွပ်းးး ဒုတ် အားးးး"
သေတ္တာ ဖွင့်သံနှင့်အတူ ဗျဂ္ဃ ၏ ပြင်းထန်တဲ့
လက်သီးချက်ကြောင့် ခိုးသူ၏ နာကျင်စွာ
အော်သံက တပြိုင်တည်း ထွက်ပေါ်သည်"မိုက်ရိုင်းစွ လာလေရော့ ငမိုက်သား"
ဆံပင်ကို ဆွဲကာ အဆောင်အတွင်းမှ တလကြမ်း
ဆွဲခေါ်လာခဲ့ရာ စံအိမ် အရှင်သခင် စောသီဟ၏
အဆောင်သို့ ရောက်လာခဲ့သည်စောသီဟ လည်း သူခိုးကို အမြန်ဆုံးပင်
သိချင်မိလို့ စောင့်နေတာ ကြာပြီပျားဖယောင်းတိုင်များ၏ အလင်းရောင်ကြောင့်
သူခိုးကို မြင်ရချိန်ဝယ်"အလို ဝင်းတော်စောင့်ပါကလား ငါတို့ သည်မျှ
လစာ ရိက္ခာ အစုံအလင် ပေးပါလျှက်
ကြံစည်ရက်ပလေ အနောင် ဗျဂ္ဃ""ပြောပါလေ စောညီ"
"ပြန်လမ်း မရှိစေသင့်ပြီကို ယခု ညချင်း စီမံပါလေ"
စောသီဟ၏ ဆုံးဖြတ်ချက်က ဝင်းတော်စောင့်
အတွက် တုန်လှုပ်ချောက်ခြားဖွယ်ရာပင်