၁၃

1.9K 13 0
                                    

ရန်ငြိုးပြင်းတဲ့  ချစ်သည်းရှင်  * အပိုင်း  ( 13 ) *
***********************************************
ရေးသူ  ဇွဲနောင်   * 27 . 1 . 2020. 6:53. PM
***********************************************

သူရိယ ရဲ့ ရင်ထဲမှာ အိုမျက်ချယ် ထာဝရ
စိုးမိုးခဲ့လေပြီ စားလည်း ဒီစိတ် သွားလည်း ဒီစိတ်
အချိန်ပြည့် ရှိနေခဲ့တာ

စီးပွားရေး ဆက်နွယ်မှုကို အကြောင်းပြုပြီး
မကြာခဏ ဆိုသလို ချောင်းပေါက်မတတ်
အိုမျက်ချယ် ရှိရာကို ရောက်ဖြစ်တာ

ယောက်ျား ကြိုက်တော့ စိုက်စိုက်လာ
မိန်းမ ကြိုက်တော့ မျှော်လိုက်တာ  တဲ့
အိုမျက်ချယ် က လည်း သူရိယ မလာတဲ့ နေ့တွေဆို
မျှော်လိုက်ရတာ အမော

သူဌေးကြီး ကတော့ သူရိယ ကို ငြင်းပယ်စရာ
မရှိတာမို့ တံခါး မရှိ ဓား မရှိ စိတ်တိုင်းကျ
ဝင် ထွက် သွားလာခွင့် ပြုထားသည်

အိုးချင်းထား အိုးချင်းထိ
ကြိုးချင်းထား ကြိုးချင်းငြိ မို့ သူရိယနဲ့အိုမျက်ချယ်
မကြာမီပင် ချစ်သူများ ဖြစ်ခဲ့ကြတာပေါ့

ရွှေပေါ်   မြ တင်   ဂုဏ်ကြီးရှင် ချင်းမို့ 
နေ နဲ့  လ.  ရွှေ နဲ့  မြ  ပမာ လိုက်ဖက် ညီလှသည်

အခုလည်း နှစ်ယောက်သား မြင်း တစီးနဲ့
မြို့အပြင် ထွက်ခါ သာယာ လှပသော ရှုခင်းများကို
ငေးမော ခံစားရင်း ကြည်နူးနေတာ

တမျှော် တခေါ် ကျယ်ပြောတဲ့
သဘာဝ ပန်းရိုင်းခင်းကြီးရဲ့ အလယ် ကြီးမားတဲ့
သစ်ပင်ရိပ် အောက်မှာ နှစ်ယောက်သား
ချစ်စကားတွေ ပြောလို့ မဆုံးတော့

"မောင်ကြီး နဲ့ အခုလို သွားလာရတာ ပျော်ရွှင်ပါစ
အိုမျက်ချယ်"

"ပသို့ မေးရသတုန်း မောင်ကြီး ရယ် အိုမျက်ချယ်
ဘဝမှာ အခုလို ပျော်ရွှင်ခြင်းကို မောင်ကြီး နဲ့
တွေ့မှ ကြုံရတာမို့ အတိုင်းမသိ ပျော်ရပါ့"

သူရိယ ရင်ခွင်ထဲမှ နေပြီး ချစ်သူ့ မျက်နှာကို
မော့ကြည့်ကာ အိုမျက်ချယ် က ပြောလိုက်သည်

"ပြောတတ်ပါဘိ အိုမျက်ချယ် သဟာကြောင့်
မောင်ကြီး မေတ္တာရည် မထိန်းနိုင်တော့ပြီပ"

ရန်ငြိုးပြင်းတဲ့ ချစ်သည်းရှင် Where stories live. Discover now