Ohအိမ်တော်ကြီးမှာသူသူငါငါအကုန်အလုပ်
ရှုပ်နေကြသည်။ အိမ်ကြီးရဲ့အပေါ်ထပ်ကို
ပြေးသူကပြေး၊ အိမ်အောက်ထပ်တွင်
တိုက်မိသူကတိုက်မိနဲ့ယောက်ယက်ခတ်
နေကြသည်။ အဘယ်ကြောင့်ဆိုသော်
ဒီနေ့ Aprilလ12ရက်နေ့မှာသူတို့ရဲ့
Ohအိမ်တော်အတွက်မင်္ဂလာရှိသည့်
နေ့ရက်တစ်ရက်ဖြစ်သောကြောင့်ပင်။" သခင်ကြီး !!!!
သားလေးမွေးတယ်တဲ့ ...
သခင်မကြီးလည်းကျန်းမာတယ် "အခန်းရှေ့တွင်ခေါက်တုန့်ခေါက်ပြန်လျှောက်
နေသည့်Ohအိမ်တော်ရဲ့သခင်ကြီးမျက်နှာ
သည်ထိုစကားကြားပြီးလရောင်ထိသည့်
ကုမုဒ္ဒရာပန်းလိုရွှင်လန်းသွားတော့သည်။ထိုနေ့ညကပြည့်ဝန်းနေတဲ့လမင်းကြီးနဲ့
အပြိုင်ဖြာကျလာတဲ့လရောင်အောက်မှာ
အနှီးထုပ်ဖြူဖြူလေးထဲတွင်သိပ်လှတဲ့
ကောင်လေးတစ်ယောက်ဖွားမြင်ခဲ့သည်။လောကကြီးကိုကောင်းကျိုးပြုမယ့်
ကောင်လေးအဖြင့်သူလေးအမည်နာမ
ကိုOh SeHunလို့ခေါ်တွင်စေခဲ့သည်။
မှားယွင်းစွာမွေးဖွားလာလေသလားလို့
ထင်ရလောက်အောင်အရွယ်ရောက်လာ
တာနဲ့အမျှထိုကောင်လေးသည်နုနုနယ်နယ်
နဲ့လှသွေးကြွယ်လာတော့သည်။" သားငယ်ရေ .... ဖေဖေကြီးပြန်
လာပြီဟေ့ !! "ကားပေါ်ကဆင်းကာOhသခင်ကြီးသည်
အိမ်အပေါက်ဝမှာတင်သူ့ရဲ့အမောပြေ
လေးကိုအော်ခေါ်တော့သည်။ အော်ခေါ်ပြီး
တစ်မိနစ်မခြားအိမ်နောက်ဖေးကနေ
ပြေးထွက်လာသည့်အဖြူရောင်အရိပ်လေး။" ဖေကြီး !!!! "
ပြေးလာသည့်သာူငယ်ကိုကောက်ပွေ့ပြီး
လေထဲတွင်ပင့်မြှောက်လိုက်သည်။
ဆည်းလည်းလိုချိုသာလွန်းသောသာယာ
နာပျော်ဖွယ်အတိဖြစ်သည့်အသံလေး
လည်းသူ့သားငယ်တွင်ရှိသည်။တစ်ခစ်ခစ်ရီမောနေသည့်သားလေးကို
ကြည့်ပြီးဘဝအမောတွေပြေပျောက်ရ
သည်။ လက်သေးသေးလေးတွေက
လည်တိုင်ကိုဖက်တွယ်လာပြီးနှုတ်ခမ်း
ရဲရဲလေးဖြင့်ပါးပြင်ကိုနမ်းသည်။" ဖေကြီး ... ငယ့်အတွက်ပီကာကျူး
ပါလား? "" အာ ~~ ဖေကြီးအလုပ်တွေများ
ပြီးမေ့လာတယ်ကွာ ... "
YOU ARE READING
KISS AND KILL {Rate-m}[Completed]
Fanfictionအနမ်းတွေနဲ့ချော့သိပ်ပေးမယ် မင်းကထာဝရအိပ်စက်ပေးရုံပါပဲ #Kim Jongin #Oh Sehun #KaiHun Story lines by Prettynoona_94 အနမ်းတွေနဲ့ချော့သိပ်ပေးမယ် မင်းကထာဝရအိပ်စက်ပေးရုံပါပဲ #Kim Jongin #Oh Sehun #KaiHun Story lines by Prettynoona_94