Part(3)

3.6K 389 43
                                    


သူသာလေညှင်းလေးဆို
ကိုယ်ဟာလေညှင်းအထိအတွေ့ကို
ခံစားခွင့်ရှိမယ့် ပန်းလေးဖြစ်ချင်ခဲ့ ...

နောက်နေ့၊နေ့လယ်ခင်းတွေမှာစာအုပ်တစ်အုပ်
နဲ့လက်ရေးလှလေ့ကျင့်တက်တဲ့ကောင်လေး
တစ်ယောက်အနားပေါက်ပေါက်ဖောက်သလို
စကားများတက်တဲ့ဖြူသွယ်သွယ်ကောင်လေး
တစ်ယောက်ရှိနေတက်တာကိုအမြဲတွေ့ရသည်။

" ဒိုရေမွန် ... မင်းသိလား?
ကိုကိုလေအမြဲစဉ်းစားတယ် ...
ဆရာKyungsooကဘာလို့ဆံပင်
မပေါက်တာလဲလို့ပေါ့ ... "

" ..... "

" ဆံပင်ပေါက်ဆေးတို့ဆံပင်သန်ဆေး
တို့လည်းသုံးပုံမရဘူး ... ဆရာ့ကြည့်
ရတာအမြဲညှင်းသိုးသိုးနဲ့ ... အလှအပ
စိတ်ဝင်စားပုံမပေါ်ဘူးနော် ... "

" ...... "

sehunသူ့နဲ့ခပ်လှမ်းလှမ်းမှာကလေးတွေကို
ကာယလေ့ကျင့်ပေးနေတဲ့ကတုံးဆံပင်ကေ
နဲ့ဆရာkyungsooကိုမေးစေ့လေးပွတ်
ရင်းတွေးဆဆနဲ့ကြည့်နေမိသည်။

နောက်ကျောပေးထားမိတဲ့ဒိုရေမွန်ဆီက
ဘာသံမှမကြားတာမို့နောက်လှည့်ကြည့်
လိုက်သည်။ အော် မှားလို့ ဒိုရေမွန်က
ကပ်စီးနဲတက်တဲ့သူဆိုတာသူမေ့သွား
တယ်။ သူ့လိုစကားကိုဖောဖောသီသီ
မပြောဘဲအမြဲတမ်းနှုတ်ခမ်းတင်းတင်းစေ့
ထားတက်တဲ့ဒိုရေမွန်ကအလကားရတဲ့
လေကိုတောင်နှမြောတွန့်တိုတက်တယ်ဆို
တာသူခဏမေ့သွားတာပဲ။

အခုလည်းဒီ ဂ၊ဆ၊ဒ၊လ တွေကိုရေးကျင့်လို့
ကိုမပြီးနိုင်ဘူး။ Sehunစိတ်ပျက်တယ်။
သူကစကားတွေအများကြီးပြောချင်တာလေ။
အခုလိုမလှုပ်မယှက်နဲ့ဒီကောင်လေးအနား
နေရတာအင်မတန်ပျင်းဖို့ကောင်းတယ်။
အမှန်ပြောရရင်ဒီကောင်လေးနဲ့သူမပေါင်းချင်။
သို့သော်အမြဲတစ်ယောက်ထဲဖြစ်နေတက်တဲ့
ဒီကောင်လေးကိုသူကလွဲရင်လည်းပေါင်း
မယ့်သူမရှိလောက်တော့ဘူး။ သနားတက်တဲ့
စိတ်အခံလေးကဒီအေးတိအေးစက်ကောင်လေး
အနားနေဖို့sehunကိုအမြဲလှုံ့ဆော်နေသည်။

" ဒိုရေမွန် ... "

အမယ်!မျက်လုံးတော့လှန်ကြည့်သားဟ။

နေပါဦး။သေချာကြည့်မှဒီရေခဲသားလေးရဲ့
မျက်လုံးတွေကဝိုင်းဝိုင်းလေးတွေပါလား?
နှုတ်ခမ်းလေးကလည်းsehunလိုပိစိ
သေးသေးလေးမဟုတ်ဘဲထူထူလေးနဲ့
ခပ်ဆူဆူလေးဖြစ်နေသည်။ ချစ်ဖို့ကောင်း
လိုက်တာ။

KISS AND KILL {Rate-m}[Completed]Donde viven las historias. Descúbrelo ahora