Part(10)

2.8K 327 49
                                    

🎤 မောင်ရေ ... အချစ်ရေ ... မောင်ရေ
တကယ်ချစ်ရဲ့လား ... မောင်ရေ ...
အချစ်ရေ ... မောင်ရေတကယ်ချစ်ရဲ့လား
တစ်စက္ကန့်လေးမှခွဲမနေချင်ဘူးကွယ် .....🎤

ရေချိုးခန်းထဲကမှန်ရှေ့တွင်မျက်နှာလေး
ကိုသဘာဝရှားစောင်းလက်ပက်ပင်လေး
ထဲကဂျယ်လေးတွေခြစ်ထုတ်ပြီးပျားရည်
ဖြင့်ရောနယ်ကာသုတ်လိမ်းနေလိုက်သည်။
ဖင်လေးလှုပ်တုတ်လှုပ်တုတ်ဖြင့်သီချင်းလေး
လည်းညီးနေရသေးသည်။

ရေချိုးခန်းဝတ်စုံလေးနဲ့ဖွင့်ထားတဲ့ရေချိုးခန်း
တံခါးကနေကုတင်ပေါ်မှာခုထိအိပ်ပျော်နေဆဲ
မောင့်ကိုချောင်းကြည့်လိုက်သည်။ မောင်က
အဖျားရှိန်ရှိသေးတာမို့ခုထိမနိုးသေးပေ။

မောင်နိုးလာတာနဲ့ပထမဆုံးမြင်ရမယ့်Sehun
မျက်နှာလေးသည်ဝင်းမွတ်ကြည်လင်နေ
အောင်ခုလိုစောစောထကာပေါင်းတင်နေရခြင်း
ဖြစ်သည်။ ချစ်သူရှေ့မှာဘယ်သူမဆိုလှချင်
ကြတာပဲလေ။

မျက်နှာလေးကိုရေအေးအေးဖြင့်သစ်လိုက်
ပြီးတစ်ရှုးလေးဖြင့်သာရေတွေကိုခပ်ဖွဖွ
သုတ်လိုက်သည်။ မျက်နှာသုတ်ပုဝါအကြမ်း
တွေကလည်းမျက်နှာအသားရည်ကိုထိခိုက်
စေသည်မို့။

အဝတ်ဘီဒိုရှေ့မှာမတ်တပ်ရပ်ရင်းဝတ်ရမည့်
အဝတ်ကိုနာရီဝက်လောက်ကြာအောင်စဉ်းစား
နေရသေးသည်။ ရွေးနေရင်းခေါင်းတွေမူးလာ
ပြီမို့မျက်စိရှေ့ဝင်လာတဲ့အဖြူရောင်အပွအကျီ
ကြီးကိုသာကောက်စွပ်လိုက်သည်။ ဘောင်းဘီ
ဝတ်ရန်ဘောင်းဘီရှာနေတုန်းကုတင်ပေါ်က
မောင်လူးလွန့်လာပြီမို့အနားကိုအပြေးလေး
သွားလိုက်ရသည်။

မျက်လုံးတွေခပ်ဖြေးဖြေးဖွင့်လာတဲ့မောင်ကြောင့်
မျက်နှာလေးကိုအလှဆုံးပြုံးထားကာမောင့်ကို
ငေးကြည့်နေလိုက်သည်။

" Morning မောင် ...
အူးမွ .... "

jonginမျက်လုံးဖွင့်ဖွင့်ခြင်းမှာပြီးပြည့်စုံ
သည့်ကမ္ဘာကြီးကိုမြင်တွေ့လိုက်ရသည်။
မွှေးပျံ့တဲ့ခပ်သင်းသင်းရနံ့လေးနဲ့အလှဆုံး
ပြုံးပြနေတဲ့ကျွန်တော့်ချစ်သူ။ ရုတ်တရက်
ကျွန်တော့်နဖူးလေးနွေးသွားရသည်။

KISS AND KILL {Rate-m}[Completed]Where stories live. Discover now