Part(36)

2.2K 268 59
                                    


Yixingကိုရီးယားကိုရောက်နေခဲ့တာလွန်ခဲ့တဲ့
လေးရက်လောက်တည်းကဖြစ်သည်။ ငယ်လေး
ရဲ့ဆက်သွယ်မှု့နဲ့အားလုံးကြိုတင်စီစဉ်ထားတဲ့
အတိုင်းဖြစ်ဖို့yixingလှို့ဝှက်စွာနေထိုင်နေ
ရသည်။

yixingရဲ့သက်တော်စောင့်Taoအပါ
အဝင်တရုတ်ရဲ့လက်ထောက်စုံစမ်းရေးမှုး
yifanနဲ့သုံးယောက်တည်းသာကိုရီးယား
မြေကိုခြေချပြီးတိတ်ဆိတ်စွာနေထိုင်နေ
ခဲ့သည်။

" အားလုံးစီစဉ်ထားတဲ့အတိုင်းပါပဲ
ဝန်ကြီးချုပ် ... "

အပြင်ကပြန်လာတဲ့yifanကစားပွဲခုံမှာထိုင်
ကာလက်တော့ထဲကတစ်စုံတစ်ခုကိုကြည့်
နေတဲ့yixingကိုခေါင်းညွှတ်အရိုအသေ
ပေးရင်းပြောသည်။

" ခဏနေရင်ငါတို့သွားကြတာပေါ့ "

လက်တော့ကိုအကြည့်မလွှဲဘဲyixingပြန်
ဖြေလိုက်သည်။ လက်တော့ထဲတွင်မိသားစု
တစ်စုကိုရက်ရက်စက်စက်သတ်ဖြတ်သွား
တဲ့Kimဆိုတဲ့လူရဲ့ပုံရိပ်ကထင်ရှားစွာ
ပေါ်လွင်နေသည်။

ဒီstickကိုyixingလက်ထဲjongin
ကိုယ်တိုင်ထည့်ပေးလိုက်တာဖြစ်သည်။
လွန်ခဲ့တဲ့နှစ်တွေထဲကyixingကိုပေး
ထားပြီးသားဖြစ်ပေမယ့်yixingမှာစဉ်းစား
စရာတွေများနေခဲ့ပြီးနောက်ငယ်လေးရဲ့ဇာတ်
ညွှန်းအတိုင်းသာလိုက်ပါရန်ဆုံးဖြတ်ခဲ့သည်။

မနေ့ညကမနက်3နာရီကျော်ကြီးyixingကို
ဖုန်းဆက်ကာအားလုံးအဆင်သင့်လုပ်ထား
ဖို့ပြောပြီးမနက်မိုးလင်းတာနဲ့သူ့ဆီလာခဲ့
ဖို့မှာသွားသည်။ ဒီလောက်ပြင်းထန်တဲ့စိတ်
ဓာတ်နဲ့အမုန်းတရားကိုyixingတစ်သက်
နဲ့တစ်ကိုယ်ဒီတစ်ခါသာမြင်ဖူးခဲ့ခြင်းဖြစ်သည်။

* gege... အစီအစဉ်တိုင်းဖြစ်မှဖြစ်မယ်
နော် ... * တဲ့။ ကလေးငယ်ရဲ့နာကျင်မှု့
ကိုမျက်ဝါးထင်ထင်မြင်ခဲ့ရသူအဖို့ငယ်
ရွေးချယ်တဲ့လမ်းကိုတားမြစ်ဖို့ရာတွန့်ဆုပ်
နေခဲ့သည်။

တကယ်ကိုကြောက်စရာကောင်းတဲ့ငယ်လေး
ဟာသူနာကျင်ရသမျှ၊ သူခံစားရသမျှနဲ့တန်
အောင်ဒီနေ့မှာထိုလူမဆန်တဲ့လူဆီက
အရာအားလုံးကိုအရယူတော့မှာ။ ထိုလူ့ဆီ
မှာအရာရာနှစ်မြုပ်ပြီးထိုလူရဲ့မရှိမဖြစ်လေး
ဖြစ်ပြီးတဲ့နောက်မှာမှရိုက်ချချင်ခဲ့တဲ့သွေး
အေးရက်စက်တဲ့ငယ့်ရဲ့အစီအစဉ်ကိုသူ့မှာ
တားပိုင်ခွင့်မရှိ။

KISS AND KILL {Rate-m}[Completed]Tempat cerita menjadi hidup. Temukan sekarang