Part(31)

2.8K 286 107
                                    

မြူတွေကြားမှတိုးဝင်လာသည့်အလင်းတန်းလေး
သည်ကားမှန်အနက်လေးကိုတိုးဖောက်ပြီးကား
နောက်ခန်းရှိကောင်လေးနှစ်ယောက်ထံသို့
ကျရောက်လာသည်။

အဝတ်မကပ်တဲ့ကျောပြင်ဖြူဖြူလေးကိုနေ
ရောင်လာထိတာကြောင့်အနဲငယ်လူးလွန့်သွား
သည့်ကောင်လေးကိုတစ်ရေးမှမအိပ်ဘဲရင်ခွင်
ထဲထည့်ဖက်ကာငေးကြည့်နေသည့်ကောင်
လေးကကားကြမ်းပြင်တွင်ပြန့်ကျဲနေသည့်
အကျီလေးနဲ့ခြုံပြီးကာကွယ်ပေးလိုက်သည်။

သူ့ခန္ဓာကိုယ်ပေါ်ထပ်လျက်အိပ်ပျော်နေသည့်
ကိုကို့မျက်နှာဖြူဝင်းဝင်းလေးကိုငေးကြည့်ရင်း
နှုတ်ခမ်းပါးတို့ပြုံးမိသည်။ လွန်ခဲ့ပြီးတဲ့အချိန်
နာရီအပိုင်းအခြားတစ်ခုကိုပြန်တွေးမိတော့
အိပ်မောကျနေတဲ့ကိုကို့မျက်နှာကိုအကြည့်
လွှဲမိရင်းကားအမိုးကိုသာအကြည့်ပို့လိုက်မိ
သည်။

" နိုးနေပြီလား? "

ရင်ခွင်ထဲကခေါင်းလေးထောင်လာကာအိပ်မှုံ
စုတ်ဖွားဖြင့်မေးသည်။ မျက်လုံးလေးတွေကို
လက်နဲ့ပွတ်သပ်နေရင်းသူ့ရင်ခွင်ထဲတစ်ဖန်
တိုးဝင်နေပြန်သည်။ ရင်ဘတ်ကိုပွတ်သပ်
နေသည့်ကိုကို့လက်ချောင်းသွယ်လေးများ
ကိုမတားဆီးမိ။ တစ်သွေးတည်းတစ်သားတည်း
ဖြစ်ပြီးသားလူနှစ်ယောက်အတွက်ကိုယ့်ခန္ဓာ
လည်းကိုကိုပိုင်သင့်သည်ပဲလေ။

" မောင် ..... "

" ဗျာ ...  "

" နာနေလား? "

" ....... "

ဒီအချိန်သူ့မျက်နှာတစ်ခုလုံးနီရဲနေမှာသိသည်။
ဒါကို ကိုကိုကမျက်နှာလေးမော့ကာပြုံးစိစိ
မျက်နှာဘေးလေးနဲ့မျက်ခုံးပင့်ကြည့်နေသည်။
ကိုကို့အတွက်သူ့ရဲ့ပထမဆုံးအကြိမ်ကိုပေး
အပ်ခဲ့တဲ့အတွက်နောင်တလည်းမရှိခဲ့ဘူး။
ချစ်ရတဲ့ကိုကိုဖြစ်တာမို့jonginဟာကျေ
နပ်နေခဲ့သည်။

သူ့ရဲ့အရာအားလုံးကိုကိုကိုပိုင်သွားပြီဆိုတဲ့
အသိကပျော်ရွှင်မှု့ကိုပေးသည်။ သူသည်
ယောက်ျားတစ်ယောက်မို့အခြားယောက်ျား
တစ်ယောက်ရဲ့လိုအင်ဆန္ဒအားဖြည့်ဆည်း
ပေးဖို့ဟာခက်ခဲတဲ့ဆုံးဖြတ်ချက်ပေမယ့်
အဲ့ဒီ့ယောက်ျားကကိုကိုဖြစ်နေသည်မို့
jonginအတွက်နောင်တမရှိခဲ့ခြင်းဖြစ်သည်။

KISS AND KILL {Rate-m}[Completed]Dove le storie prendono vita. Scoprilo ora