Part(18)

2.3K 243 85
                                    


နောက်အပတ်ဆိုရင်Sehunလည်းဒုတိယနှစ်
ကျောင်းဖွင့်ပြီမလို့လန်ဒန်ပြန်ရတော့မည်ဖြစ်
သည်။ အမှန်ဆိုsehunလန်ဒန်ကိုပြန်မသွား
ချင်တော့။ အခုတလောဖေဖေ့ကျန်းမာရေးကလည်း
တော်တော်ဆိုးရွားလာသလိုပင်။ မေမေလည်း
နေ့နေ့ညညဖေဖေ့အနားနေရင်းပိုပိန်သွားသည်။

ဒီအိမ်အတွက်sehunသည်တစ်ဦးတည်းသော
အသွေးအသားဖြစ်သည့်အလျောက်ဖေဖေ့နဲ့
မေမေ့ကိုပစ်မထားချင်ခဲ့။ သို့သော်ဖေဖေ့ရဲ့
တရားသေအမိန့်ကြောင့်Sehunမဖြစ်မနေ
လန်ဒန်ပြန်ရမည်ဖြစ်သည်။ နဂိုအတိုင်းဆိုရင်
ဖေဖေသည်sehunတစ်ခွန်းပူဆာရုံဖြင့်မျက်နှာ
အညိုးမခံဘဲအလိုလိုက်ခဲ့သော်လည်းအခုနောက်
ပိုင်းဖေဖေသည်sehunကိုဒီနိုင်ငံနဲ့ဝေးရာကို
သာတွန်းပို့နေသလိုခံစားရသည်။

" သားငယ် .... "

စောင်ပုံထဲကမထချင်သေးသည့်sehunရဲ့
အတွေးယာဉ်ကြောကိုအခန်းတံခါးဖွင့်သံနဲ့
အတူမေမေ့ရဲ့ခပ်သင်းသင်းကိုယ်နံ့ကတိုက်
ဖျက်သွားသည်။

နဖူးပေါ်ခပ်နွေးနွေးအနမ်းလေးမေမေပေးပြီးနောက်
လေအေးပေးစက်ကိုပါပိတ်လိုက်သံကြားလိုက်ရ
သည်။ မေမေ့ဘက်ကိုကျောပေးထားကာလိုက်ကာ
အပြာလေးချထားသည့်ပြတင်းပေါက်ကိုသာ
sehunငေးကြည့်နေခဲ့သည်။

" သားငယ် ... ဒီနေ့chenတို့ရွာကိုလိုက်သွား
မလို့ဆို ... ထတော့လေ ... ခနနေchenလေး
လာခေါ်တော့မယ် ... "

မရှိမယ့်ရှိမယ့်တစ်ဦးတည်းသောသူငယ်ချင်းလေး
chenနဲ့လန်ဒန်မပြန်ခင်အတူတူအချိန်းဖြုန်း
ချင်သေးတာကြောင့်chenတို့ရဲ့အဘိုးနေတဲ့
ရွာကိုနေ့ချင်းပြန်လိုက်သွားဖို့ဆုံးဖြတ်လိုက်သည်။

chenတို့ကအသေးစားcompanyပိုင်ရှင်
လေးတွေဆိုသော်လည်းတင့်တောင်တင့်တယ်
ိဲနဲ့အတော်အဆင်ပြေသည့်မိသားစုလေးဖြစ်သည်။
sehunတို့လောက်မပြည့်စုံသော်လည်းတန်းတူ
နေနိုင်လောက်တဲ့အထိအေးချမ်းတဲ့မိသားစုလေး
ထဲကchenနဲ့ခင်မင်ခွင့်ရခဲ့သည်မှာsehun
အတွက်ဆုလာဒ်တစ်ခုပင်။

" မေမေ ... hunဟိုမှာကျောင်းမတက်ချင်
တော့ဘူး ... ဒီမှာပဲchenနဲ့အတူဆက်တက်
လို့ရတာပဲကို ... "

KISS AND KILL {Rate-m}[Completed]Donde viven las historias. Descúbrelo ahora