Part(14)

2.5K 297 126
                                    

" မေမေ!! Hunပန်းခြံကရေခဲမုန့်ဆိုင်
ခဏသွားဦးမယ်နော် ... "

သားတော်မောင်ရဲ့အောက်ထပ်ဆင်းလာတဲ့
တစ်ဒုန်းဒုန်းခြေသံနဲ့အတူမီးဖိုချောင်အပေါက်
ဝကနေအော်ဟစ်သတိပေးမှု့ကြောင့်တည်
လက်စဟင်းအိုးကိုခဏပိတ်ရင်းယောင်းမကြီး
ကိုင်ကာအမြန်အရှေ့ထွက်လိုက်သည်။

" မုန့်ဖိုးရှိသေးလား? "

" ဖေဖေ့အံဆွဲရှိနေသရွေ့hunမုန့်ဖိုး
မပြတ်ပါဘူးချစ်မေမေရဲ့ ... "

ဖိနပ်အဝါလေးကိုကြိုးချည်နေရင်းခေါင်းလေး
မော့ကာပြုံးစစဖြင့်ပြောလာသည်။

" ရေခဲမုန့်တွေအများကြီးမစားနဲ့နော် "

" ဟုတ်ကဲ့ပါမေမေရယ် ... hunကလည်း
စားချင်လွန်းလို့မဟုတ်ပါဘူး ... ဒီရင်ဘတ်
ထဲကနွေကန္တာရလိုပူလောင်နေလွန်းလို့သွား
စားရတာပါ ... "

" စကားကြီစကားကျယ်တွေပြောပြန်
ပြီhunငယ် ... ရှင်ကဘာကိစ္စနွေ
ကန္တာရဖြစ်နေရတာလဲ? "

ချစ်ရတဲ့သားငယ်အလည်လေးကိုမျက်စောင်း
နုနုလေးထိုးကာမေးလိုက်တော့ချက်ချင်း
မျက်နှာလေးငယ်ကျသွားပုံများ။ ဒင်းလေးကို
အနုပညာတက္ကသိုလ်တက်ခိုင်းလိုက်သင့်တာ။

" ဘယ်လိုဖြစ်ရမှာလဲချစ်မေမေရယ် ...
မနက်ဖြန်ဆိုရင်ပဲ သားဘဲကြီးရေခြား
မြေခြားကိုသွားရတော့မယ်လေ ...
Hunကခွဲရမယ့်နှစ်တွေကိုကြိုတွေးမိ
တော့ပူလောင်နေရတာပေါ့ ... ဒါတွေပြော
ပြလည်းမေမေနားလည်မှာမဟုတ်ပါဘူး "

" ဆိုတော့ရှင်လေးကလင်ပူမိနေတယ်ပေါ့ "

" ဟိဟိ ... လင်တဲ့ hunကြိုက်တယ် "

သွားလေးဖြီးကာမျက်လုံးလေးတွေကွေးသွား
တဲ့အထိသဘောတော်ကျနေသည်။ မနိုင်စိန်
မို့ခေါင်းသာအသာယမ်းနေမိတော့သည်။

ငါလေတော်ပါသေးရဲ့။ သားမွေးမိလို့။
ဒီလိုယွပိုးထိုးပုံမျိုးနဲ့သမီးသာမွေးထား
မိရင်ဒီအချိန်ငါအဖွားဘွဲ့ရနေလောက်
ပြီမလား?


***********

လမ်းထိပ်ကပန်းခြံလေးထဲမှာခရမ်းရောင်
ရေခဲမုန့်ဆိုင်ကြီးရှိတယ်။ ဘာအရသာဖြစ်
ဖြစ်သူ့ဆိုင်ကစားလို့တအားကောင်းပဲ။
ဘယ်လောက်စားစားချောင်းလည်းမဆိုးဘူး
ဆိုတော့hunhunတို့အကြိုက်ပေါ့။

KISS AND KILL {Rate-m}[Completed]Where stories live. Discover now