အိမ်တော်မှာနေတာဒီနေ့နဲ့ဆိုနှစ်ရက်ရှိပြီ။
ဘယ်လိုမှအဆင်မပြေတော့ဘူး။ ကလေးကို
လွမ်းလွန်းလို့တွေ့ချင်နေမိပြီ။ ခန္ဓာကိုယ်
သေးသေးလေးကိုတင်းတင်းကြပ်ကြပ်ဖက်
တွယ်ရင်းအိပ်ချင်သည်။ လူဆိုးလေးဟာ
ဖုန်းခေါ်ရင်တော့ကိုင်ပါရဲ့ ပြီးရင်အကြောင်း
ပြချက်ပေါင်းစုံဖြင့်ဖုန်းချချသွားတက်သည်။ကလေးလေးရေ ဘယ်အတိုင်းအတာထိကိုယ့်
ကိုရူးသွပ်စေချင်လဲ? ကိုယ့်မှာသွားလည်း
ဒီစိတ်၊ စားလည်းဒီစိတ်နဲ့ကြာရင်လုံးပါးပါးရ
ချည်ရဲ့။ အသံလေးကြားချင်တာမို့ဖုန်းဆက်
ကြည့်ရင်အဆိုးအဆာလေးကထုံးစံအတိုင်း
ဖုန်းမကိုင်ပြန်ဘူး။အလိုလိုက်ခံထားရတဲ့ကလေးတွေကအရမ်း
ဆိုးတယ်ဆိုတာတကယ်ပဲကိုး။" မောင် ... "
ခါးနားကိုရစ်တွယ်လာတဲ့ပန်းနုရောင်လက်သည်း
ရှည်လေးတွေနဲ့ဖြူသွယ်သွယ်လက်လေးနှစ်ဖက်။" ကျွန်မအခုတလောပျော်တယ်သိလားမောင် "
" ..... "
" ကျွန်မချစ်တဲ့ယောက်ျားကကျွန်မအနားမှာ
တစ်ရက်ထပ်ပိုပြီးနေပေးနေတဲ့အတွက်လေ
မောင့်စိတ်ကဒီမှာရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်
စေ ... မောင့်ကိုမြင်နေရတာနဲ့တင်ကျွန်မ
အရမ်းပျော်နေပြီ ... "နောက်ကျောပေးထားမိတဲ့ခန္ဓာကိုယ်ကိုသူမ
လက်ကလေးတွေဖြင့်ဆွဲလှည့်ပြီးမျက်နှာချင်း
ဆိုင်စေသည်။ မက်မက်မောမောငေးကြည့်
နေတက်သည့်သူမမျက်လုံးလေးတွေကဟိုး
အရင်တုန်းကအတိုင်းမပြောင်းလဲသေးဘူး။
အမှန်ကသူမ မပြောင်းလဲခဲ့တာဖြစ်မည်။" မောင် .... တစ်စုံတစ်ယောက်ကိုချစ်ရတဲ့
ခံစားချက်ကဘယ်လိုနေလဲမောင် ... အနာတရ
ထဲမှာပျော်မွေ့ရတဲ့ခံစားချက်နဲ့မတူဘူးလား ..."" ဒါပေမယ့်ကိုယ်ပျော်နေတာပဲလေ "
ကျွန်တော့်စကားအဆုံးသူမပြုံးသည်။ တကယ်
ကိုဖျော့တော့နေသည့်အပြုံးမျိုးနဲ့။" သူမောင့်ကိုချစ်ရဲ့လား? "
" သူ့မှာကိုယ်ကလွဲရင်မရှိဘူးလေ "
KAMU SEDANG MEMBACA
KISS AND KILL {Rate-m}[Completed]
Fiksi Penggemarအနမ်းတွေနဲ့ချော့သိပ်ပေးမယ် မင်းကထာဝရအိပ်စက်ပေးရုံပါပဲ #Kim Jongin #Oh Sehun #KaiHun Story lines by Prettynoona_94 အနမ်းတွေနဲ့ချော့သိပ်ပေးမယ် မင်းကထာဝရအိပ်စက်ပေးရုံပါပဲ #Kim Jongin #Oh Sehun #KaiHun Story lines by Prettynoona_94