SH Cotton Design Company ၏CEO ရုံးခန်းထဲ၌ ဆိုဖာပေါ်တွင်အခန့်သား ထိုင်နေရင်း မျက်နှာချင်းဆိုင်ဘက်သို့ ကြည့်လိုက်မိသည်။
" မကြာခင်ရောက်လာတော့မှာပါ အစည်းအဝေးရှိနေလို့လို့ အကြောင်းကြားထားတာပဲဥစ္စာ "
မျက်နှာထားတည်တည်ဖြင့် လက်ပိုက်ရင်း ငြိမ်သက်စွာ ထိုင်နေသော Yixing အား Tao ဖြောင်းဖြကာပြောလိုက်သည်။
Yixing ကမျက်မှောင်ကြုတ်ကာ Tao အားမေးဆတ်ပြသည်။ Tao က လက်ပတ်နာရီအား တစ်ချက်ကြည့်လိုက်ပြီး
" ၁၅မိနစ် ပဲရှိပါသေးတယ်ကွာ နည်းနည်းထပ်စောင့်လိုက်ရင် လာတော့မှာပါ "
သူ့အားမျက်စောင်းထိုးရင်း တစ်ဖက်သို့လှည့်သွားသည့် Yixing ကြောင့် Tao စိတ်ညစ်သွားရသည်။ နဂိုထဲကမှ ငြင်းချင်နေတာ အခုတော့ အကြောင်းပြချက်တွေ ပေးတော့မှာ ကျိန်းသေသည်။
Superstar ဂုဏ်ပုဒ်နဲ့အညီ အကောင်းစား ရှာပေးထားတာတောင်မှ ဂျီးများချင်သေးသည့် Yixing ကိုသူနားမလည်နိုင်တော့။
ဒီဇာတ်ကားသစ်ရိုက်ပြီးလို့ အားလုံးကိစ္စချော ပြီဆိုရင် အလုပ်ထွက်ဦးမည်ဟု သူတွေးထားလိုက်သည်။
ဒီလိုလဲမဖြစ်သေးပါဘူး ငါမရှိမှပိုဒုက္ခများ နေဦးမယ် နဂိုကမှ ဇီဇာကြောင်လွန်းတာ ဒီသိုးကဘယ်မန်နေဂျာအသစ်နဲ့မှလဲ တည့်မယ့်ပုံမပေါ်ဘူး။
တော်ကြာ အသစ်နဲ့မတည့်ပဲ ရန်ဖြစ်နေမှ ပြဿနာက ကိုယ့်ဘက်လှည့်လာဦးမယ်။ ခံရမဲ့ကံ ရှိသရွေ့တော့ခံရဦးမှာပေါ့ Haung Zi Tao ရာ။
ထိုအတွေးတို့နှင့်အတူ Designer မြန်မြန်လာရန်သာ Tao ဆုတောင်းနေမိသည်။
SH Cotton သို့ရောက်နေသည်မှာ ၁၅မိနစ်မျှသာ ကြာသေးသည်ဆိုသော်ငြား အမှန်တကယ်ချိန်းဆိုချက်အရ ၄၅မိနစ်ပင် ကြာနေပြီ ဖြစ်သည်။
မနေ့က Tao ချီးမွမ်းခန်းဖွင့်ထားသည့် Korea Top1 ဒီဇိုင်းနာအား သိပ်မကြည်သည့်အတွက် နောက်ကျမှလာရန် သူရည်ရွယ်ခဲ့သည်။
ထို့ကြောင့် ၁နာရီလောက် နောက်ကျစေရန် ရည်ရွယ်ထားပေမယ့် ကလေးဆန်သည်ဟု ခံစားရတာကြောင့် နာရီဝက်ကျော်ကျော်ခန့် နောက်ကျပြီးမှလာခဲ့သည်။
YOU ARE READING
HONEY, DON'T RUN AWAY!「𝙓𝙄𝙉𝙂𝙃𝙊」Idol Couple [Completed]
Fanfictionချိုမြိန်ခြင်းတွေ နဲ့ပြည့်နှက်နေတဲ့မင်းက ကိုယ့်ရဲ့HONEY~ (ZhangYixing) " စိတ်တော့မကောင်းပေမယ့် ကျွန်တော်ခင်ဗျားကို... လုံးဝစိတ်မဝင်စားဘူး Lay Ssi '' (KimJunMyeon) ~ဒါဆိုလဲ မင်းကိုယ့်အပေါ် အရည်...