" Ge "
ခေါ်သံကြောင့် မြောင်မြောင်အား ပွတ်သပ်နေရာမှ အသံလာရာသို့ ကြည့်လိုက်သည်။
" ကျွန်တော် မရှိတဲ့အချိန်မှာ မြောင်မြောင်လေးကို ဂရုစိုက်ပေးနော် "
" Tao ကဘယ်ကိုသွားမလို့လဲ? "
" မားက အိမ်ပြန်မှာမို့လို့ ကျွန်တော်ပါလိုက်ရမှာ "
Yifan တိတ်ဆိတ်လို့ သွားသည်။ အမြဲလိုလို နေ့စဉ်မပြတ်လာတွေ့ဖြစ်တာ ၁လပင်ပြည့်ပြီမို့ ရုတ်တရက်ဆိုသလို ခွဲခွာရခြင်းအား သူလက်မခံနိုင်ပေ။
မျက်နှာအရောင်နွမ်းသွားကာ အသံတိတ်သွားသည့် Yifan ကြောင့် Tao စိတ်မကောင်းဖြစ်သွားသည်။ Yifan အနားသို့သွားကာ ဒူးအားလက်ပိုက်ကာ ကျုံ့ကျုံ့လေး ထိုင်ချသည်။
Yifan ပေါင်ပေါ်၌ လှဲလျောင်းကာ ဇိမ်ခံနေသော မြောင်မြောင်လေးအား ပွတ်သပ်ပေးရင်း ဆိုသည်။
" မြောင်မြောင်လေး ဝလာသလိုပဲ၊ ge ကကောင်းကောင်းဂရုစိုက်ပေးလို့ ထင်တယ် ပိုလဲချစ်ဖို့ကောင်းလာတယ်နော် "
ကြောင်ကလေးအား ပွတ်သပ်ပေးနေသည့် လက်ငယ်လေးအား Yifan ဖမ်းဆုပ်ကာ မဝံ့မရဲမေးလိုက်သည်။
" ဘယ်တော့လဲ?...ပြန်လာမှာက "
" အွန်း... "
စဉ်းစားနေဟန်ဖြင့် အသံဆွဲကာပြောလာသည့် အဆိုးလေး ကြောင့် Yifan ငြိမ်ငြိမ်မနေနိုင်ဖြစ်လာသည်။
" ၃၊ ၄ရက်လောက်ပါပဲ ge ရဲ့...ဟီဟီ "
သူ့အားစနောက်သယောင် ပြောလာသော အဆိုးလေးကြောင့် Yifan သက်မောချသည်။ အဆိုးလေးနဲ့ ရက်တော်တော်ကြာအောင် ခွဲနေရဦးမည်ပဲ၊ သူရင်လေးလာသည်။
" hmm..အ့လိုရုပ်ကြီးမဲ့မနေနဲ့လေ ge ရာ "
ပြောပြောဆိုဆိုဖြင့် သူ့ပါးပြင်နှစ်ဖက်အား ဆွဲကိုင်ကာဖျစ်နေသော အဆိုးလေး၊ Yifan နှုတ်ခမ်းစွန်းနှစ်ဖက်အား လက်ညိုးနှစ်ခုဖြင့်ထိကာ ပြုံးအောင်လုပ်လာသည့် ကလေးငယ်၏ မျက်နှာအား ဖြည်းညင်းစွာ လက်ဖြင့်ထိကြည့်သည်။
မျက်နှာအားထိလာသည့် လက်အား Tao မှလက်ဖြင့်ကိုင်ကာ Yifan လက်ဖြင့်သူ့ပါးပြင်အား တိုးဝှေ့သည်။
YOU ARE READING
HONEY, DON'T RUN AWAY!「𝙓𝙄𝙉𝙂𝙃𝙊」Idol Couple [Completed]
Fanfictionချိုမြိန်ခြင်းတွေ နဲ့ပြည့်နှက်နေတဲ့မင်းက ကိုယ့်ရဲ့HONEY~ (ZhangYixing) " စိတ်တော့မကောင်းပေမယ့် ကျွန်တော်ခင်ဗျားကို... လုံးဝစိတ်မဝင်စားဘူး Lay Ssi '' (KimJunMyeon) ~ဒါဆိုလဲ မင်းကိုယ့်အပေါ် အရည်...