HONEY ll15ll

794 93 28
                                    


Yixing ၏hotel အခန်းသို့ရောက်သည်နှင့် အိပ်ယာပေါ်တွဲတင်ကာ လှဲလျောင်းစေသည်။ Yixing မျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်မိုးထိကိုင်ကာ ပါးပြင်အားပုတ်သည်။

" Lay Shi... သတိထားပါဦး Lay! "

မျက်ခုံးကျုံ့ကာ နှုတ်မှတအင်းအင်းရေရွတ်ရင်း နာကျင်မှုတွေ ကျိတ်မှိတ်ခံစားနေသော Yixing ကိုကြည့်ပြီး စိုးရိမ်လာသည်။

" ပူ... ပူတယ်... အင်းးး... "

" Lay... အဆင်ပြေရဲ့လား "

" ပူ... တယ်... "

" ဟမ်? "

Junmyeon အာရုံစိုက်နားထောင်ရင်း ဘာလုပ်ရမည်ကို သိသွားတာကြောင့် ရေချိုးခန်းအတွင်းသို့ ပြေးဝင်သွားသည်။

ရေအပြည့်ဖြည့်ထားသော ရေဖလားတစ်ခုအတွင်း ရေခဲများစိမ်ကာ သပတ်တစ်ခုကိုပါ ယူဆောင်လာခဲ့သည်။

သပတ်ကို ရေထဲနစ်ကာ ရေများပြန်ညစ်ချသည်။ ထို့နောက် Yixing ၏မျက်နှာနှင့် လည်ပင်းတွေကို သုတ်ပေးသည်။

" အင်းးး... ပူတယ်... အရမ်း... "

ညည်းညူနေသော Yixing ကြောင့်ကိုယ်အောက်၌ ခြုံပေးထားသော မာဖလာအဖြူအားဖယ်ရှာလိုက်သည်။ အဝတ်မဲ့နေသော Yixing ၏ခန္ဓာကိုယ်အပေါ်ပိုင်းအား ရေပတ်တိုက်ပေးသည်။

နာရီဝက်ကြာအောင် ရေပတ်တိုက်ပေးတော့မှ နည်းနည်းငြိမ်ကျသွားသည်မို့ Junmyeon နဖူးမှချွေးစတွေကို လက်ခုံဖြင့်သပ်ကာ သက်မောချနိုင်တော့သည်။

" Ding Dong~ "

လူခေါ်ဘဲလ်တီးသံကြားတာကြောင့် Junmyeon တံခါးပေါက်သို့ အမြန်ပြေးသွားကာ ဖွင့်လိုက်သည်။

" ဘာတွေလောနေတာလဲ Junmyeon "

" Minseok Hyung! မြန်မြန်လာ "

Family doctor ဖြစ်သူ Kim Minseok အား Yixing ရှိရာသို့ သူအမြန်ဆွဲခေါ်လာလိုက်သည်။

" Hyung သူ့ကိုကြည့်ပေးပါဦး "

Minseok ကုတင်ပေါ်ရှိ ကိုယ်အပေါ်ပိုင်း ဗလာကျင်းဖြစ်နေသူကိုကြည့်ပြီး Junmyeon ဘက်သို့ပြန်လှည့်ကြည့်သည်။

ကြေမွနေသော အဝတ်အစား၊ ရှုပ်ပွနေသောဆံပင်တွေနှင့် သူ့အားမောဟိုက်ကာ စိုးရိမ်နေသံဖြင့် အကူအညီတောင်းလာသော Junmyeon...

HONEY, DON'T RUN AWAY!「𝙓𝙄𝙉𝙂𝙃𝙊」Idol Couple [Completed]Where stories live. Discover now