HONEY ll14ll

770 95 57
                                    

♥♥ELECTRIC KISS♥♥

Mart တစ်ခု၏ အစားအသောက်တန်း၌ လက်တွန်းလှဲဖြင့် ဈေးဝယ်ထွက်နေသော လူတစ်ယောက်၊ အချိန်အားဖြင့် ညနေ ၄း၃၀ ဖြစ်သည်။

အိမ်မှထွက်လာသောကြောင့် ထွေထွေထူးထူး မဟုတ်သည့် အနွေးထည်ပွပွတစ်ထည်၊ မာဖလာအဖြူဝတ်ဆင်၍ ဈေးဝယ်ထွက်လာခဲ့သည်။

" Hyung က Chicken မကြိုက်ဘူး အမဲသားဖြစ်ဖြစ် သုံးထပ်ထားဖြစ်ဖြစ်ပဲဝယ်ရမယ် ပြီးတော့ ပင်လယ်စာတစ်ခုခု... "

ပင်လယ်စာချက်ရန် ခမာကောင်များအား ရွေးနေစဉ်ရုတ်တရက် အနောက်မှအရှိန်ဖြင့် ဝင်တိုက်သောလူကြောင့် ပက်လက်လန်လဲကျသွားသည်။

လန့်ဖျန့်ကာ မျက်လုံးမှိတ်ထားမိတော့ နာကျင်မှုကိုမခံစားရ ထိုအစားတောင့်တင်းသည့် လက်မောင်းတစ်ဖက်ကိုသာ ခံစားမိသည်။

" ဟမ်? "

နှာခေါင်း၌ Mask အနက်ရောင်တပ်ဆင်ထားပြီး ခေါင်း၌ဦးထုပ်ကို ခပ်ငိုက်ငိုက်ဆောင်းထားသော လူတစ်ယောက်။

ထိုလူ၏လက်မောင်းက သူ့လည်ပင်းကိုခုထားပြီး ကြမ်းပြင်နှင့် သူ့ခေါင်းအောက်သို့ မထိခိုက်မိစေရန် ကာကွယ်ပေးထားခဲ့သည်။

ထိုလူကသူ့အပေါ် မှောက်လျက်အုပ်မိုးထားသော အနေအထားမျိုးဖြစ်ပြီး မျက်နှာအားဖုံးကွယ်ထားသောကြောင့် အနည်းငယ်ကျဉ်းသော မျက်ဝန်းတို့က သူ့ကိုတွေ့တော့ ဝိုင်းစက်ကာအံ့သြသွားပုံရသည်။

" နည်းနည်းလောက် ဖယ်ပေးပါလား... ကျွန်တော်ထလို့မရလို့... "

" aww... omm "

ထိုလူကဖယ်ပေးလိုက်ပြီး သူ့အားထနိုင်ရန် ဆွဲထူမပေးသည်။ သူ့အနွေးထည်လက်များအား ဖုန်ခါရင်းအလုပ်ရှုပ်နေတုန်း ထိုလူကအနောက်ဖက်သို့လည်ပြန်ကြည့်ကာ အလျင်လိုနေသည်။

" ကျေးဇူး...အဲ... "

သူ့ဘက်သို့ပြန်လှည့်လာသော ထို mask နဲ့လူ၏မျက်ဝန်းထဲ၌ မှန်းဆမရသည့် အရိပ်ယောင်များ လွှမ်းမိုးနေသည်။ ထို့နောက် တခွန်းမှမဆိုဘဲ လက်ကောက်ဝတ်မှ ဖမ်းဆုပ်ကာ အလျင်အမြန်ဆွဲခေါ်လာခဲ့သည်။

HONEY, DON'T RUN AWAY!「𝙓𝙄𝙉𝙂𝙃𝙊」Idol Couple [Completed]Where stories live. Discover now