HONEY ll10ll

1K 114 48
                                    


အခန်းကျယ်ကျယ်တစ်ခု၌ Fashion နှင့်ပတ်သက်သည့် ကိရိယာတန်ဆာပလာများ၊ စက်အချို့တို့ စနစ်ကျနစွာတည်ရှိနေသည့် ထိုနေရာသည် Junmyeon ၏ကိုယ်ပိုင်ဒီဇိုင်းများ ချုပ်လုပ်သည့်သီးသန့်အခန်းဖြစ်သည်။

တစ်နည်းအားဖြင့် Junmyeon ဝါသနာပါသည့် အလုပ်ဖြစ်တာကြောင့် Junmyeon ၏အဖိုးတန်လှသည့် ကိုယ်ပိုင်ကမ္ဘာလေး ဟုဆိုနိုင်သည်။

Junmyeon ၏အပြုအမှုနှင့် စိတ်သဘောထားအရ သူ၏အလုပ်ခန်းထဲသို့ မည်သူမျှကို ပေးဝင်မည့်ပုံမပေါ်။ စနစ်ကျသူတစ်ယောက် ဖြစ်တာကြောင့် အခန်းသန့်ရှင်းရေးလည်း ကိုယ်တိုင်သာ လုပ်မည်ဖြစ်သည်။

Junmyeon အတွက်အရေးပါလှသော  သီးသန့်ကမ္ဘာလေးအား သူ့ကိုခေါ်ဆောင်လာသည်ကြောင့် Yixing ကြည်နူးမိသည်။ သူထင်သလောက်လည်း Junmyeon မှသူ့အားသူစိမ်းမဆန်ခြင်းကြောင့် စိတ်အေးမိသည်။

ဤအချက်ကြောင့် သူ့၌ Junmyeon ထံမှအမှတ်ယူခွင့် ရှိသေးသည်ဟု Yixing သတ်မှတ်လိုက်သည်။ ပို၍ပျော်ရွှင်မိသည်က ယုန်ကလေးထံမှ နီးကပ်စွာ ရင်းရင်းနှီးနှီး ဆက်ဆံမှုကြောင့် Yixing သူ၏ယုန်ကလေးနှင့် နီးစပ်သလို ခံစားရသည်။

ကြီးမားသည့်သူ၏ လက်ချောင်းရှည်များအား အုပ်မိုးလျက်ဆုပ်ကိုင်ထားသည့် ယုန်ကလေး၏ လက်သေးသေးလေးအား ပျော်ရွှင်စွာသူကြည့်နေမိသည်။

တကယ်ပဲ အချစ်ကလူတွေကို ပြောင်းလဲစေနိုင်ပါသည်။  စိတ်တိုင်းကျ နေလာခဲ့သည့် သူ၏ဘဝ၌ စိတ်မြန်လက်မြန်လွန်းသည့်သူမှာ Kim Junmyeon ဟူသည့်ယုန်ကလေးကြောင့် အတွေးများလွန်းသူတစ်ယောက် ဖြစ်လာခဲ့သည်။

" အခုမှ လတ်စသတ်တုန်းမို့လို့ နည်းနည်းတော့ ရှုပ်ပွနေတာ စိတ်မရှိပါနဲ့ဗျာ "

ဆုပ်ကိုင်ထားခံရသည့် သူ့လက်အား လွှတ်ပေးပြီးသည့်တိုင်အောင် ယုန်ကလေး၏ လက်သေးသေးလေးထံမှ နွေးထွေးမှုတို့က ကျန်ရစ်နေခဲ့သည်ကို ခံစားရသည်။

ဝတ်စုံများနှင့် အလုပ်ရှုပ်နေသော ယုန်ကလေးမှာ  goal club မှာ bowling ကစားတုန်းကကဲ့သို့ပင် စိတ်အားထက်သန်မှုတို့ ရှိနေသည်။ Junmyeon အတွက်အရေးပါသော၊ ဝါသနာပါသော၊ Junmyeon နှစ်သက်သောအရာများတွင် သူပါအတူရှိနေရ၍ Yixing ကျေနပ်မိသည်။

HONEY, DON'T RUN AWAY!「𝙓𝙄𝙉𝙂𝙃𝙊」Idol Couple [Completed]Where stories live. Discover now