" ဒီနေ့တော့ဒီလောက်ပဲရပ်တာပေါ့၊ ဆက်တင်ပြမယ့်အရာတွေကို အတွင်ရေးမှူးမာကပဲ တာဝန်ယူစီစစ်ထားလိုက်ပါ "အစည်းအဝေးပွဲကို မြန်မြန်အဆုံးသတ်လိုက်ပြီး အိမ်ပြန်ရန်သာ သူစိတ်လောနေခဲ့သည်။ ဒီနေ့အတွင်း လေးလံနေသောစိတ်များကြောင့်သူ Hyung အတွက်စိုးရိမ်မိသည်။
** Hyung ဆေးသောက်ဖြစ်ရဲ့လား **
** အပြင်ပဲသွားနေလား? ဒါတော့မဖြစ်နိုင်ဘူး **
Hyung ကသူ့စကားကို နားထောင်တတ်တာကြောင့် Junmyeon သက်ပြင်းချရင်း စိတ်လျော့လိုက်သည်။
Kim အိမ်တော်သို့သာ ဦးတည်လျက် ကားမြန်မြန်မောင်နှင်လာခဲ့သည်။ အိမ်ရောက်တော့ အသံမကြားရ၍ maid တွေကို သူမေးကြည့်လိုက်သည်။
" အစ်ကိုလေး ဆေးသောက်ပြီး အနားယူဖို့အပေါ်ထပ် တက်သွားပါတယ် သခင်လေး "
Junmyeon အပေါ်ထပ်သို့ ခပ်သွက်သွက်ပြေးတက်လိုက်ပြီး အခန်းထဲဝင်ကြည့်လိုက်သည်။ ဘယ်သူမှရှိမနေသည့် အခန်းကြောင့် Junmyeon အပေါ်ကုတ်အင်္ကျီကိုချွတ်ပြီးချိတ်ဖြင့်ချိတ်လိုက်သည်။
ကိုယ့်အခန်းမှာရှိမနေသည့် Hyung ကြောင့် Junmyeon ခပ်ပေါ့ပေါ့သာတွေးလိုက်မိသည်။
" Hyung သူ့အခန်းမှာသူ ရှိနေမယ်ထင်တယ်... "
" Hyung ရဲ့အခန်း...?... "
** သွားပြီ!!! **
Hyung နိုင်ငံခြားမှပြန်လာရင် အဆင်သင့်နားလို့ရအောင် အခန်းသစ်လုပ်ထားပြီးသား ရှိပေမယ့် အခန်းသစ်အတွက် သော့ကသူ့ဆီမှာ၊ အခုထိ Hyung ကိုမပေးရသေးသလို အပိုသော့လည်းမလုပ်ရသေးတာ သတိရလိုက်သည်။
Junmyeon အခန်းထဲမှ အမြန်ထွက်ပြီး ရှေ့ဆက်လျှောက်ကာ လမ်းအဆုံးရှိ အဖြူရောင်တံခါးလေးအား တွန်းဖွင့်ကြည့်လိုက်သည်။
" Hyung! "
မွေ့ယာထောင့်စွန်း၌ ခွေခွေလေးအိပ်နေရင်း ရှိုက်ငိုနေသော Hyung ကြောင့်သူထိတ်လန့်စွာ အိပ်ယာပေါ်သို့ပြေးသွားလိုက်သည်။
" Hyung... Hyung! "
" xxxx... "
" သတိထားပါဦး Hyung! "
YOU ARE READING
HONEY, DON'T RUN AWAY!「𝙓𝙄𝙉𝙂𝙃𝙊」Idol Couple [Completed]
Fanficချိုမြိန်ခြင်းတွေ နဲ့ပြည့်နှက်နေတဲ့မင်းက ကိုယ့်ရဲ့HONEY~ (ZhangYixing) " စိတ်တော့မကောင်းပေမယ့် ကျွန်တော်ခင်ဗျားကို... လုံးဝစိတ်မဝင်စားဘူး Lay Ssi '' (KimJunMyeon) ~ဒါဆိုလဲ မင်းကိုယ့်အပေါ် အရည်...