" Suho... Jun! "" ....... "
Junmyeon အနောက်သို့ လှည့်ကြည့်သည့်အခါ Yixing အားအရင်မမြင်ရချေ။ ထိုအစား မိန်းကလေးတစ်ယောက်နှင့် စကားပြောနေသည့် Yixing ၏အားတုံ့အားနာနေပုံကိုသာ တွေ့လိုက်ရသည်။
Junmyeon စိတ်တိုတိုဖြင့် အောက်နှုတ်ခမ်းအား ဖိကိုက်လိုက်သည်။ Junmyeon အံ့ကြိတ်ရင်း လှေကားပေါ်အမြန်တက်သွားကာ Yixing အနားသို့ ရောက်လာသည်။
" Xing! "
Junmyeon အသံကြောင့် Yixing ကြည့်ကာပြုံးရင်း လက်ရမ်းပြသည်။ Yixing အနားသို့ရောက်သည်နှင့် လက်မောင်းအား ကောက်ချိတ်ကာ အချိုသာဆုံးဆိုသည်။
" Darling ဒီမှာဘာရပ်လုပ် နေတာလဲ "
** Dar...Darling? **
Junmyeon အခေါ်အဝေါ်ကြောင့် Yixing သာမက Yixing အရှေ့ရှိရပ်နေသော မိန်းကလေးမှာ အံ့သြမှုကြောင့် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
" Ann..Annyeongha..seyo "
မိန်းကလေးမှ နှုတ်ဆက်စကားဆိုသော်လည်း Junmyeon ထိုမိန်းကလေးအား အကြည့်တစ်ချက်သာ ကြည့်ပြီးနောက် Yixing ဘက်သို့်လှည့်ကာ ဘာလဲဟူသည့် အကြည့်ဖြင့် မေးဆတ်ပြသည်။
" အာ...ဓာတ်ပုံရိုက်ပေးဖို့ အကူအညီတောင်းနေတာ "
" စိတ်မကောင်းပေမယ့် တခြားလူကိုပဲအကူအညီတောင်း လိုက်ပါ မိန်းကလေး၊ ကိုယ်တို့အရမ်း အလျင်လိုနေလို့...မိန်းကလေး နားလည်မယ် ထင်ပါတယ် "
" ...... "
နူးညံ့ကာသဘောထားကြီးလွန်းသော Junmyeon ၏ဆန့်ကျင်ဘက်အသွင်အား မြင်လိုက်ရသောကြောင့် Yixing ဆွံ့အသွားသည်။ မျက်နှာပျက်သွားသည့် မိန်းကလေးမှာ သူတို့အားခေါင်းငုံ့ကာ ထွက်သွားလေသည်။
ထိုမိန်းကလေးနှင့် အဝေးသို့ရောက်မှ လက်လွှတ်ကာ Junmyeon မျက်စောင်းထိုးကြည့်သည်။
" Waeyo? "
" အမှန် "
" ...... "
Junmyeon မျက်လုံး၌ အမှန်တိုင်းပြောရန် ပြောနေသည်ကြောင့် Yixing မနေသာတော့။
YOU ARE READING
HONEY, DON'T RUN AWAY!「𝙓𝙄𝙉𝙂𝙃𝙊」Idol Couple [Completed]
Fanfictionချိုမြိန်ခြင်းတွေ နဲ့ပြည့်နှက်နေတဲ့မင်းက ကိုယ့်ရဲ့HONEY~ (ZhangYixing) " စိတ်တော့မကောင်းပေမယ့် ကျွန်တော်ခင်ဗျားကို... လုံးဝစိတ်မဝင်စားဘူး Lay Ssi '' (KimJunMyeon) ~ဒါဆိုလဲ မင်းကိုယ့်အပေါ် အရည်...