FINAL CHAPTER
" 1,2,3,.........Click "
ဇာတ်ကားရိုက်ကူးပြီးသည့် နောက်ဆုံးနေ့၏ အဆုံးသတ်၌ ရိုက်ကူးရေးအဖွဲ့သားအားလုံး အမှတ်တရဓာတ်ပုံရိုက်ကြခြင်း။
" အားလုံးပင်ပန်းသွားကြပြီ "
အပြန်အလှန် ပွေ့ဖက်ကာ လက်ဆွဲရင်းနှုတ်ဆက်ကြသည်။ နှုတ်ဆက်ပြီးသည့်အခါ လူစုလူဝေးကြားမှ နားနေရာထိုင်ခုံသို့ သူပြန်လာသည်။
ဖုန်းအားကောက်ယူကာ ပို့ထားသော massage များအားဖွင့်ဖတ်လိုက်သည်။ Tao မှပို့ထားခြင်းဖြစ်သည်။
** အာ..ဒီနေ့ US ကိုသွားမယ့်နေ့ပဲ **
ယနေ့သည် Er Ling လေးအတွက် မျက်လုံးခွဲစိတ်ကုသရန် Tao တို့မိသားစုတွေ US သို့သွားရမည့်နေ့ဖြစ်သည်။ မိသားစုဆိုကတည်းက Yifan လည်းပါတာပေါ့။
Er Ling လေးရဲ့မျက်စိခွဲစိတ်မှုပြီးမှ လက်ထပ်ကြဖို့ ရည်ရွယ်ထားကြသည်။ တစ်ဦးတည်းသာ သားလေးဖြစ်တဲ့ Er Ling လေးက သူ့ PaPa နဲ့ Fu Qin ရဲ့မင်္ဂလာပွဲကို သေချာပေါက်မြင်ရဖို့ လိုအပ်သည်လေ။
[ A/N: Fu qin(ဖုချင်း) ဆိုတာတရုတ်လို အဖေလို့ခေါ်တာပါ PaPa ကတော့ ဖေဖေလို့ သိကြမှာပါ အခေါ်အဝေါ်ပြောင်းပေမယ့် အဓိပ္ပါယ်အတူတူပါပဲနော် ]လွန်ခဲ့သောလများ၌ Yifan တစ်ယောက် Junmyeon အတွက် Kim မိသားစုပိုင် လုပ်ငန်းစုပြန်လည်ပိုင်ဆိုင်ရေးအား လုပ်ဆောင်နေရသည်။
Kim မိသားစုရဲ့အမွေခွဲဝေမှုအရ Yifan ရော Junmyeon ပါကိုယ်စီလွတ်လွတ်လပ်သာ နေထိုင်သွားမည်ဟု ရွေးချယ်လိုက်ကြသည်။
စာချုပ်ပါအချက်အရ သူတို့နှစ်ဦးလက်ထပ်မှသာ Junmyeon မှာ မိသားစုပိုင် Kim လုပ်ငန်းစုကို ပိုင်ဆိုင်ခွင့်ရမည်ဖြစ်သည်။ လက်မထပ်ဘဲ သီးခြားနေကြမည်ဖြစ်သောကြောင့် Junmyeon အနေဖြင့် Kim လုပ်ငန်းစုအား လက်လွတ်ရမည်ဖြစ်သည်။
ထိုသို့မဖြစ်စေရန် ဒါရိုက်တာအစည်းအဝေး၌ ဆက်ခံသူမဲရွေးပွဲအား ပြုလုပ်ခဲ့ရာ ဒါရိုက်တာအများစုမှာ Yifan ၏လူများဖြစ်သောကြောင့် မဲခွဲရာ၌ Junmyeon ကသာအနိုင်ရကာ Kim လုပ်ငန်းစုအား ဆက်ခံခွင့်ပြန်ရခဲ့လေသည်။
YOU ARE READING
HONEY, DON'T RUN AWAY!「𝙓𝙄𝙉𝙂𝙃𝙊」Idol Couple [Completed]
Fanficချိုမြိန်ခြင်းတွေ နဲ့ပြည့်နှက်နေတဲ့မင်းက ကိုယ့်ရဲ့HONEY~ (ZhangYixing) " စိတ်တော့မကောင်းပေမယ့် ကျွန်တော်ခင်ဗျားကို... လုံးဝစိတ်မဝင်စားဘူး Lay Ssi '' (KimJunMyeon) ~ဒါဆိုလဲ မင်းကိုယ့်အပေါ် အရည်...