မိနစ်အနည်းငယ် ကြာသည်အထိ မလွှတ်ပေးသေးသည့် Zhang Yixing ကြောင့်ခြေထောက်များပင် ထုံကျဉ်လာသလို ခံစားရသည်။
သန်မာသည့်လက်တွေနဲ့ တင်းကြပ်ကြပ် အဖက်ခံထားရတာကြောင့် Junmyeon လှုပ်၍ပင်မရ။
" Lay Shi...ကျွန်တော်.. "
" ခဏပဲ "
တုတ်တုတ်မလှုပ် စကားတိုပြတ်ပြတ် သာဆို၍ တင်းကြပ်စွာဖက်ထားသည့် လက်တို့ကလွှတ်မည့်ပုံ မပေါ်။ သူတို့ တစ်ချိန်လုံး ဒီအတိုင်းရပ်နေရတာလေ။ ဘာလို့ရုတ်တရက်ကြီး သူ့ကိုလာဖက်နေရတာလဲ လွှတ်ထွက်မတက်ကိုပဲ
" ...... "
အတောင့်လိုက်ကြီး ရပ်နေရသည်ကြောင့်ရော သူ့ကိုရင်ခွင်ထဲနစ်မတက် ထည့်ထားသည့် Yixing ကြောင့်ရော နေရခက်လာသည်။
" ...ခြေထောက်...ညောင်းလာပြီလို့ Lay Shi "
ထိုအခါမှ ဖြည်းဖြည်းချင်း လွှတ်ပေးသည့် Yixing ကြောင့်သူအသက်ရှူချောင် သွားတော့သည်။
" အဆင်ပြေရဲ့လား။ ဘာလို့ပြေးဖက်ရတာလဲ? "
သူပြောနေသည်ကို နားထောင်နေသည်လား နားမထောင်သည်လားတော့ သူ,မသိ၊ ထုံးစံအတိုင်း ပြန်မဖြေဘဲ သူ့အားကြည့်မြဲကြည့်နေသည့် Yixing ကြောင့်သူ Yixing ၏ပခုံးနှစ်ဖက်အား ဆုပ်ကိုင်ကာ လှုပ်ယမ်းလိုက်တော့
" မူးနေတာလား ကျွန်တော်တို့ သိပ်လဲမသောက် ခဲ့ကြပါဘူး နေမကောင်းလို့လား "
ပြောရင်းဆိုရင်း သူ့နှဖူးပြင်အား လာစမ်းသည့် လက်သေးသေးလေးတွေကြောင့် မျက်နှာကရှိန်ခနဲ
" အဲ... မျက်နှာတော့ နီနေသလိုပဲ ကိုယ်တော့မပူပါဘူး။ Lay နေမကောင်းရင် ကျွန်တော့်ကားနဲ့ လိုက်ခဲ့ပါလား လိုက်ပို့ပေးမယ် Hotel ကို "
လူကိုဟိုထိလိုက် သည်စမ်းလိုက်ဖြင့် စကားများနေသည့် ယုန်၏လက်နှစ်ဖက်အား သူ့လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်သည်။
" Kim Junmyeon "
" Nae? ဘာပြောမလို့လဲ Lay ပြောလေ "
" ကျွန်တော် နားလည်သွားပြီ ထင်တယ် "
ရီဝေဝေအကြည့်တွေနဲ့ သူ့အားကြည့်ရင်း ပြောလာသည့် Lay ကိုသူပြူးကြည့်မိသည်။
YOU ARE READING
HONEY, DON'T RUN AWAY!「𝙓𝙄𝙉𝙂𝙃𝙊」Idol Couple [Completed]
Fanfictionချိုမြိန်ခြင်းတွေ နဲ့ပြည့်နှက်နေတဲ့မင်းက ကိုယ့်ရဲ့HONEY~ (ZhangYixing) " စိတ်တော့မကောင်းပေမယ့် ကျွန်တော်ခင်ဗျားကို... လုံးဝစိတ်မဝင်စားဘူး Lay Ssi '' (KimJunMyeon) ~ဒါဆိုလဲ မင်းကိုယ့်အပေါ် အရည်...