HONEY ll29ll

856 86 43
                                    

" နေလို့ကောင်းလိုက်တာ "

လေတဖြုးဖြူးတိုက်နေသော ပင်လယ်ကမ်းစပ်ရှိ ကျောက်တုံးကျောက်ဆောင်ပေါ်၌ Junmyeon ထိုင်ကာခြေထောက်လွှဲရင်း ဆော့နေသည်။

" ဂျယ်ဂျူက တကယ်အပန်းဖြေလို့်ကောင်းတယ် ဆိုးလ်လို မကျဉ်းကျပ်ဘူးပဲ "

ပင်လယ်ပြင်မှ တိုက်ခတ်လာသော လေပြေများအား တဝရှူရှိုက်ရင်း လေညင်းခံနေသည်။ Junmyeon စိတ်ပင်ပန်းမှုများ လျော့ပါးသွားသလို ခံစားရသောကြောင့် စိတ်ကြည်လင်နေသည်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ပင်လယ်ပြင်မှ တိုက်ခတ်လာသော လေပြေများအား တဝရှူရှိုက်ရင်း လေညင်းခံနေသည်။ Junmyeon စိတ်ပင်ပန်းမှုများ လျော့ပါးသွားသလို ခံစားရသောကြောင့် စိတ်ကြည်လင်နေသည်။

" ဒီနေ့အရမ်းသာယာလွန်းတယ် အခြားနေ့တွေနဲ့ မတူပဲ လန်းဆန်းနေသလိုပဲ ဧကန္တညပိုင်းလေ့ကျင့်ခန်းကြောင့်များလား? "

Junmyeon အတွေးများကား မနေ့ညမှအဖြစ်အပျက်များအား မျက်လုံးထဲ၌ အစီအရီမြင်ယောင်လာလေသည်။ Junmyeon တံတွေးမျိုချကာ ခေါင်းခါရမ်းရင်း အတွေးဖျောက်ပစ်သည်။

စွဲမက်ဖွယ်ကောင်းစွာ ချိုမြိန်သော အချစ်ညအားပြန်တွေးမိသည်နှင့် Junmyeon မျက်နှာတစ်ခုလုံး အငွေ့ထွက်မတတ် ပူလာသည်။ ပါးပြင်ရဲရဲနှစ်ဖက်အား လက်ဖြင့်ပုတ်ရင်း အတွေးများအား ဖယ်ရှားပစ်သည်။

" ငါဘာတွေလျှောက်တွေးနေတာလဲ? Kim Junmyone စိတ်မှန်သေးရဲ့လား ပေါက်ကရလျှောက်တွေးမနေနဲ့...အား..ရူးတော့မှာပဲ!! "

" ဘာတွေရူးချင်နေတာလဲ? "

" ....... "

Yixing အသင့်သောက်ကော်ဖီ နှစ်ခွက်အားကိုင်ကာ Junmyeon အနားသို့လျှောက်လာသည်။ Yixing အသံကြောင့် Junmyeon ခါးမတ်သွားပြီး အနောက်သို့လှည့်ကြည့်သည်။

" ရောက်လာပြီလား "

" အင်း ရာသီဥတုနည်းနည်းအေးတာနဲ့ နွေးနွေးထွေးထွေးဖြစ်အောင် Jun အတွက်ဝယ်လာတာ "

HONEY, DON'T RUN AWAY!「𝙓𝙄𝙉𝙂𝙃𝙊」Idol Couple [Completed]Where stories live. Discover now