ချမ်းစိမ့်စိမ့်လေထု၏ အငွေ့အသက်၊ စိုစွတ်သောအေးစက်မှုကြောင့် မြင်လွှာများအား ဖွင့်ကြည့်လိုက်သည်။
ငွေနှင်းဖြူများ ဖုံးလွှမ်းနေသော တောအုပ်ကြီးအလယ်တွင်ဖြစ်သည်။ ပုံမှန်မဟုတ်သည့် ပတ်ဝန်းကျင်ကြောင့် အိပ်ယာထက် လဲလျောင်းနေရာမှ ထထိုင်လိုက်သည်။
ဆောင်းရာသီအချိန် တောအုပ်အလည်၌ မိမိ၏မွေ့ယာနှင့်အတူ ရောက်လာသည်မို့ ထူးဆန်းနေသည်အား သတိထားမိသည်။
ဖျတ်ခနဲကြားလိုက်ရသော သစ်ကိုင်းချင်းရိုက်ခတ်သံနှင့် လှုပ်ခတ်သွားသည့် သစ်ရွက်စိမ်းများကြောင့် လှည့်ကြည့်မိသည်။
** Lay **
ရုတ်ချည်းမြင်လိုက်ရသော လူရိပ်တစ်ခုကြောင့် မွေ့ယာပေါ်မှထကာ တောအုပ်အတွင်းသို့ Junmyeon ပြေးဝင်သွားသည်။
ထင်းရှူးတောအုပ်အတွင်း၌ ပတ်လည်လှည့်ရှာသည်။ မည်သည့်အရိပ်မျှ မတွေ့ရသောကြောင့် ပြေးလွှားခြင်းအားရပ်တန့်ကာ ပုံမှန်အတိုင်းလမ်းလျှောက်ရင်း ရှာဖွေသည်။
ပါးပြင်ပေါ်သို့ ထိတွေ့လာသော စိုစွတ်အေးမြမှုကြောင့် လက်ဖြန့်ကာခံကြည့်သည်။ ငွေရောင်နှင်းမှုန်များသည် သူ၏လက်ဖဝါးပေါ်သို့ ကျရောက်သည်နှင့် အရည်ပျော်သွားခဲ့သည်။
အရှေ့တည့်တည့် ဆက်လျှောက်သွားသည့်အခါ ဝင်ပေါက်တစ်ခုအတွင်းသို့ ရောက်သွားခဲ့သည်။ အနည်းငယ်တောက်ပမှုတို့အား မျက်လုံးမှေးကာ ကြည့်လိုက်သည်။
အခန်းတစ်ခန်းအတွင်း၌ ဖြစ်ပြီးတစ်နေရာထဲသာ မီးထိုးထားသကဲ့သို့ ကွက်လင်းနေသည်။ Junmyeon မျက်စိရှေ့မှ မြင်ကွင်းအား ရင်နှီးသလိုခံစားရသည်။
" ကိုယ့်ကို ချစ်လား "
Yixing အသံအားရှင်းရှင်းလင်းလင်း ကြားလိုက်သည့်အတွက် Junmyeon အံ့သြသွားသည်။ သူ့အားကျောပေးထားသူထံသို့ Junmyeon ပြေးသွားလိုက်ပေမယ့် ဖောက်ထွက်သွားသည့် ပုံရိပ်ကြောင့် နောက်ပြန့်လှည့်ကြည့်လိုက်သည်။
Junmyeon မြင်လိုက်ရသည့် မြင်ကွင်းအား မယုံနိုင်စွာတွေ့လိုက်ရသည်။ ဝိုင်းစက်စက်မျက်ဝန်းတို့နှင့် နားမလည်သောအပြုအမှုတို့ဖြင့် Yixing ရှေ့၌ရပ်ကာကြည့်နေသော သူ့ရုပ်သူပြန်မြင်လိုက်ရသည်။
YOU ARE READING
HONEY, DON'T RUN AWAY!「𝙓𝙄𝙉𝙂𝙃𝙊」Idol Couple [Completed]
Fanficချိုမြိန်ခြင်းတွေ နဲ့ပြည့်နှက်နေတဲ့မင်းက ကိုယ့်ရဲ့HONEY~ (ZhangYixing) " စိတ်တော့မကောင်းပေမယ့် ကျွန်တော်ခင်ဗျားကို... လုံးဝစိတ်မဝင်စားဘူး Lay Ssi '' (KimJunMyeon) ~ဒါဆိုလဲ မင်းကိုယ့်အပေါ် အရည်...