"ဦးဦးရေ ဦးဦးလို့ ဦးဦးနော် Yibo ခေါ်တာကို အဖတ်မလုပ်ရင် ကိုကို လာရင် တိုင်ပြောမှာနော်"
ကျိုးချန် အလုပ်လုပ်နေသော စားပွဲ ရှေ့တွင် မေးကြီး ထောက်ကာ မရိုးနိုင်အောင် ရစ်နေသော wang yibo ကြောင့် ကျိုးချန် မျက်ခုံးများကို နှိပ်နှယ်နေမိသည်။ စောနပင် တူတူပုန်းတိုင်းဆော့ပေးဆိုလို့ဆော့ပေးပြေီးပြီပင်။ Xiao zhan အသည်းအဝေးသွားသော အချိန် ခဏသည် ကျိုးချန် အတွက်တော့ ငရဲတွင် တစ်နှစ်ခန့် နေရသကဲ့သို့ပင်။
"Yibo ရေ တစ်ဆိတ်လောက် ငါ့ကို အဲ့ဦးဦး ဆိုတာကြီး မခေါ်လို့ရမလားကွာ ငါ ဦးဦး လို့ ကြားတိုင်း ခေါင်းကိုက်လို့ပါကွာ ရှိကြီးခိုးပါရဲ့"
" အယ် ရပါဘူးနော် ဦးဦးက ကြီးပြီပဲ ခ်ခ် ဟင်း ကိုကိုကလည်း ပြန်မလာသေးဘူး ကြာလိုက်တာနော် Yibo လေးကို ပစ်ထားတယ် ကိုကိုရေ...... မြန်မြန် ပြန်လာပါတော့ "
ငါက ပိုပြန်လာစေချင်တာ ဟူသော စကား ကိုတော့ ကျိုးချန် ထုတ်မပြောတော့ပေ။ အခုရယ် အခုမှိုင်တတ်တဲ့ အဲ့ကလေးရဲ့ ရစ်လုံးတွေကို သူမခံနိုင်ပေ။ဒါများ Xiao zhan ကဘာကိစ္စ တကလေးတည်း ကလေးနေလဲ မသိဘူး။ငါလောက်တောင်ချစ်ဖို့မကောင်းပဲနဲ့များ ဟွန်း ငါ့အလှတရားကို လူတွေမမြင်တတ်ကြပါလားနော် သနားစရာကောင်းလိုက်တဲ့ လူတွေ
ကျိုးချန်တစ်ယောက် အတွေးလွန်နေတာနဲ့ သတိထားမိတဲ့ အချိန်မှာတော့ ရှေ့က ပေါက်စ မရှိတော့ပေ။Oh my god သေစမ်း ငါတော့ မီးလောင်ပြီ။
ကျိုးချန်းတစ်ယောက် အခန်း အပြင်ပြေးထွက်ပြီး"ဟဲ့ ဟဲ့ ဒီအခန်းထဲက ဟိုပေါက်စ ဘယ်ရောက်သွားတုန်း ဟို ပေါက်စီလိုလို မုန်လာဥလိုလို နဲ့ ပြသာနာအိုးလေးလေ"
"ဟိုဘက်ထွက်သွားတာ တွေ့လိုက်တယ် ဆရာ စိတ်မပူပါနဲ့ ဆရာရဲ့ ခဏစောင့်လ်ုက်ပါဦိး ခုလေးမှ ထွက်သွားတာရယ်"
" အော် သောက်လဒလေးတွေရေ ရှည်လိုက်တဲ့ အရစ်နော် မင်းတို့သားလေးက ပြန်မလာဘူးကွ ရအောင်ရှာကြ အေး သူပျောက်သွားရင် တစ်ရုံးလုံး Xiao zhan လက်ချက်နဲ့ အလုပ်ပြုတ်လိမ့်မယ် ရှာကြဟ ပြီးမှ ရှောင် ပါးပါး ကယ်ပါ ကယ်ပါ မလုပ်နဲ့"