Part 11(Unicode)

1.5K 93 2
                                    


"ကျိုးချန်ရာ မင်းမရစ်စမ်းပါနဲ့ကွာ"

"ဟာ ငါက ရစ်တာမဟုတ်ဘူး ပြီးရင် ငါကစကားပြေရာင် အပေါက်အလမ်းက တည့်တာ မဟုတ်ဘူး ပြီးမှ ဟိုဘက်က မပူးပေါင်းနိုင်ဘူးဆိုရင် ဘလိုလုပ်မှာလဲ မင်းပဲ သွားလိုက်"

"ငါက ဝမ်ချောင်တို့နဲ့ အစည်းအဝေးလုပ်ရဦးမှာလေကွာ မဟုတ်ရင် မင်းမလွှတ်ဘူး မင်းကို ရှယ်ယာအကြောင်းသွားရှင်းခိုင်းရမှာထက် ကျားဖင်ပဲနှိုက်ချင်တာ ဘယ်နှယ့် အရင်တစ်ခေါက်ကလည်း ရှယ်ယာသွားရှင်းပြခိုင်းတာကို ပန်းအိုးနဲ့ ခေါင်းရိုက်လာရတယ်လို့ကွာ"

"ဟာ Xiao zhan မင်း မင်း တော်တော်ပြောရဆိုရခက်ပါလား။အဲ့တုန်းကလည်း ငါက ရှင်းပြတာပဲလေ အဲ့တာကို အဲ့လူကြီးက နှာဘူးထနေလို့ ငါလည်း လုပ်ခဲ့တာ"

"ဘာမှ သောက်ပိုတွေပြောမနေနဲ့တော့ ကျိုးချန်ရေ လူအများကြီးရှိတဲ့ အစည်းအဝေးတက်မလား တစ်ယောက်တည်းကိုပဲ သွားရှင်းပြမလား"

လူအများကြီးကြားစိတ်ရှုပ်လွန်းတတ်တဲ့ ကျိုးချန်ရဲ့ အားနည်းချက်ပါလေ။

"ပြီးသာပဲကွာ ငါ့ကိုလိပ်စာပေးထား အပြင်တွေ မထွက်ချင်ပါဘူးဆို အလုပ်ကိုရှုပ်တယ်"

ပွစိ ပွစိပြောကာထွက်သွားသော ကျိုးချန်ကို Xiao zhanခေါင်ခါ၍သာရယ်နေမိသည်။ကောင်းလိုက်တာနော် စိတ်ပျက်ဖို့။စွာလိုက်တာဆိုတာများ ရုပ်ကြမ်းကြီးနဲ့ လိုက်ကိုမလိုက်ဘူး။ကလေးလေးနဲ့များ တခြားဆီ ။ငယ်သူငယ်ချင်းမလို့သာ နားလည်ပေးနေတယ်။ဒီလိုပုံနဲ့တော့ ဒင်း ရည်းစားရမှာ မဟုတ်ပါဘူးလေ။အရင်တခါ သူဌေးတစ်ယောက်ကို ရှယ်ယာဝင်ဖို့ ဆွေးနွေးနေရင်း သူ့ခါးလာဖက်လို့ဆိုပြီး ရိုက်ထဲ့လိုက်တာများ ဆေးရုံရောက်သွားလို့ မနည်းလိုက်ရှင်းရတယ်။အဲ့ကတည်းက သူ့ကို ဘာရှယ်ယာမှ သွားမရှင်းခိုင်းရဲတော့။ဟူး.....သူသေရင်တော့ ငှက်ပျောတုံးလေး ဖက်သေလို့ရအောင် အပင်လေးတော့ စိုက်ပေးထားဦးမှပါလေ။တော်ကြာ ရည်းစားလည်းမရှိ ဖက်စရာငှက်ပျောတုံးတောင်မရှိပဲ သေသွားတယ်ဆိုရင် ရှက်စရာကြီး။

~~~~~~~~~~~~~~~~~~~~~~~~~~~~~
Time skip*
တစ်ဖက်လူမလာသေးသဖြင့်ကကကျိုးချန်တစ်ယောက်တည်း ဆိုင်ထဲတွက် စောင့်နေရက် မေတ္တာပို့သနေလေသည်။ဘယ်လိုသူဌေးမျိုးကများ အလုပ်ကိစ္စကို company မှာတွေ့ဖို့မချိန်းပဲ ကော်ဖီဆိုင်ကြီးလဲ။အယ် မဟုတ်မှလွဲရောသူ့companyကသေးသေးလေးမလို့များလား။မဟုတ်သေးပါဘူး အဲ့လိုဆိုလာ ရှင်းပြစရာမှမလိုပဲ။အာ ကော်ဖီတောင် ကုန်တော့မယ်။ဗိုက်လည်းဆာလှပြီ လာပါတော့။

A little crazy but my favorite Where stories live. Discover now