Part 4(Unicode)

1.6K 106 0
                                    

ဘာလိုလိုနဲ့ ပေါက်စီလေး သူ့ဆီမှာ သောင်တင်နေတာ တစ်ပတ်လောက်ရှိနေပြီ။ရှောင်ကျန့် အလုပ်သွားတိုင်း ပေါက်စီလေးကို တစ်ယောက်တည်း အိမ်မှာထားခဲ့ရသည်။အစကတော့ စိတ်မချပေမယ့် ပေါက်စီလေးက လိမ္မာပါတယ်။အပြင်တွေလည်း ရှောင်ကျန့်မပါပဲ မသွားတတ်။တနေကုန် အိပ်လိုက် စားလိုက် ဆော့လိုက်နှင့် တွေ့ခါစကထက်ကို ပိုပြီးဖောင်းကားလာသည်လေ။ဝမ်လေးများဖြစ်နေမလားဆိုတဲ့မျှော်လင့်ချက်နဲ့ ရဲစခန်းမှာပင် အမှူမဖွင့်ပဲ သူငယ်ချင်းစုံထောက် ဟောက်ရွှမ်းအလာကို စောင့်နေခဲ့တာ အခုတော့ မဖြစ်နိုင်ပါဘူးလေ လူပျောက်ကြေငြာလေး သွားဖွင့်ဦးမှပါ။

ရုံးကအပြန် အိမ်မှာ ကလေးကို မတွေ့။ခါတိုင်း သူလာရင် ဒီကလေး ထွက်ကြိုနေကြပါ။အိပ်များပျော်နေသလား
"Yibo ရေ yibo ကိုကို ပြန်လာပြီလေ"

ထိုအခါ အလန့်တကြား ရေချိုးခန်းထဲမှပြေးထွက်လာသည့် သူ့ပေါက်စီလုံးလေး။ရှောင်ကျန့်ကို မြင်တော့ ပြေးဖက်ကာ ငိုနေသောကြောင့် လန့်သွားရသည်။

"Yibo didiလေး ဘာဖြစ်တာလဲ ဟမ် ဘာလိုလဲ ကိုကိုကို့ပြောလေ yibo"

"Yi yibo ကြောက်တယ် sob sob ဦးလေး sob yibo ကို တွေ့သွားပြီ ထင်တယ် ကိုကိုရဲ့ sob ဘလိုလုပ်မလဲဟင် ကိုကို yibo ကို ပြန်မပို့ပါနဲ့နော် နော် yibo ကိုကိုနဲ့ပဲနေမှာနော် ဦးဦးကလေ sob yibo ကို da geမသိအောင် ရိုက်မှာကိုကိုရဲ့ သိလား"

"Yibo စိတ်ကိုအေးအေးလေးထားနော် yibo ကိုကို ရှိတယ်လေ yiboရဲ့ ကိုယ့်ကိုကြည့်နော် yibo က်ုဘယ်မှာမပို့ပါဘူး ဘာမှမကြောက်နဲ့နော်"

အကြောက်လွန်နေသော yibo လေးကြောင့် ဘာမှမမေးဖြစ်တော့ပဲ ကျောလေးကို ပုတ်ပေးနေလိုက်သည်။da geဆိုတာက ဘသူလဲ ဦးဦးဆိုတာကရော? ရှောင်ကျန့် အရမ်းသိချင်နေပေမယ့် ငိုပြီး အိပ်ပျော်သွားသော yibo လေးကြောင့် မမေးဖြစ်တော့ပေ။ဒီလိုသာဆို yibo ကို လူပျောက် ကြေငြာလို့မဖြစ်သေးဘူး ဟောက်ရွှမ်းလာတဲ့အထိစောင့်ရမယ်။ဟူး မဖြစ်သေးပါဘူးလေ နောက်နေ့ အလုပ်သွားရင် ပေါက်စီလေးကို ပါးပါးတို့အိမ်မှာ ထားခဲ့မှပါ။

~ ~ ~ ~ ~ ~ ~ ~ ~ ~~ ~ ~ ~ ~ ~ ~ ~ ~ ~
Xiao zhan လည်း ပါးပါူကို အကျိုးအကြောင်းပြောပြီး ပါးတို့အိမ်မှာထားခဲ့သည်။မားကလည်း ကလေးချစ်တတ်တော့ အဆင်ပြေမှာပါလေ။Yibo လေးကို ဝင်မခေါ်ခင် သူကြိုက်တဲ့မုန့်လေးတွေ ဝင်ဝယ်ဦးမှပါလေ ။ကလေးလေးခမျာ ပါးပါးတို့ အိမ်မှာကြောက်ပြီး ထမင်းမှစားပါ့မလား ငါ့ကလေးလေး what ငါလည်းနော် ဒီပေါက်စလေးနဲ့မှ ငါလည်း ကလေးအမေကြီးကျနေတာပဲ။
Xiao zhan သူ့အတွေးလေးနဲ့သူ မောင်းလာခဲ့တာ ပါးပါးတို့အိမ်သို့ ရောက်မှန်းမသိရောက်လာခဲ့သည်။

"ပါးပါးရေ ဟိုမုန်လာဥလေးရော"

"အမလေး မွေးရကျိုးနပ်လိုက်တဲ့သား သူ့ကလေးပဲ အရင်မေးတာ မီးဖိုချောင်ထဲမှာ မားမားဆီ ဘာတွေ ကပ်စားနေလဲ မသိဘူး ချွဲစိန်လေးပါကွာ"

Xiao zhan ဝင်လာတော့ တွေ့ပါပြီ။ခုံလေးပေါ်မှာခြေထောက်လေးတရမ်းရမ်းနဲ့ နှုတ်ခမ်းလေးတထော်ထော်ဖြင့်မုန့်တွေစားနေသော သူ့ပေါက်စီလေး။

"မားရေ သားရောက်ပြီ။မား မနက်ဖြန် ပိတ်ရက်ဆိုတော့ ကျွန်တော်တို့ မုန့်လုပ်စားကြရအောင်လေ မားရဲ့လက်ရာလေးကိုလွမ်းနေတာ မားရဲ့"

Xiao မားမားကိုဖက်ပြီး အချွဲပိုနေသော Xiao zhan အား မနာအောင် ခေါင်းလေးထုပြီး ရယ်မောကာ

"တော်စမ်း ချွဲနေတာ yibo လေးလိုလည်း ချစ်ဖို့မကောင်းဘူး  မကြီးမငယ်နဲ့ မရှက်ဘူးလား ဒါလား Xiao groupရဲ့ CEO yibo လေး မနက်ဖြန် ဘာစားချင်လဲ မားဘာလုပ်ပေးရမလဲ"

"မားသဘော မားမားကြိုက်ရင် yibo လည်း ကြိုက်တယ်။"
ကဲ xiao zhan တို့သိလိုက်ပါပြီလေ ။Xiao မာမားတို့ အသဲစွဲအောင်ကို ဒီကလေး ချွဲထားလို့နေမှာ။
"မားရေ သားတို့ ပြန်တော့မယ် မနက်ဖြန်မှပဲ လာခဲ့မယ် yibo လေးမားကို နှုတ်ဆက်ခဲ့ ကိုကို ပါးပါးဆီ သွားလိုက်ဦးမယ်"
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အိမ်အပြန်လမ်းလေးမှာလည်း ဝက်ပေါက်လေးဟာ အိပ်ပျော်ဆဲ......
ကိုယ့်ရဲ့ fic လေးကို ဝေဖန်ပေးကြပါဦးနော်။message box မှာလာပြောပြပေးလို့ရပါတယ်။လိုအပ်ချက်တွေ အများကြီး ရှိနေသေးတဲ့ အတွက်လည်း သွေ့ပုချိ ပါနော်။
                                                   Love you😘😘

A little crazy but my favorite Where stories live. Discover now