ဘာလိုလိုနဲ့ Xiao zhan ဆီမှာ Yibo လေးသောင်တင်နေတာ ခြေက်လခန့်ပင် ရှိသွားပြီ။တစ်နေ့တစ်မျိုးမရိုးနိုင်အောင် ပြသနာပေါင်းသောင်းခြေက်ထောင်ကိုတော့ ဖန်တီးနေတတ်စမြဲ။ယခုမူ တွေ့စကတည်းက Yibo မျက်စိကျနေသော ကစားကွင်းသို့လိုက်ပို့ပေးနေရသည်။ကလေးက ကစားကွင်းကို သိပ်သဘောမကျပါဘူး။ဟိုပြေးလ်ုက် သည်လေးလိုက်မဲ့ ကစားကွင်း တစ်ခုလုံးလည်း သူ့ခြေရာတွေပဲ။မောလည်းမမောနိုင်ပေ။Xiao zhanကတော့ တော်တော်ကို ခြေကုန်လက်ပန်းကျနေပေမယ့်လည်း ကလေးလေးပျော်နေတာမြင်ရတော့ မောရတာတန်ပါတယ်လေ။ရေခဲမုန့်ဆိုင်ရှေ့ရောက်တော့ အရောင်လက်လာပြီး
"ကိုကို Yibo ရေခဲမုန့် စားချင်တယ်"
"အင်း စားချင်စားလေ Yibo စားချင်တာ ကိုကို စားချင်တာမှမဟုတ်တာ"
ရေခဲမုန့်အရမ်းကြိုက်တဲ့ ပေါက်စီလေးကို စလိုက်တော့ ပြန်ရလိုက်ရတာက Xiao zhanရဲ့ အနမ်းခံလိုက်ရတဲ့ပါးဘေးတစ်ဖက်။ဒီကလေးဟာလေ ရှောင်မားမားတို့ဆီ ပို့ပြီးကတည်းက အရမ်းကို ချွဲတတ်လာတာ။
"ကိုကို့ကို Yibo အာဘွားပေးတယ်လေ Yibo ကိုဝယ်ကျွေးလေနော်။"
ဒီလောက်ချစ်ဖို့ကောင်းအောင်ချွဲနေမှတော့ Xiao zhan လည်းထပ်မစနိုင်တော့ပဲ ခေါင်းလေးသာ အသာဖွမိသည်။သူ့ကလေးလေးရဲ့ ဆံပင်တွေက အရမ်းနူးညံ့တာပဲ ခြင်္သေ့ပေါက်လေးနဲ့တူတာ အဲ့ပေါက်စီလေးက။
"အာ့ဆို ကိုကို ဝယ်လာခဲ့မယ် ဒီနားမှာပဲ ထိုင်စောင့်နေနော် ဘယ်မှ မသွားနဲ့နော်"
ဆိုင်ထဲမှာလည်း လူတော်တော်များသား။သူ့ကလေးလေးသာဆိုင်ထဲခေါ်လာခဲ့ရင် ပျင်းတယ် ပျင်းတယ် ဆိုပြီး ထိုင်ညီးနေဦးမှာ သေချာတယ်။ အင်း..... ခေါ်လာခဲ့ရင်တော့ Xiao zhan တို့ ခြင်္သေ့ ပေါက်လေးကို ငေးပြီး အပျင်းပြေတာပေါ့။တခါတလေ သူတွေးမိသည် မုန်လာဥလေးက သူ့ညီလေးအရင်းသာ ဖြစ်လိုက်ရင် ဘယ်လောက်ကောင်းမလဲလို့။
ရေခဲ့မုန့်ဝယ်ပြီးတော့ ပေါက်စက ထားခဲ့တဲ့ နေရာမှာ မရှိတော့ ။ပေါက်စကတော့ကွာ စောင့်နေပါ ပြောတာကို မကောင်းတဲ့သူတွေနဲ့ တွေ့ရင် ဘလိုလုပ်မလဲ။အနည်းငယ် ပတ်ကြည့်လိုက်တော့ တွေ့လိုက်ရတဲ့ သူ့ကလေးလေး။အရုပ်လေးတွေ ရောင်းတဲ့ဆိုင်လေးမှာ ခွေးနားရွက်လို စကုတ်လေးကုတ်ထားတဲ့ သူ့ပေါက်စလေးပါ။