ရှောင်ကျန့် နဲ့ကျိုးချန် company အသွား လမ်းမရဲ့ တနေရာမှာ.....
"ဟာ ရှောင်ကျန့် ရှေ့..ရှေ့မှာ လူမလား ဟာကွာ.. ဘာဖြစ်သွားသေးလဲမသိဘူး"
ကျိုးချန်က သူ့အကျင့်အတိုင်း ပွစိပွစိ ပြောကာ ရှေ့က တိုက်မိသွား အဲလေ ထိမိရုံလေး ထိမိသွားသော လူအားဆင်းကြည့်လေသည်။ တကယ်ဆို သူမှားတာလေ ကားတစ်စီးလုံး လာနေတာ မမြင်တာလား စကိတ်နဲ့ အရှေ့က ဖြတ်ဝင်ရအောင် အရူးလား။
ရှောင်းကျန့် ကြာကြာတွေးနေချိန်မရပါ လူတွေလည်း လှည့်ကြည့်လှည့်ကြည့်လုပ်နေသောကြောင့် ဆင်းကြည့်ရပေဦးမည်။
ကားပေါ်ကဆင်းလိုက်တော့ ကျိုးချန်ကို မကျေမနပ် မျက်စောင်းလေးထိုးကာ ရေရွတ်နေသော မုန်လာဥဖြူလေးကြောင့် ဟက်ခနဲ ရယ်လိုက်မိသည်။ ချစ်စရာ အာ ငါဘာတွေတွေး"ကိုကို Didi ကိုဒီကားကြီးနဲ့တိုက်တာ ကိုကိုလား"
ရုတ်တရက် ဆူပုတ်ကာ သူ့အားကြည့်၍မေးလာသည့် မုန်လာဥလေးကြောင့် အယောင်ယောင်အမှားမှားနှင့် ခေါင်းငြိမ့်မိလား ငြင်းလိုက်မိမှန်း သတိမထားမိခင်မှာပဲ
"အီး... ကိုကို ရက်စက်လိုက်တာ didi လေးကို ကားနဲ့တိုက်ရက်တယ်ပေါ့လေ အီး"
ရှောင်းကျန့်တယောက် အသံကုန် ခြစ်၍ အော်နေသော ပေါက်စကြောင့် ဘာလုပ်လို့ ဘာကိုင်ရမှန်းပင်မသိတော့ချေ ။ကျိုးချနိကလည်း သူမလုပ်နိုင်တော့သည့်သဘော ခေါင်းတွေကုတ်ကာ ရှုံ့မဲ့နေလေ၏။လူတွေလည်း ရပ်ကြည့်နေသောကြောင့် မတတ်နိုင်သည့်အဆုံး
"အာ ကိုကိုက ရက်စက်တာမဟုတ်ပါဘူး ကိုကိုကလေ didi လေးလာတာကို မမြင်လိုက်လို့ပါ။ဘယ်နားသွားသေးလဲ ကိုကိုပြောနော် "
ဒါတောင် ပေစောင်းစောင်းကြည့်နေသေးတာ။ ပေါက်စရာ မင်း ဘာဖြစ်ချငိတာလဲကွာ.... ။"မုန့်ကျွေးမှာလား"
"အမ်"
ကျိုးချန်ကပင်
"အာ ကျွေးမှာပေါ့ အများကြီးကျွေးမှာ didi လေးစာချင်တာ အကုန်စားလို့ရတယ် ge တို့နဲ့သာ လိုက်ခဲ့နော်"မတတ်နိုင်တော့ပေ။ ထို လူအုပ်ထဲမှ လွတ်မြောက်ရေး အတွက် ကျိုးချန်လည်း သူ့စိတ်ကြိုက်လိုက်ကြောခဲ့ရသည်။ကားပေါ်မှာတော့ ပေါက်စက ခြေထောက်လေး လှုပ်ကာ လှုပ်ကာဖြင့် နှုတ်ခမ်းမှလည်း ဘာတွေရေရွတ်နေသည်မသိ။
ကျိုးချန်-ကဲ ကောင်လေး မင်းကိုဘယ်ပို့ပေးရမှာလဲ
Yibo- ဘာ ဘာလဲ လူကို ဘယ်ပို့မှာလဲ စောနက ဦးလေးကြီးပဲ မုန့်ကျွေးမယ်ဆို ဟွန့် အနိုင်မကျင်နဲ့နော်
ZC- ဘာ!!မင်း မင်း ဘာ ဦးဦးလဲ
ဦးဦးအခေါ်ခဲရ၍ဆွေ့ဆွေ့ခုန်နေသော ဒေါသအိုးကျိုးချန်အား အသာချော့၍ ကားလေးကို လမ်းဘေးထိုးရပ်ကာ
XZ- ကဲ didi လေးရေ ge တို့ မင်းကို ဘယ်ပို့ပေးရမလဲ ဆေးခန်းသွားမလား ခြေထောက်ကရော နာသေးလား
Yibo-ကလေး
တခုခုကို သတိရသွားဟန် အလနိ့တကြားပြောကာ ငိုမဲ့မဲ့လေးဖြင့်
"ကလေးလေး didi ရဲ့ ကလေးလေး စောန နေရာမှာ ကျန်ခဲ့တာ သွားပြန်ခေါ်ပေးပါနော် ကိုကို နော်"
Wtf ငါ့ကိုယ်ငါ ရည်းစားများခဲ့လှချည်ရဲ့ထင်နေတာလေကွာ ဝါး.. ဒီခေတ်ကလေးတွေ လက်လနိတယ်ကွာ ကျိုးချန်ကတော့ ဒေါသအရောင် ပင်မလျော့သေးပေ။ ကားလေးက တစ်ပတ်ပြန်ကွေ့ကာ.......
ပထမဆုံး ရေးတာလေးမို့ အမှားပါရင် ခွင့်လွှတ်ပေးကြပါနော်။ သဘောမကျတာလေးကို ထောက်ပြပေးလို့ရပါတယ်နော်။အမြင်လေးတွေသာ ပြောပြပေးခဲ့သွားရင် တအားကျေးဇူးတင်မိမှာပါ(အခုတော့ viewers တောင်ရှိပါ့မလားပဲ😅😅)စာလုံးတွေဖတ်ရတာ အဆင်ပြေလား ပြောပေးကြပါဦးနော်