ကြက်ဥကြော်ကို မစားပဲ ခက်ရင်းနဲ့ ထိုးစွကာစူပုတ်နေသော Yibo ကြောင့်
"Yibo ကလေးလေးရေ ဘာလို့လဲ ကြက်ဥကြော် မကြိုက်လို့လား ဘာစားချင်လဲကိုကိကို့ပြောလေ"
"ကိုကို ဒီနေ့ yibo ကိုကိုနဲ့ပဲ လိုက်ချင်တယ် "
"အမ် ဘာလို့လဲ yibo လေးရဲ့ ကိုကို နဲ့လိုက်ရင် မားက လွမ်းနေမှာပေါ့"
"အာ့ဆို ကိုကို ကရော မားနဲ့နေရင် ကိုကိုကရော yibo မားနဲ့သွားနေရင် ကိုကိုကရော မလွမ်းဘူးလား"
"Haha yibo ကရစ်စိန်လေးပါလား ကိုကို ကကျ yiboနဲ့ ပြန်လာရင် မားနဲ့တွေ့ရမှာလေ မားတို့ကကျ yibo လေးနဲ့တွေ့မှမတွေ့ရတာ ဟုတ်ဘူးလား"
"ဒါပေမယ့် ပါးပါးကပြောတယ် ကိုကိုနဲ့ လိုက်ဖြစ်အောင် လိုက်သွားတဲ့ ကိုကို ပိုက်ဆံရှာနေတဲ့ တွင်းကြီးကပျော်ဖို့ကျောင်းတယ်တဲ့ ကိုကိုက မခေါ်ချင်လို့လားဟင်"Aww ပါးပါးတို့နဲ့နော် ကြံကြံဖန်ဖန်တွေမြှောက်ပေးကြပါရောလား ။ဘာတဲ့ ပိုက်ဆံရှာတဲ့ တွင်းကြီးတဲ့ haha ပရမ်းပတာတွေ ပေါက်စရေ မင်းနဲ့မှ ငါလည်း တအားတွေ ရယ်မိနေပါရောလားကွာ
"ကဲ ဟုတ်ပါပြီ လိုက်ချင်လည်း လိုက်ခဲ့ပါဗျာ ဟော့ဒီက သခင်လေးရဲ့ အမိန့်တော် အတိုင်းပါပဲ နောက်မှ ပျင်းတယ်ဆိုရင်တော့ ပြန်လိုက်မပို့ဘူးနော်"
ခေါင်းပြုတ်မတတ် ငြိမ့်ပြသော မုန်လာဥဖြူလေးကို Xiao zhan အကောင်လိုက်မြိုချချင်စိတ်များ မနည်း ထိန်းထားရသည်။
~~~~~~~~~~~~~~~~~~~~~~~~~~
"ကိုကို ပါးပါးပြောတော့ တွင်းကြီးဆို တွင်းကြီးလည်း ဟုတ်ဘူး တွင်းဆိုတာက မြေကြီးထဲမှာ အဲ့လို အကြီးကြီး တူးထားတာလေ "အကြီးကြီးဟုဆိုကာ လက်နှင့်ဝိုင်းပြနေသည့် yibo ကြောင့် Xiao zhanဟက်ခနဲ ရယ်မိသွားသည်။
"ပါးပါးက yibo ကိုစတာနေမှာပေါ့"
"ဟုတ်ဘူး ဟုတ်ဘူး ပါးပါး စနေတာ မဟုတ်ဘူး တကယ်ကြီး အတည်ပြောလိုက်တာ"
"ဟုတ်လား yibo လေးရဲ့ ဒါဆို ပါးပါး မသိတာနေမှာ "
" အော် အဲ့လိုလား အာ့ဆို နောက်တခါ ပါးပါးကို Yibo သေချာပြောပြထားမယ် ပါးပါးက တွင်းမမြင်ဖူးဘူး နေမှာနော် ပါးပါးသနားပါတယ် လူကြီးဖြစ်ပြီး ဒါလေးတောင် မသိဘူး"
Yibo ကတွေးတွေးဆဆလေးဖြင့် အတည်ပြောနေ
သောကြောင့် Xiao zhan ဟက်ဟက် ပတ်ပတ်ရယ်မိလေရာ မျက်စောင်းက ဒေါင်းခနဲ။ အော် ပေါက်စနှယ် ဒေါသလည်း ကြီးပါဘိ။
"အဟွတ် Yibo လာ ကိုကို့ အခန်းဆို Yibo သဘောကျမှာ ချစ်စရာလေး"
စကားလမ်းကြောင်းလွှရင် လွှသည့်အတိုင်း ပါလာတတ်သော ပေါက်စကြောင့်လည်း ပြုံးမိသွားပြန်သည်။