Part 10(Unicode)

1.4K 90 0
                                    

ဒီနေ့က တရုတ်နှစ်ကူးပွဲတော်နေ့......
ခါတိုင်းလိုပဲ မား အိမ်မှာပဲ စုပြီး ပွဲလုပ်ဖြစ်ကြတယ်။နှစ်ကူးဆိုတော့ စားဖွယ်သောက်ဖွယ် အလျှံအပယ်နှင့် Yibo တို့အကြိုက်ပေါ့လေ။မပူဇော်ရသေးခင် မီးဖိုထဲမှာကတည်းက စားဖို့ ဟန်ရေးပြနေတဲ့ ပေါက်စကြောင့် ဝန်ထမ်းလေးတွေနား နေခိုင်းထားရသည်။အဲ့တော့လည်း လူကြီးလူကောင်း ဆိုဒ်နဲ့ စကားတွေဝင်ပြော။Xiao zhan မှာတော့ ကျိရန်တို့နဲ့ စကားပြောနေပေမယ့် ပေါက်စဆီကနေ အကြည့်မခွာ။သူငယ်ချင်းတွေကလည်း နားလည်ပေးပါတယ်။အဲ့ မတာလေး ဆေးမနိုင်ဘူး လွှတ်ထားလိုက် ကလေးရူး တဲ့လေ။အဲ့လိုကို ချစ်ဖို့ကောင်းကြတာ။ခနကြာတော့ ပေါက်စက သူတို့နားရောက်လာရော။

"ကလေးလေး ni hao ။ge ကိုမှတ်မိလား"
"မှတ်မိတာပေါ့ ဟို doctor ချောချောလေးလေ Yibo ကိုလည်း မုန့်ကျွေးထားတာပဲ Yibo သေချာပေါက် မှတ်မိတာပေါ့"
" အားယိုး Yibo လေးက ချွဲတတ်လာလိုက်တာ ကြည့်ပါဦး မိတ်ဆက်ပေးဦးမယ် ဒါက ge ရဲ့ချစ်သူ
ဟောက်ရွှမ်းတဲ့"
"ဟင် အဲ့ ge က ge လိုလည်း ချစ်ဖို့မကောင်းဘူး လူဆိုးကြီးနဲ့တူတယ်"

Yibo ရဲ့အကြောင်းတွေကို Xiao zhan ပြောထားပြီးလို့ သိနေပြီဖြစ်တဲ့ ဟောက်ရွှမ်းကတော့ စိတ်မဆိုးတဲ့အပြင် တဟားဟားနဲ့ သဘောတွေကျနေလေရဲ့။အေးပေါ့လေ ဟိုပေါက်စက သူ့လင်လေးကို မြှောက်ပေးနေတာကိုး။

"အယ် Yibo ကလည်း သေချာလို့လား ဟောက်ရွှမ်း ge က ချစ်ဖို့ကောင်းပါတယ် Yibo လေးကိုလည်း မုန့်တွေ အများကြီး ဝယ်ကျွေးဦးမှာတဲ့ ။ဟောက်ရွှမ်းge က လူဆိုးနဲ့လည်း မတူပါဘူး ဒီလောက်ချောတာကို"
"ကဲ ကဲ ကဲ ကျိရန်ရေ မင်းလင်လေးအကြောင်းတွေ ဂုဏ်ဆာနေတာ ရပ်ဦး Yibo လေးလာ ဒီဘက်လယထိုင် သူတို့နားသွားထိုင်ရန် ကလေးလေးကို ပလစ်ကြမှာ"

"ဟာ ဦးဦး ဘာလို့ ခေါင်းကြီးငုံ့နေတာလဲ ဦးဦးက ခေါင်းကြီးငုံ့နေတော့ Yibo လေးက ဦးဦး ရှိမှန်းတောင် မသိလိုက်ဘူး"

ငါလည်း မသိစေချင်လို့ဆိုတဲ့စကားကိုတော့ ကျိုးချန် ထုတ်မပြောဖြစ်ခဲ့။မချိသွားဖြဲလေးနှင့်

"အဲ့ ဦးဦး ဆိုတဲ့ ခေါ်သံကြီး မကြားချင်လို့လေ"

"ဦးဦးကလည်း Yibo လေးက ဦးဦးအပျိုကြီးကို သတိတွေရနေတာပါနော် ဦးဦး အဲ့လိုဆိုးဘို့လကြိုက်မယ့်သူမရှိပဲ အပျိုကြီး ဖြစ်နေတာ"

A little crazy but my favorite Where stories live. Discover now