Part 3(Zawgyi)

3.6K 202 2
                                    

At morning**
ရှောင်ကျန့် တယောက် စောစောစီးစီး ဝက်ပေါက်လေးစားဖို့ မီးဖိုခန်းထဲ ဝင်ရပါပြီ။သူ့ ပေါက်စလေးကတော့ ဆိုဖာပေါ်ထိုင်ရင်း ငိုက်နေလေရဲ့ ။

Ting tong ... ting tong

XZ- ရိပေါ် သွားကြည့်လိုက်ပါဦး ဘသူလဲလို့ အာ ပြီးတော့ ဖွင့်မပေးသေးနဲ့ဦးနော် ge ကိုလာပြောဦး

Other side....
"ဘသူလဲ  ဘသူနဲ့ တွေ့ချင်လို့လဲ ဘာလာလုပ်တာလဲ"

"အမ်??? အာ xiao zhanရဲ့သူငယ်ချင်းထင်တယ် ဦးလေးက xiao zhanရဲ့ ပါးပါး ပါ ဦးလေးကို တံခါးဖွင့်ပေးပါဦးကွယ်"

ဘာမှမပြောပဲ အိမ်ထဲပြန်ဝင်သွားသော သကောင့်သားလေးကြောင့် xiao zhan ကိုပဲ အော်ခေါ်ရမလိုလို လှည့်ပဲ ပြန်ရမလိုလို ။ ဪ ငါ့ဘဝ ဘဝ သနားပါတယ်
ခဏအကြာ ယောင်းမကြီးနှင့် xiao zhan ပြာပြာသလဲ တံခါးလာဖွင့်ပေးသည်။

"လာ ပါးပါး ထိုင်နှင့်ဦးနော် ကျနော် အအေးသွားလုပ်လိုက်ဦးမယ် "

"တော်ပြီ သား ပါး ခုလေးတင် စားပြီးထွက်လာတာ သားမားနားမှာနေရတာ နားညီးလို့ ဟားဟား ဒါနဲ့ ဒီကလေးက ?သား သူငယ်ချင်းတွေထဲမှာ မတွေ့ဖူးပါဘူး"
Xiao zhan လည်း အကြောင်းစုံကို ရှင်းပြလိုက်သည်။ ထိုအခါ ရှောင်ပါးပါးက ခေါင်းလေး တငြိမ့်ငြိမ့်ဖြင့် မျက်လုံးများကတခုခုကို လွမ်းဆွတ်နေဟန် ။အင်းလေး ပါးပါးလည်း ဝမ်လေး ကိုသတိရသွားရှာမှာပေါ့။

"Yibo ဒါ ge ရဲ့ ပါးပါးလေ နှုတ်ဆက်လိုက်ပါဦး"
"ပါးပါး"
အမ်???
"ကိုကိုရဲ့ ပါးပါးကို yibo လည်း ကိုကို ခေါ်သလိုပဲခေါ်မယ်လေ နော် ဘာလိုလဲဟင် ပါးပါး မကြိုက်ဘူးလားဟင်"
"အမ် မဟုတ်ပါဘူး yibo လေးရဲ့ ပါးပါးက ကြိုက်တာပေါ့"
ဒီကလေးကတော့ အလိုလိုမှ ဝမ်လေး နဲ့တူလို့ သဘောကျနေတာပါဆို ရှောင်ပါးပါးရဲ့ အသဲတွေကို တဖြုတ်ဖြုတ်ခြွေနေပါရောလားနော်။
"ပါး ဒီနေ့ ကျနော် yibo ကို သူလိုတာလေးတွေ လိုက်ဝယ်ပေးမှ အဆင်ပြေမယ်ထင်တယ် ပါး သူ့ခမျာ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ရယ် သူ့ကလေးလေးတော့ ပါတာပေါ့ ဟားဟား"
"အေးအေး ဟုတ်ပါပြီ မနက်ဖြန်ကျရင် မင်းမားမားဆီ လာဦး မနေ့က သား မလာတာနဲ့ကွာ ပွစိပွစိ တွေပြောတာ ပါးတော့ နားကွဲပြီးတောင် ထင်ပါရဲ့ "
Xiao Zhan တို့ သားအဖ နှစ်ယောက် စိတ်လွတ် ကိုယ်လွတ် ရယ်မောမိကြတော့ yibo လေးကလည်း နားမလည်ပဲ ဝင်ရယ်မောလေရဲ့
Time skip....
Xiao zhan ခမျာ့ yibo ကို ဈေးလိုက်ဝယ်ပေးနေရသည်မှာ ထင်သလောင်မလွယ်ကူပေ။ ဟိုနားပြေးလ်ုက် ဒီနားဈေးလိုက်နှင့် ဆိုင်ကယ်ရုပ်တွေ့၍ လိုချင်သည်ဟုလည်း တငိုငို တရယ်ရယ် နှင့်က ပူဆာလို့ ဝယ်ပေးရသေးသည်။ တွေ့သမျှကိုလည်း လက်ညှိုးထိုးကာ
Zhan ge ဟိုဟာ ဘာလဲ
Zhan ge ဟိုမှာကြည့်ပါဦး အရုပ်ကြီးတွေ ကနေတယ်
Zhan ge ဟိုကလေးတွေ စီးတဲ့ဟာ yibo လည်းစီးချင်တယ်
Zhan ge ဟိုဟာလေး စားချင်တာ
Zhan ge
Zhan ge
Zhan ge
Arr .... wang yi bo ကို တရက်လောက် ဈေးလိုက်ဝယ်လိုက်တာ တသတ်လုံး ထိန်းလာသမျှ image တွေပျက်ပါပြီ ။ လူတွေကလည်း ကွက်ကြည့် ကွက်ကြည့်ဖြင့် မသိမသာတွေရော သိသိသာတွေရော အတင်းတွေအုပ်ကြပြီ။ ဒါ xiao group ရဲ့ CEO ဆိုတာ ဘသူများယုံပါလိမ့်မလဲ  ဟူး  စိတ်ညစ်ပါတယ် လောင်ဝမ်ရယ်။
Xiao zhan ခမျာလည်း yibo ရဲ့ ပြုံးပျော်နေတာလေးကို ကြည့်ပြီးလည်း အပြစ်မတင်ရက် ။

"ကိုကို ဒါဘာလဲ yibo သွားချင်တယ် ။
ကြည့်လိုက်တော့ နံရံမှာ ကပ်ထားတဲ့ ပိုစတာ တခု။ကစားကွင်း ကြေငြာလေးပင်။
"ဒါက ကစားကွင်းလေ yibo လေးရဲ့ yibo သွားချင်လို့လား နောက်တစ်ပတ် ge အားရင် လိုက်ပို့ပေးမယ်လေ။"

ထိုအခါ ခေါင်းကို ပြုတ်မတတ် ငြိမ့်ပြပြီး ကျေနပ်နေတဲ့ yibo ကြောင့် xiao zhan ပြုံးမိသွားသည်။ အာ နောက်နေ့ကျ ဒီကလေး ကို လူပျောက်ကြေငြာ တိုင်ပေးရဦးမယ် ။ အိမ်အပြန်မှာတော့ yibo လေးက လျောက်မမေးတော့ပေ။ နှုတ်ခမ်းလေး ထော်၍သာ အိပ်နေလေသည်။ အိပ်နိုင်လွန်းသော ဝက်ပေါက်ပါလေ။

ဖတ်ပေးကြတဲ့ reader လေးတွေရော vote ပေးတဲ့ reader လေးတွေရော cmt ပေးတဲ့ အသဲလေးတွေရော ကျေးဇူးတင်ပါတယ်နော် ဒီတစ်ပိုင်းမှာ ကိုယ်ကြိုးစားထားပေမယ့် လိုအပ်ချက်တွေ အများကြီး ရှိနေဦးမှာပါ ။ပထမဆုံးရေးတာလေးမလို့ ခွင့်လွှတ်ပေးကြပါနော်။ လိုအပ်တာလေးတွေကိုလည်း ထောက်ပြပေးကြပါနော် အရင်အပိုင်းမှာတုန်းက လိုအပ်တာလေး ပြောပြပေးတဲ့ အသဲလေး တယောက်ကိုလည်း အရမ်းကျေးဇူးတင်ပါတယ်နော်😘😘

                    Love you 😍😍

A little crazy but my favorite Where stories live. Discover now