Part 5(Unicode)

1.7K 107 0
                                    

Xiao zhanတစ်ယောက် မနက်စောစော ခန္ဓာကိုယ်ကြီး တစ်ခုလုံး လေးလံမှုနှင့်အတူ နိုးလာခဲ့သည်။ပင်ပန်းထားလို့များလာကွာ မျက်လုံးမဖွင့်သေးပဲ မှိန်းနေရန် ကြွလိုက်သော်လည်း ခန္ဓာကိုယ်ပေါ်ရှိ အလေးတုံးကြီးက လှုပ်ခါနေသည်။အာ...... စောစောစီးစီး ဝက်တက်နေတာပဲ။သူ့အပေါ်မှာ မှောက်ယက်ကြီး အိပ်ကာလှုပ်ခါနေသော wang yi boပင်။

"Yibo ရေ ကိုကို အိပ်နေတယ်လေကွာ"
"ဟွန့်ကိုကို အိပ်ပုတ်ကြီး ထတော့ မားမားဆီ သွားမယ်လေ"
"အာ yibo ကလည်း ခုမှအစောကြီးရှိသေးတာကို မားတို့က ထွက်မပြေးပါဘူးကွာ ကိုကို ခဏလေး အိပ်လိုက်ဦးမယ်လေနော်"
"ကိုကိုရေ.....ထပါတော့ မထရင် Yibo ရဲခေါ်လိုက်မှာနော် ဦးဦးကပြောတယ် ရဲတွေက စကားနားမထောင်တဲ့သူတွေဆို ရိုက်မှာတဲ့ မုန့်လည်း မကျွေးဘူးတဲ့ Yibo ခေါ်လိုက်မှာနော် ကိုကို မကြောက်ဘူးလား"

Yibo စကားတွေကြောင့် Xiao zhan စဉ်းစားနေမိသည်။အဲ့ ဦးဦးဆိုတဲ့သူက ဘယ်လိုလူများလဲ။

"ကိုကို Yibo ကိုစိတ်ဆိုးသွားတာလား yiboကတကယ် ရဲမခေါ်ပါဘူး ကိုကို အဲ့လိုကြီး မကြည့်ပါနဲ့"

Xiao zhan ကိုယ့်အတွေးနဲ့ကိုယ် မျောကာ စဉ်းစားနေသည်ကို ပေါက်စလေးက သူ့ကို စိတ်ဆိုးသည် ထင်သွားသည်ကိုး။

"Yibo ပြောတဲ့ ဦးဦးဆိုတာလေ ဘယ်လိုလူလဲဟင်"
"ဦးဦး ဦး ဦး ဆို တာ က လေ Yibo ကို Yibo ကို.."

ခပ်တွေတွေလေးပြောကာ မျက်ရည်များ ဝိုင်းလာသော Yibo ကြောင့် Xiao zhan မသိချင်ယောင်ဆောင်ကာ
"အာယိုး ကိုကို့ကလေးလေးက မားမားဆီ သွားမယ်ဆိုပြီး အဝတ်အစားလည်း မလဲထားဘူး မားက ညစ်ပတ်တဲ့ ကလေးတွေကို မချစ်ဘူးနော် သွား အင်္ကျီသွားလဲခဲ့"
"အာ ဟုတ်သားပဲ အဲ့တာ ကိုကို အိပ်ပုတ်လုပ်နေလို့ yibo မေ့သွားတာ မြန်မြန် သွားလဲတော့မယ် ကိုကို မြန်မြန် ပြီးအောင် လုပ်ထား"

စကားလမ်းကြောင်းလွှဲလိုက်တာနဲ့ မေ့မေ့ပျာက်ပျောက်ဖြစ်သွားလေသော မုန်လာဥလေးကြောင့် သက်ပြင်းချမိသွားသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
"Yibo ခါးပတ်ပတ်လေ"
"ကိုကို မရဘူး ထုပ်ထုပ်ကြီး ဖြစ်နေတာ ယူလို့မရဘူး"
"အမ်"

A little crazy but my favorite Where stories live. Discover now