Part 12(Unicode)

1.8K 81 16
                                    

ဟွိုက်ခွမ်းတယောက် လက်မှတ်ထိုးဖို့ ရှောင် group ကိုရောက်ကတည်းက ဒေါသအိုးလေးကိုရှာနေမိတာ အခုထိမတွေ့သေးပေ။ကလန့်ကလားအရပ်နဲ့ကောင်လေးနှင့်သာတွဲလုပ်နေရတာ အဆင်မပြေလှပေ။ပြုံးပြနေတာဆိုသည်မှာလည်း baby လေး ဒေါသထွက်နေတာလောက်ပင် ချစ်စရာမကောင်း
(Xiao zhan တို့ဝဠ်လည်ပါပြီ)

"စာချုပ်လေးဖတ်ပြီးပြီဆိုရင် ဒီက ဟွိုက်ခွမ်း ge အနေနဲ့ လိုအပ်တာရှိရင် ကျွန်တော့်ကို တိုက်ရိုက်ဆက်သွယ်လို့ရပါတယ်ဗျ"

"Baby"

"ဗျာ"

"အာ sorry sorry ကျွန်တော့်အနေနဲ့ကတော့ အားလုံးအဆင်ပြေပါတယ် ရှေ့လျောက်ဆက်အလုပ်လုပ်ဖို့လည်း ဒီက xiao CEO လေးကိုဒုက္ခမပေးချင်ပါဘူး ဟိုနေ့က ကောင်လေးနဲ့ဆိုလည်း အဆင်ပြေပါတယ်လေ အဟမ်း ဒီက xiao CEO အတွက်ပြောတာပါ အဟမ်း ကျွန်တော် ရတယ်ရယ်"

စကားပြောရင်း တဟမ်းဟမ်းနဲ့ ဟိုကြည့်ဒီကြညိ့ဖြစ်နေတဲ့ ရှေ့က ဟွိုက်ခွမ်းကိုကြည့်ကာ xiao zhanရယ်ချင်စိတ်ကိုမနည်းမြိုသိပ်နေရတယ်။

"ဟာ မဟုတ်တာ ရပါတယ်ဗျာ Ge လိုလူမျိုးနဲ့တွဲလုပ်ခွင့်ရတာ ကျွန်တော် ဘယ်လောက်ကံကောင်းလိုက်သလဲ ဒီလို အခွင့်အရေးမျိုးကို လက်လွှတ်ခံလို့ မဖြစ်ဘူးလေဗျာ"

"မဟုတ်တာပဲ xiao CEO လေးရယ် ဒုက္ခမပေးပါရစေနဲ့"

"ဒုက္ခမဟုတ်ပါဘူး ge ရ အဲ့တာ ကံကောင်းတာ"

သိလျက်နဲ့ တမင်နူးနပ်ပြီးစနေတဲ့ xiao zhanကို ဟွိုက်ခွမ်းကို မျက်ပြင်ရကပ်လာသည်

"မင်းအဆင်ပြေလည်း ငါမပြေဘူးကွာ!"

"ဗျာ"

"ဟုတ်တယ် ငါ ငါ သူ့ကို တအားသလောကျနေလို့ပါကွာ နော် နော် ငါ့ကိုကွာ အကိုကြီး တယောက်လို သဘောထားပြီး ကူညီပေးပါကွာ နော် နော်"

ဝတ်ထားတဲ့ suit ကြီးအားမနာ Xiao zhanကို ကပ်ဖားပြီး ချွဲနေတဲ့ သူဠေးကို မြင်ရတာ ဘဝင်မကျလှ။ရုပ်ကြမ်းကြီးနဲ့နွဲ့နေတာ ကလေးလေးလိုလည်း ချစ်ဖို့မကောင်းပဲနဲ့ အော့ အော့။ ကြိုက်မရှက် ငိုက်မရှက်ဆိုတာ ဒါမျိုးနေမှာ

"ကျိုးချန်က တအားဒေါသကြီးတာ ဗျ သူနဲ့တွဲမလုပ်ချင်ပါနဲ့ဗျာ သူ့လည်းမကြိုက်နဲ့ တကယ်ပြောတာဗျ"

A little crazy but my favorite Where stories live. Discover now