"ရိပေါ်ရေထတော့လေကွာ ဒီထက်နောက်ကျရင် ကိုကို ယုန်လေးတွေ ဝက်လေးတွေရှိတဲ့ခြံလိုက်မပို့ေ တာ့ပဲနေမှာနော်"
"ကိုကိုရေ ငါးမိနစ် ငါးမိနစ်"
လက်ကလေးတထောင်ထောင်နဲ့ပေါက်စကခေါင်းမြီးခြုံပြီး ဟိုဘက်လှည့်သွားလေသည်
"ခွေးပေါက်လေးရေ အဲ့ငါးမိနစ်လို့ပြောနေတစ်နာရီလောက်ရှိတော့မယ်လေကွာ ကိုကို လိုက်မပို့ပဲနေလိုက်မှာနော်"
"အာ ထပြီ ထပြီ ကိုကိုကလည်း ဘာမှန်းကိုမသိဘူး"
ခြိမ်းခြောက်လာခါမှ ဆူပုတ်ပုတ်နှင့်ထလာသော ရိပေါ်ပါလေ။ တကယ်ကို ဘလိုဟာလေးမှန်းမသိတာ။ရွာက အဘိုးအဘွားတွေမှာဆီမှာ ဝက်တွေ ယုန်တွေ မွေးထားတဲ့ခြံရှိတဲ့ အကြောင်းကို မားတို့ဆီကနေ ဘလိုများ သတင်းရသွားတယ်မသိ သွားမယ်ဆိုပြီး ငိုယိုဂျီကျနေတာနဲ့ လိုက်ပို့ရပေဦးမယ်။
"ကိုကိုရေ ပြီးပြီ သ ွားမယ် "
"နေဦးလေ yibo ရဲ့ ထမင်းစားအရင်စားဦး ပြီးမှသ့ားမယ် ခုနကတော့ဖြင့်နှိုးလိုက်ရတာ လာ ပြီးမှ မားကို ဝင်ခေါ်ပြီး သွားမယ်"
"အယ် မားမားပါမှာလား ပါးပါးရော မလိုက်ဘူးလား"
"ပါးပါးက နောက်ရက်မှ လာလိမ့်မယ်"
"ကိုကို ရွာကဝေးလားဟင်. ဝက်လေးတွေကရော ဘာလို့မွေးထားတာလဲ သူတို့က ဘာစားလဲ ge သိလား တခုခုဝယ်သွားမှ ကောင်းမှာမလား ဘာမှမကျွေးရင် စိတ်ဆိုးပြီး အထိခံပါ့မလားဟင်"
"ရိပေါ်လေ တခုချင်းမေးပါကွာ မောနေပါ့မယ် ရေလေး အရင်သောက်ဦး ရွာကနည်းနည်းတော့ဝေးတယ် သူတို့စားဖို့ကလည်း ရွာမှာ အများကြီးရှိတယ် ဟုတ်ပြီလား ကိုယ်တော်လေးရဲ့ ဘာများ သိချင်တာ ရှိတော်မူပါသေးလဲ ခင်ဗျာ"
အဲ့လိုပြောတော့ တခစ်ခစ်နဲ့ သဘောတွေ ကျနေတဲ့ အကောင်ပေါက်လေးကို အူယားလွန်းလို့ရင်ခွင်ထဲပဲ ဝှတ်ထားလိုက်ချင်တော့တယ်။ တလမ်းလုံလည်း တွေ့ရာလျောက်မေးလိုက် ပါလာတဲ့ မုန့်တွေစားလိုက် အိပ်ပျော်သွားလိုက်နဲ့ ပေါက်စတို့ သာယာနေ၏။ ကလေးလေး သာယာတာကို ကြည့်ပြီး ကြည်နူးနေတဲ့ ယုန်ကြီးတကောင်လည်းရှိသတဲ့ ။ယုန်ကြီးမွှန်နေချက်ကတော့ရှောင်မားမားတို့ပြောသမျှ ပြုံးပြုံးနားမဝင်ပဲ ပြုံးပြုံးကြီးနားထောင်နေလေရဲ့