<<Unicode>>>
"ဟဲ့ မြန်မြန်လာပါ ဟယ် လေယာဉ်မမှီဘဲနေတော့မယ်"
ရှေ့ကကော့တော့ ကော့တော့ နဲ့ သွားကာ နောက်လှည့်ရင်း အော်နေသော ငတိမနှစ်ယောက်ကို Adam မကြည်တော့
"အေး အာ့တာဆို နင်တို့ ကိုယ့်အထုတ်ကိုသယ် "ဆိုမှ
"နင်ကလည်း နင်က ယောကျာ်းလေးလေ ငါတို့က နင့်ကို အားကိုးတာကို "
"ဘာအားကိုးတာလဲ ခိုင်းရင် ခိုင်းတယ်ပေါ့
သုံးညအိပ် လေးရက် ခရီးလေးသွားပါတယ်
တစ်အိမ်လုံးပြောင်းလာသလား ထင်ရတယ်
မြန်မြန် ယောကျာ်းယူကြပါလား"
"အို မယူနိုင်သေးပါဖူး နင့်ကို ယောကျာ်း ပေးစားဦးမှာ"
"ဟဲ့ ဖောက်မလာနဲ့နော် ငါက မိန်းမဘဲ ယူမှာ
အေး ကလေးတွေမွေးပီး နင်တို့ ငါ့အပေါ်နှိပ်စက်ခဲ့သမျှတွေ ငါ့ကလေးတွေကို ပြန်နှိပ်စက်ခိုင်းဦးမှာ"
" အော် အော် အော် စောင့်ကြည်မယ်နော်"
သုံးယောက်သား
တစ်လမ်းလုံးရန်ဖြစ်လာကြပီး လေယာဉ်ပေါ်ရောက်လို့ လူစုကွဲသွားမှသာ စကားပြတ်တော့သည်Adam ရယ် အိမြတ် နဲ့ ဖူးမေရယ် က မူလတန်းကတည်းက ခင်လာကြပီး ဘယ်လိုက ဘယ်လို BFF တွေဖြစ်လာလည်း မသိခဲ့ပေမယ့် သူတို့သိတဲ့အချိန်မှာ သူတို့က ပြောမနာဆိုမနာတွေ ဖြစ်နေကြပီ
အမြဲ သူ့ကို အနိုင်ကျင့်ကြပီး တစ်ခါတစ်လေ ယောကျာ်းပါ ပေးစားတတ်သေးသည်
အခုလည်း ကြည့်လေ
သုံးယောက် ကိုရီးယားကို သုံးညအိပ် ၄ရက်ဘဲ သွားတာကို ဘာတွေ ထည့်မှန်းမသိ နှစ်ယောက်တည်းကို အိတ်က ၄လုံးနဲ့
ဒင်းတို့က တော့ရှိုးအပြည့်နဲ့ luggage လေး နှစ်လုံးနဲ့ ပဲပေးနေကြပီး ကျန်တဲ့ အထုပ်တွေ သူ့ကိုဘဲ သယ်ခိုင်းတယ်လေ
တစ်ကယ် အတိတ်ကိုသာ ပြန်သွားလို့ ရလို့ကတော့ ဒင်းတို့နဲ့ ဆုံမယ့်နေ့မှာ ကျောင်းမသွားဘူး✈️✈️✈️✈️
" yayy ရောက်ပီဟေ့ oppa we are coming "
ကိုရီးယားရောက်တာနဲ့ ဟိုတယ်ပြေးကာ အထုတ်တွေချပီး စလှိမ့်ကြတော့ သည်
တွေ့သမျှ ဓာတ်ပုံရိုက်လိုက်ကြ စပ်စုကြ ရန်ဖြစ်ကြနဲ့ ဆူညံ စည်ကားနေသော Adam တို့ သုံးယောက်ကို တစ်ချို့က ပြုံးကာ ကြည့်ကြသလို တစ်ချို့က မျက်စောင်းထိုးကြနဲ့ သူတို့ သုံးယောက် ကတော့ seoul တစ်ခွင် ပြဲပြဲစင်အောင် စားသောက်လည်ပတ်ကြပီး ဟိုတယ် ရောက်ချိန် စကားပင် မပြောနိုင်တော့
KAMU SEDANG MEMBACA
MY CHEMICAL ROMANCE (Z+U)
Romansaအမြဲ straight လို့ ခံယူထားတဲ့ ကောင်လေးတစ်ယောက် တစ်ရက်ဘဲတွေ့ခဲ့တဲ့ ယောကျာ်းတစ်ယောက်နဲ့ အတူ အိပ်ခဲ့မိပီးနောက်