he and i are very different

13.4K 927 2
                                    

<<<zawgyi>>>

"K  ငါတောင်းပန်ပါတယ် ကျေးဇူးပြုပီး ငါ့ကို တစ်ခါလောက်ခွင့်လွှတ်ပေးပါ
ငါတို့ လက်တွဲခဲ့တဲ့နှစ်တွေ ကို တစ်ခါလောက်စဉ်းစားပေးပါဦး"
"ကျတော် စဉ်းစားပေးလို့ ခင်ဗျားကို ကောင်းကောင်းပြောနေတာပေါ့ ဦး ဟန်သာ မဟုတ်ရင် ခင်ဗျား ဒီထိုင်ခုံပေါ်မှာ ဒီအတိုင်း ထိုင်နေရမှာမဟုတ်ဖူး"
"ငါငါ မှားပါတယ် နောက်ထပ်ဘယ်တော့မှ ထပ်မလုပ်တော့ဖူးပါဖူး "
"ခင်ဗျားကို ကျုပ်ရှင်းရှင်းပြောထားတယ် ကျုပ် Casino မှာ Prostitute တွေနဲ့ drugs ကို လက်မခံဖူးလို့
ခင်ဗျား ကျုပ် Casino  နာမည်နဲ့ သူများ သမီးပျိုတွေကို သိမ်းထားတာမျိုး ကျုပ်မသိဖူးလို့ ထင်နေလား?
ခင်ဗျား ကျုပ်ရဲ့ Clients တွေ ကို David ဆီ ထိုးရောင်းနေတာတွေ မသိဖူးလို့ထင်နေလား?
ကျုပ်က ဆော်ဒီ ဥပဒေကို လိုက်နာတာ  ခင်ဗျား သိမှာပါ
မျက်လုံးတစ်လုံးအတွက် မျက်လုံး သွားတစ်ချောင်း အတွက် သွားပေါ့ ငါ ရှုပ်ထားတဲ့ အရှုပ်တွေက ကျုပ်ကို ဘယ်လို ထိခိုက်နေလည်းကြည့်  ကျုပ်ရဲ့ သည်းခံနိုင်စွမ်းကုန်သွားပီ "
"မလုပ် မလုပ်ပါနဲ့ K "
"ဒီလူကို ခေါ်သွားလိုက် ငါ သူ့မျက်နာ ထပ်မတွေ့ချင်ဖူး"
ထိုလူကို  သူ့ရှေ့ကနေ ဆွဲထုတ်သွားတာကို ဆေးလိပ်သောက်မပျက် ရပ်ကြည့်နေသည်
နောက်ရက် မနက် သတင်းစာ ခေါင်းကြီးပိုင်းမှာ
သူဌေး ဦးဟန်သာ ဖူးယောင်ဒဏ်ရာ တွေနဲ့ အတူ သူလုပ်ခဲ့တဲ့ သက်သေတွေနဲ့တကွ ရဲစခန်းရှေ့မှာ လက်ရောက်အပစ်ချခံရကြောင်း သတင်းတွေ

Ryan က တော့ casino က အခြေအနေပုံမှန် ပြန်လည်ပတ်ဖို့ တစ်ပတ်လုံးအလုပ်ရှုပ်နေသည်
ဒီတစ်ပတ် အတွင်း  သူ Adam ကို သတိရပေမယ့် ဖုန်းမခေါ်ခဲ့
Adam အသံကြားရင် သူချက်ချင်း ပြန် ပြေးသွားမှာ သူ့ကိုယ်သူသာ သိသည်

~~~~~

Adam  ဆိုင်မှာ မုန့် ဖုတ်နေရင်းနဲ့ ဖုန်းကို ခဏခဏ လှမ်းကြည့်နေမိသည်
*ဒီလူ တစ်ပတ်လုံး ဖုန်း လုံးဝမဆက်ဖူး *
"မဟုတ်သေးပါဖူး ငါက ဘာလို့ သူ့ဖုန်းကို မျှော်နေရတာတုန်း "
"boss အဆင်ပြေရဲ့လား " ကောင်းထက်မေးတော့မှ
"ဟင် ဘာလဲ"
"Boss ဖုန်းကို ကြည့်ပီး တစ်ယောက်တည်း ပြောနေလို့"
"ဗျာ ကျတော်ကလား? မဟုတ်ပါဖူး "
ထိုစဉ်
"Boss boss နဲ့ တွေ့ချင်လို့တဲ့ ဧည့်သည်ရောက်နေတယ်"
*ဟိုလူလားမသိဖူး*
သူဘယ်လိုလုပ် ရှေ့ကို ရောက်သွားမှန်းတောင်မသိ
"ပြောတော့ မဟုတ်ဖူးတဲ့ လူကဖြင့် ရှေ့ကို ပြေးသွားတာများ ဒီလောက်သိသာနေတာကို " ကောင်းထက် ပွစိ ပွစိနဲ့ဆိုတော့ မုန့်ဖုတ်နေသော ကောင်လေးတွေလည်း ပြုံးစိစိနဲ့ ဖြစ်ကုန်ကြသည်
Adam ရှေ့ကို ရောက်တော့ ဘယ်ညာကြည့်ပေမယ့် ဟိုလူ့အရိပ်ပင် မတွေ့
သူ သဲသဲ ဖက်လှည့်ကာ
"ဘယ်မှာလဲ ဧည့်သည်"
"ဒီမှာပါ ခင်ဗျာ "
"ဟာ အကို ထင်အောင် ဘယ်တုန်းက  ပြန်ရောက်တာလဲ"
"အကို တစ်ပတ်လောက်ရှိပီ ရောက်တာ
ညီ့အတွက် လက်ဆောင် လာပေးတာ "
"ဟာ မလိုပါဖူးဗျာ အကို ပြန်လာတာဘဲ ကျတော်က ဝမ်းသာနေပါပီ "
"Mi ရော "
"Mi က ဒီနေ့ဘဲ သူ့အဖွားက လွမ်းလို့ဆိုပီး မန္တလေး ခေါ်သွားတယ်"
"ဟုတ်လား အကိုက mi ကို လွမ်းနေတာပါဆို"
"Mi ကိုဘဲလား"
"ဟုတ်ပါဖူးဗျာ  အားလုံးကို သတိရတယ် ညီက ထိပ်ဆုံးက ဟား ဟား"
သူတို့ တစ်ယောက်ကိုတစ်ယောက်ကြည့်ပီး ပြိုင်တူ ရယ်မောလိုက်သည်
သူတို့နောက်ကွယ်က အေးစက်စက် မျက်ဝန်းတစ်စုံက ကြည့်နေတာ တော့ သတိမထားမိခဲ့ကြ

MY CHEMICAL ROMANCE (Z+U)Donde viven las historias. Descúbrelo ahora