<<<Zaw Gyi>>>
"အား ကျွတ် ကျွတ် ခေါင်းကိုက်လိုက်တာ"
အာဒန် ခေါင်းကို နှိပ်ကာ ထထိုင်ရင်း မနေ့က ဘာတွေ ဖြစ်ခဲ့တာက သူ့ခေါင်းထဲ တန်းစီပေါ်လာသည်
"f*** ငါမနေ့က ဘာတွေ လုပ်မိတာလဲ"
*ဘေဘီ လို့ခေါ် ဘေဘီ့ကို ချစ်တယ်လို့ပြော*
"အား.... ရှက်လိုက်တာ ရှက်လိုက်တာ
ငါ ဘာတွေ လုပ်ခဲ့တာလဲ " ခေါင်းအုံးကို ကိုက်ရင်း အာဒန် တစ်ယောက်တည်း ကမ္ဘာပျက်နေသည်
"ဟင် ဒါဘာလဲ"
စားပွဲပေါ်မှာ note တစ်ခု နဲ့ ဖျော်ရည်ဘဲ
"bae ကိုကို meeting ရှိလို့ သွားနှင့်ပီ ဗိုက်ဆာရင် စားဖို့ ကိုကို ပြင်ထားတယ် မစားခင် ပျားရည်ကို အရင်သောက်နော် ကိုကို နေ့လည်ပြန်လာမယ်"
note ကို ထပ်ကာထပ်ကာ ဖတ်ရင်း ပြုံးနေမိသည်
"အာ ၁၁ တောင်ရှိနေပီ " အာဒန် အိပ်ယာဘေးက ဖျော်ရည်ကို အကုန်သောက်လိုက်ပီး မြန်မြန်ရေချိုးခန်းထဲ ဝင်ကာ ရေချိုးလိုက်သည်
သူအင်္ကျီ ဝတ်နေတုန်းမှာပင်
"အွန်း မွှေးနေတာဘဲ ခေါင်းကိုက်နေသေးလား"
သူ့ခါးကို နောက်ကသိုင်းဖက်ကာ သူ့ဆံပင်တွေထဲ ခေါင်းတိုးဝင်နေရင်း ဆိုလိုက်သော ရိုင်ယန်
"ခင်ဗျား ပြန်ရောက်လာပီလား"
"ဘာ မင်းကိုယ့်ကို ဘယ်လိုပြောလိုက်တယ်"
"ခင်ဗျား??"
"ကိုယ်တို့သဘောတူပီးပီလေ"
"ဘာကိုလဲ"
"မင်း မူးနေလို့ မေ့သွားတယ်လို့မပြောနဲ့နော် "
အာဒန် မျက်လုံးလေး ပေကလက် ပေကလတ် လုပ်ကာ
ဘာမှ မသိတဲ့ မျက်လုံးလေးတွေနဲ့ ရိုင်ယန်ကို ကြည့်နေလိုက်သည်
"မင်းကို အပြစ်ပေးဖို့လိုပီ "
"အား ခင်ဗျား ဘာလုပ်တာလဲ ဟားဟား"
လူကို ကုတင်ပေါ် ပစ်တင်ကာ ကလိလိုက်ထိုးနေတော့
"ဟားဟား ယားတယ် ယားတယ် ကိုကို ရပ်တော့ ကျတော် အရှုံးပေးပီ ဟားဟား"
ထိုအခါမှ ကလိထိုးနေတာ ရပ်ကာ သူ့ကို ဖက်လိုက်ရင်း
"နောက်ဆိုကိုကို လို့ဘဲခေါ်မယ်လို့ ကတိပေး"
အာဒန် ရိုင်ယန့်ပါးနှစ်ဖက်ကို ကိုင်ကာ မျက်လုံးထဲ စိုက်ကြည့်ရင်း
"ကျတော် ကတိပေးတယ် " ပြုံးကာပြောတော့
ရိုင်ယန် တစ်ဖြည်းဖြည်း ငုံ့လာကာ ပြုံးနေသော နှုတ်ခမ်းတွေကို နမ်းလိုက်တော့ သူလည်ပင်းကို ကိုင်ကာ ပြန်လည်နမ်းလာသော အာဒန်
"ဂွီ.... " ရိုင်ယန် အာဒန်ကိုယ်လေးကို ခွာလိုက်ပီး
"ဘေ မနက်စာ မစားရသေးဖူးလား"
"ဟင့်အင်း "
"ဟာကွာ ဗိုက်ဆာနေတော့မှာဘဲ လာလာ ကိုကို နဲ့ နေ့လည်စာ သွားစားမယ်"ဆိုကာ အာဒန့်ကို အတင်းဆွဲခေါ်တော့ အာဒန် နှုတ်ခမ်းလေး ရှေ့ကိုမသိမသာ ထော်လာသည်
*ဒီဗိုက်က အကျင့်ကို မကောင်းဖူး ဒီအချိန်မှ ဆာရလား မုန်းတယ်*
သူတို့ dinning room မှာ နေ့လည်စာ စားပီး ရိုင်ယန်က shopping ထွက်ရန်ခေါ်တော့ သူတို့ shopping တူတူထွက်ကြသည်
"wow ဒါမိုက်တယ် "
"ဘေ ကြိုက်လား "
"ကျတော် ကြိုက်တယ် ဝယ်ပေးမှာလား"
"ဒါပေါ့ ဘေ လိုချင်တာ ကိုကို အကုန်ဝယ်ပေးမှာမို့ ကြိုက်တာ ယူလို့ရတယ်"
"တစ်ကယ်နော်"
"တစ်ကယ်ပေါ့"
"yayy" သူ့ပါးကို နမ်းကာ ကလေးတစ်ယောက်လို ပျော်နေသော ကောင်လေးကြောင့် သူမျကိနှာမှာ အပြုံးတွေနဲ့
သူတို့နဲ့ မလှန်းမကမ်း မှာ ပါလာသော mike နဲ့ အခြား bodyguard တွေရဲ့ မျက်နှာမှာလည်း အပြုံးတွေနဲ့
သူတို့ Boss ဒီလို ပျော်နေတာ ဘယ်တုန်းကမှ မတွေ့ခဲ့ဖူးသောကြောင့်ပင်
သူတို့ရဲ့နောက်မှာ ထိုမြင်ကွင်းကို စိုက်ကြည့်နေသော မျက်ဝန်းတစ်စုံကို တော့ သူတို့သတိမထားမိခဲ့ကြ !

ESTÁS LEYENDO
MY CHEMICAL ROMANCE (Z+U)
Romanceအမြဲ straight လို့ ခံယူထားတဲ့ ကောင်လေးတစ်ယောက် တစ်ရက်ဘဲတွေ့ခဲ့တဲ့ ယောကျာ်းတစ်ယောက်နဲ့ အတူ အိပ်ခဲ့မိပီးနောက်