i made my promise (final part1)unicode

8.3K 422 5
                                    

"ကိုကို "
"ဟင် bae "
ကိုကိုက သမီးနဲ့ ဆော့နေရင်း သူ့ကို မော့ကြည့်တော့
သူ ကိုကို ပါးကို နမ်းလိုက်သည်
မျက်နှာကြီး ဖြီးနေသော ကိုကို နှင့် မျက်လုံးတွေကို လက်ချောင်း လေးတွေနဲ့ ပိတ်ကာ ရှက်တဲ့ ပုံလုပ်နေသော သမီး ကို ဂရုမစိုက်ဘဲ ကိုကို့ နှုတ်ခမ်းတွေကို နမ်းလိုက်တော့ ကိုကို က နားနား ကပ်ကာ
"ကိုကို တို့ ပါတီ သိမ်းတော့မလား" ဆိုတော့
ခေါင်းညိတ်ပြလိုက်သည်
"ဟား ဒီနေ့ ချစ်စရာကောင်းနေပါလား" ဆိုကာ
သူ့ နဖူးကိူ တစ်ချက်နမ်းလိူက်ပီး အားလုံးကို သူတို့ ပြန်တော့မယ့်အကြောင်းဆိုကာ  ပြန်ခဲ့ကြလေသည်
သမီးကတော့ အဖိုးအဖွားတွေက သူတို့ ခေါ်သွားမယ် ဆို၍ ထည့်ပေးလိုက်ပီး သူတို့ နှစ်ယောက်သာ ပြန်လာခဲ့လေသည်
အပြန် လမ်း မှာ တစ်လမ်းလုံး အာဒန်က ရိုင်ယန့် လက်ကို ဆွဲကာ နမ်းနေတော့
"ဘေ ဒီအတိုင်းဆို အိမ်ပြန်ရောက်တော့မှာ မဟုတ်ဖူးနော် "
အာဒန်က မကြားချင်ယောင်ဆောင်နေကာ တစ်ဖြေးဖြေး ရိုင်ယန့် ပေါင်ကို လက်က ရောက်လာတော့
ကားကိူ မနည်းထိန်းမောင်းကာ အိမ်ရောက်အောင် ပြန်ခဲ့ရသည်
ကားရပ်ရပ်ချင်းပင် အာဒန်က ကားပေါ်ကချက်ချင်းဆင်းပီး ရိုင်ယန့်ကို ကော်လံက ဆွဲထုတ်ကာ စနမ်းတော့ ရိုင်ယန် မျက်လုံးပင် ပြူးသွားရသည်
*ဒီနေ့ သူ့ ဘေဘီ က အရမ်း လောနေပါလား*
သူ အာဒန့် ကို ကောက်ချီကာ ခါးမှာခွစေလိုက်ပီး နမ်းနေရင်းပင်း သူတို့အခန်းဆီရောက်အောင် ချီလာခဲ့သည်
အခန်းထဲရောက်တော့ အာဒန်က ရိုင်ယန့်အင်္ကျီ ကြယ်သီးတွေကို အတင်းဆွဲဖြုတ်နေတော့ သူ အလိုက်သင့်ပင် ကြယ်သီးတွေ ကူဖြုတ်ပေးလိုက်ပီး အာဒန့်လည်ပင်းတွေ ကို နမ်းနေရင်း ကြယ်သီးတွေပါ ဖြုတ်ကာ အောက်ကို ဆက်လာခဲ့လိုက်သည်...

ရိုင်ယန် ပင်ပန်းစွာ အိပ်ပျော်နေသော bae နဖူး နဲ့ မျက်ခွံလေးတွေကို တစ်ချက်နမ်းကာ သန့်ရှင်းရေးလုပ်ပေးလိုက်ပီး ညဝတ်အင်္ကျီလေး ဝတ်ပေးလိုက်သည်
အားလုံးပီးမှ bae ဘောင်းဘီ အိတ်ထဲက စာရွက်ကို ထုတ်ကာ ကြည့်လိုက်ပီး နှုတ်ခမ်းကို မဲ့လိုက်သည်

အာဒန် ပါတီမှာ စာရွတ်တစ်ရွတ်ကိုကြည့်ပီး မျက်နှာပျက်သွားတာ ပီး မှုမမှန်တဲ့ အပြုအမူတွေကြောင့် ဒီစာရွက်က ဘာစာရွက်ဖြစ်မယ်ဆိုတာ သိနေပီးသားပင်။
*မင်းက အရမ်းဘောင်ကျော်နေပီ ဒေးဗစ် *
သူ အာဒန့် နဖူးလေးကို ထပ်နမ်းလိုက်ပီး ထွက်လာခဲ့လိုက်သည်
သူထွက်လာတော့ mike နဲ့ nine က ပြေးလာကာ
"boss "
"မင်းတို့က..."
"ကျတော် တို့ ပါတီမှာကတည်းက အကိုလေး က မျက်နှာပျက်နေတာ ဘော့စ် အကိုလေးကို ကြည့်နေတာ အားလုံးမြင်တယ် ဒါကြောင့် သေချာပေါက် boss အပြင်ထွက်တော့မှာ သိလို့ စောင့်နေတာ"
"ဒါဆို လည်း အာဒန့် ကို စောင့်ရှောက်ထားပေး"
"ကျတော်တို့ boss နဲ့ လိုက်ပါရစေ ကျေးဇူးပြုပီး တစ်ခါလောက် ကျတော်တို့စကားကို နားထောင်ပေးပါ boss david က အရမ်း ညဏ်နီညဏ်နက်များတယ်
အကိုလေးအတွက် အစောင့်တွေကို သေချာမှာထားပါတယ် boss ကျတော်တို့ boss နဲ့ လိုက်မယ်"
ရိုင်ယန် တစ်ချက်စဉ်းစားလိုက်ပီးမှ
"ok "
သူတို့ ထွက်သွားပီး မကြာခင်မှာ အာဒန် လန့်နိုးလာပီး ဘေးကို ကြည့်လိူက်တော့ ကိုကို က မရှိ
အိပ်ယာက အေးစက်နေကာ အစကတည်းက မအိပ်ထားသလိုပင်
သူ ထိတ်လန့်စွာ "ကိုကို " အော်ခေါ်လိုက်ပေမယ့် ထူးသံမကြားရ
သေချာပီ ကိုကို တစ်ခုခုကို သိနေလို့ ဒီနေ့ သူ့ကို သက်သက် ပင်ပန်းအောင် လုပ်ပီး ထားခဲ့တာ
သူချက်ချင်း အင်္ကျီကောက်လဲကာ ထွက်ရန်ပြင်တော့ အောက်ထပ်မှာ မြင်လိုက်ရသော ဘော်ဒီဂတ်တွေကြောင့် သူထွက်လို့မရနိုင်ဖူးဆိုတာ သဘောပေါက်လိုက်သည်
သေချာတယ် ဒီမှာ ရှိနေသော bodyguard အနေအထားကို ကြည့်လျှင် ကိုကို က တစ်ယောက်တည်းသွားတာ ဖြစ်နိုင်တယ်
သူ ရင်တွေပူလောင်သွားကာ ဘာလုပ်ရမှန်းမသိဖြစ်လာစဉ် ရုတ်တရတ် တစ်ခုခုကို သူသတိထားမိခဲ့သည် သူ ထပ်ခါထပ်ခါ ကြည့်ပေမယ့် mike နဲ့nine ကိုမတွေ့ရတာကြောင့် သူတို့ ကိုကို နဲ့ ပါသွားတာဖြစ်နိုင်တယ်
ဘာဖြစ်ဖြစ် သူ တစ်ယောက်တည်း ဒီကနေ တိတ်တိတ်လေး ထွက်နိုင်ဖို့ ကြိုးစားရမည်
အပြင်ကျ taxi တစ်စီးငှားပီး သူဖတ်ထားတဲ့ လိပ်စာကို လိုက်သွားရင် ကိုကို နဲ့ တွေ့နိုင်တယ်
သူ အိမ်အနောက်ဘက်ကနေ တိတ်တိတ်လေး ပတ်ထွက်ကာ ခြံစည်းရိုးဘေးကနေ ကျော်ထွက်လာနိုင်ခဲ့သည်
သူ ခြံပြင်ရောက်တာနဲ့ ကားလမ်းဘက်ပြေးကာ ကားငှားဖို့ ပြင်တော့
မနက် ၂ နာရီလောက် အချိန်ဖြစ်တာကြောင့် ရယ် ဒီဘက်က လူပြတ်တာကြောင့် taxi တော်တော် နဲ့ ရှာမရဖြစ်နေစဉ် ကားတစ်စီး သူ့ဘေးထိုးစိုက်လာကာ
"အာဒန် ???"
သူ နာမည်ခေါ်သံကြောင့် သေချာကြည့်လိုက်တော့ အကိုထင်အောင်
"မင်း ညကြီး လမ်းပေါ်မှာ တစ်ယောက်တည်း ဘာလုပ်နေတာလဲ"
"အကို အကို ကျတော့်ကို ကူညီပါ ကျတော့်ကို တစ်နေရာလိုက်ပို့ပေးပါ " ပြောလည်းပြော ကားပေါ်လည်းတတ်ထိုင်လိုက်တော့ ထင်အောင် လည်း ကားကို စက်နိုးရင်း
"အကို ဘယ်လိုက်ပို့ပေးရမလဲ မင်း အဆင်ပြေရဲ့လား?"
"ကျတော် ကျတော့်ကို ကမ်းနားဘက်ကို ပို့ပေးပါ "
"အိုကေ ညီ မင်း အဆင်ပြေရဲ့လား လို့  မင်း အမျိုးသားကော ညီ မင်းမှာ ဘာအကူအညီဖြစ်ဖြစ် အကို့ကို ပွင့်ပွင့်လင်းလင်းပြောလို့ရတယ် အကို အရင်ကလည်း မင်းကို ကူညီဖူးတယ်လေ"
"ကျတော် အဆင်ပြေတယ် ကျတော် ကိုကို့ ကို စိတ်ပူလို့ သူနဲ့ သူ့ secretary တွေ ကျတော့်ကိုယ်စား တစ်နေရာ သွားနေတာ ကျတော် သူတို့ကို စိတ်ပူတယ် အကို ကျတော် အမြဲ ကိုကို့ဆီကို ဒုက္ခတွေဘဲ သယ်သယ် လာနေမိတယ် ကိုကို သာ တစ်ခုခု ဖြစ်ရင် ကျတော် ဘယ်လို နေရမလဲ ကိုကိုသာ တစ်ခုခုဖြစ်ရင် ကျတော် ကျတော့်ကမ္ဘာကြီး ပျက်သုန်းးသွားမှာ "
အံကို ကြိတ်ထားပီး အသံတွေ တုန်ခါနေသော အာဒန့်ကို ကြည့်ကာ ထင်အောင် စိတ်မကောင်းဖြစ်မိသည်
ဒီကောင်လေး ကို လွန်ခဲ့တဲ့ ငါးနှစ် မှာ စတွေ့ခဲ့ချိန်က ထူးထူးဆန်းဆန်း အမျိုးသားကိုယ်ဝန်ဆောင် အဖြစ်စတွေ့ခဲ့ပီး ညီလေးအရင်းတစ်ယောက်လို သူစောင့်ရှောက်ပေးခဲ့သည်
အခုလို အတိတ်မေ့ပီး အားလုံးကို မေ့နေချိန်မှာတောင် လူတစ်ယောက်တည်းကို စွဲစွဲမြဲမြဲ ချစ်ခဲ့ပီး ထိုလူကိုဘဲ ဆက်ချစ်နိုင်သောကြောင့် သူအံ့သြကာ စိတ်ဝင်စားခဲ့မိပေမယ့် အခုလို ကိုယ်တိုင်ထပ်ပီး မြင်ရချိန်မှာတေ့ာ သူအရမ်းကို ချီးကျူးမိသည်
သူတို့ရဲ့ အပြန်အလှန် တစ်ဦးပေါ်တစ်ဦးထားကြတဲ့ သံယောဇဉ်တွေ မေတ္တာတွေကို ဘေးလူတစ်ယောက်အနေနဲ့ အကုန်မြင်နေရတာကြောင့် သူတို့ကို ပိုလေးစားမိသည်
သူတို့ ကမ်းနားတစ်နေရာရောက်တော့
"အကို အကို မီးတွေ ပိတ်ပီး ဒီနားမှာရပ်ပေးပါ "
သူ အာဒန်ပြောသလို ရှေ့မီးတွေ အကုန်ပိတ်ပီး ကားကို လမ်းဘေးချရပ်လိုက်သည်
"ကျတော့်ကို လိုက်ပို့ပေးလို့ ကျေးဇူးတင်ပါတယ် အကို ဒီက နေ ပြန်လိုက်ပါ အကို "
"မရဖူး ဒီနေရာ က အရမ်းမှောင်နေတယ် အန္တရယ် တစ်ခုခု ရှိနိုင်တယ် အကို မင်းနဲ့ လိုက်ခဲ့မယ်"
"မလိုပါဖူး အကို ကျတော် တစ်ယောက်တည်း အဆင်ပြေတယ်  ကျေးဇူးပြုပီး ပြန်လိုက်ပါအကို အကို သာ တစ်ခုခု ဖြစ်သွားရင် ကျတော် ကိုယ့်ကိုယ်ကို ခွင့်လွှတ်နိုင်မှာမဟုတ်ဖူး ဖူးမေကိုလည်း ကျတော် မျက်နှာပြနိုင်မှာ မဟုတ်တော့ဖူး ကျေးဇူးပြုပီး ကျေးဇူးပြုပီး ပြန်သွားပါ အကို "
ထင်အောင်အာဒန့် မျက်နှာကို ကြည့်လိုက်တော့တစ်ကယ် အခက်တွေနေပုံ ပြန်စေချင်နေသော ပုံစံတွေကြောင့် သူပြန်ဖို့ခေါင်းညိတ်ပြလိုက်ကာ ပြန်ထွက်လာလိုက်သည်

MY CHEMICAL ROMANCE (Z+U)Donde viven las historias. Descúbrelo ahora