<<<zawgyi>>
အာဒန် သူ့ရှေမှာ ရပ်နေသော သူကို သေချာကြည့်မိသည်
အရပ်ရှည်ရှည် ကပြားဖြစ်ပုံရသော ရုပ်နဲ့ တော်တော်ချောသည့်လူပင်
"ကျတော့်ကို ဘယ်လိုသိတာလဲ"
"အွန်း အကိုက Ryan ရဲ့ ကိစ္စတွေ တော်တော်များများသိတယ်ဆိုရင်ကော"
"ကျတော်နဲ့ ကိစ္စရှိလို့လား"
"အင်း ကိစ္စဆိုတာထပ် အကိုက ရိုင်ယန် တစ်နေရာမှာ ခြေငြိမ်နေတယ်ဆိုလို့ စိတ်ဝင်စားမိရုံပါ
မင်းက ဘယ်လိုလူများလဲ လို့ "
အာဒန် သူ့ရှေ့ကလူကို မျက်မှောင်ကြုပ်ကြည့်ကာ မနှစ်မြို့သလို ခံစားလာရသည်။
ဒီလူ ဘယ်လို စကားပြောနေမှန်းမသိဖူး
"အကို ပြောစရာမရှိရင် ခွင့်ပြုပါဦး ကျတော် အလုပ်များနေလို့"
သပ်သပ် စိတ်အနှောက်အယှက်ပေးနေသလိုဘဲ
စိတ်ရှုပ်လိုက်တာ
"ညီ မင်း မသိချင်ဖူးလား သူက ဘယ်လို လူဆိုတာ"
အာဒန့် ခြေလှန်းတွေ တုန့်သွားတော့ ထိုလူက ရှေ့ကို တိုးလာကာ
"အင့် ကြည့်ကြည့်ပါ မင်းဟာမင်း ဆုံးဖြတ်ပေါ့"ဆိုကာ သူ့လက်ထဲ စာအိပ်အညို တစ်လုံးထည့်ကာ ထွက်သွားလေသည်
အာဒန် စာအိတ်ကို ကိုင်ကာ ငိုင်နေမိသည်
သူ ကြည့်သင့်လား ????
အတွေးတွေနဲ့ လွန်ဆွဲနေရင်း ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်
သူရုံးခန်းထဲဝင်ကာ စာအိတ်ကို ထုတ်ကြည့်လိုက်တော့
ဓာတ်ပုံ တွေနှင့် CD တစ်ချက် ကျလာသည်
သူဓာတ်ပုံတွေကိုကြည့်ရင်း သူ့လက်တွေ တုန်လာသည်
ဓာတ်ပုံတွေမှာ မတူညီသော မိန်းမတွေနဲ့ တူတူ အိပ်နေသော ရိုင်ယန် ပုံတွေ
တစ်ချို့ပုံတွေက သူ အုပ်စုနဲ့ ထိုးကြိတ်နေသောပုံတွေ
ပုံတွေ ကြည့်ရုံနှင့်ပင် လူဆိုးတစ်ယောက်ဆိုတာ သိနိုင်သည်
သူ ဘာလုပ်ရမလဲ?? ဒီ CD ကို သူဆက်ကြည့်သင့်လား?
ဆက်ကြည့်ဖို့ အင်အားတွေကော သူ့မှာ ကျန်သေးရဲ့လား?
အချိန်အတော်ကြာ တစ်ယောက်တည်း လွန်ဆွဲနေပီးမှ ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်
screen မှာ စပေါ်လာတာက ၁၇ နှစ်အရွယ် ထိုင်း ကျောင်းဝတ်စုံနဲ့ ကောင်လေးတစ်ယောက် က သူ့ကို မရိုက်ဖို့ ပြောနေသော မြင်ကွင်း
အံ့သြစရာကောင်းတာက ထိုကောင်လေးက သူနဲ့ ခပ်ဆင်ဆင် ဖြစ်နေခြင်းပင်
"Ryan မရိုက်နဲ့တော့ ကွာ ဒီလောက်ရိုက်နေတာ မတော်သေးဖူးလား"
"မတော်ပါဖူး ဖြစ်နိုင်ရင် မင်းကို ၂၅လောက် လိုက်ရိုက်ချင်တာ"
"တော်ပါကွာ အပိုတွေ"
"ငါ့ကို ချစ်တယ် လို့ပြော"
"မပြောရင်ကော"
"မပြောရင် မင်းမပြောမချင်း ကိုယ်က "
ကင်မရာ ကို စားပွဲပေါ်တင်ပီး ကောင်လေးဆီ ပြေးလာသော ရိုင်ယန်
ရိုင်ယန် က ထိုကောင်လေးကို ခါးမှ ဖက်ကာ ဇွတ်အတင်း လိုက်နမ်းနေတော့ ကောင်လေးက ထွက်ပြေးကာ
"ချစ်တယ် ချစ်တယ် ငါ မင်းကို ချစ်တယ် မင်းရော ငါ့ကို ချစ်လား"
"မင်းချစ်တာ ထပ်ကို မင်းကို ချစ်တယ် "
ထိုစကားကို ကြားလိုက်ရချိန် အာဒန့် နှလုံးသားထဲ သံရေပူတွေ လောင်းချလိုက်သလို သူနှလုံးသားက နာကျင်လာသည်
သူ့မျက်ဝန်းမှ မျက်ရည်တွေစီးကျလာကာ သူ့ရင်ထဲက နာကျင်လာမှု့ကို သူ သည်းမခံနိုင်တော့ စားပွဲမှာ ရှိနေသော အရာတွေကို တွန်းထုတ်ပစ်လိုက်သည်
သူ့ရုံးခန်းထဲက ကျကွဲသံတွေကြောင့်
"boss boss အဆင်ပြေရဲ့လား တစ်ခုခု ဖြစ်နေလား
ကျတော်တို့ ဝင်လာရမလား boss boss"
အာဒန် တံခါးကို ဖွင့်လိုက်ပီး တံခါးပေါက်မှာ စိုးရိမ်တကြီး ရပ်နေသော ကောင်းထက်နဲ့ သဲသဲ ကို
"ကျတော် အိမ် ခဏ ပြန်လိုက်ဦးမယ် ကျေးဇူးပြုပီး ကျတော့်အခန်းကို တစ်ချက်လောက်ရှင်းပေးပါ"
"ဟုတ် ဟင် Boss လက်မှာ သွေးတွေ ထွက်နေတယ်"
အာဒန် သူ့လက်သူ ကြည့်လိုက်တော့ လက်ဖြန်မှာ သွေးတွေ စီးကျနေသည်
"ရပါတယ် ကျတော် အဆင်ပြေတယ်"
DU LIEST GERADE
MY CHEMICAL ROMANCE (Z+U)
Romantikအမြဲ straight လို့ ခံယူထားတဲ့ ကောင်လေးတစ်ယောက် တစ်ရက်ဘဲတွေ့ခဲ့တဲ့ ယောကျာ်းတစ်ယောက်နဲ့ အတူ အိပ်ခဲ့မိပီးနောက်